Monday, December 3, 2012

နယ်စပ်ကုန်သွယ်ရေးမှ ၀င်ငွေ ဘင်္ဂလာက လစဉ် ကျေညာ၊ မြန်မာဘက်က တစ် ကြိမ်တစ်ခါမျှ ကျေညာခြင်း မရှိ

ထွန်းထွန်း

မြန်မာနိုင်ငံရဲ့ အိမ်နီးနားချင်း ဘင်္ဂလာဒေခ်ျ့ အကောက်ခွန်ဌာနဟာ မြန်မာနဲ့ ပြုလုပ် နေတဲ့ နယ်စပ် ကုန် သွယ်ရေးကနေ ရရှိတဲ့ အ ကောက်ခွန်ငွေကို လစဉ် စာရင်းအတိအ ကျ ပြုလုပ်ပြီး ထုတ်ပြန်ကျေညာပေမယ့် မြန်မာနိုင်ငံဘက်ကတော့ တစ်ကြိမ် တစ်ခါမှ ခုလို ထုတ်ပြန် ကျေညာတာ မရှိဘူးလို့ သိရပါတယ်။

မြန်မာနိုင်ငံဟာ ဒီမိုကရေစီ အသွင်းကူးပြောင်းရေးနဲ့ ပြုပြင်ပြောင်းလဲရေးကို ဦးတည် သွားနေတဲ့ ဆိုပေမယ့် အခုအချိန်ထိ နယ်စပ်ကုန် သွယ်ရေးနဲ့ ပတ်သက်ပြီး ပြည်သူ တွေ မြင်သာထင်သာရှိအောင် လုပ်ကိုင်တာမျိုး မရှိသေးဘူးလို့ ဆိုပါတယ်။

“ ဘင်္ဂလာဒေခ်ျ့ဘက်က မြန်မာနဲ့ ကုန်သွယ်တဲ့ နေရာက ရရှိတဲ့ အကောက်တော်ခွန်ကို လစဉ် ထုတ်ပြန် ကျေညာပါတယ်။ ကျွန်တော်တို့ နိုင်ငံကတော့ ဒီလို တစ်ခါမှ ကျေညာ တာကို မတွေ့ရဘူး။ ဘင်္ဂလာနဲ့ ကုန်သွယ်တဲ့ နေရာမှာ မြန်ဘက်က မြတ်သလား၊ ရှုံးသလားဆို တာကို လည်း ကျွန်တော်တို့ ပြည်သူတွေ တစ်ယောက်မှ သိရှိခွင့်မရသေးပါဘူး” လို့ နယ်စပ် ဘောင်တော် ဆိပ်ကမ်းမှာ စီးပွားရေး လုပ်နေသူ မန်နေဂျာ ဦးမောင်ခင်နုက ပြောပါတယ်။

ဘင်္ဂလာဒေခ်ျ့ နိုင်ငံဟာ မြန်မာနှင့် ကုန်သွယ်တဲ့ နေရာမှာ တက်ကနက်မြို့ နယ်စပ် ဘောင်တော် ဆိပ်ကမ်းကနေ ၂၀၁၂ ခုနှစ် နိုဝင်္ဘာ လ တစ်လတည်း အတွင်းမှာ အကောက်ခွန်ငွေ အမေရိကန် ဒေါ်လာ (၇ ဒဿမ ၈) သိန်းကျော်နဲ့ ညီမျှတဲ့ ဘင်္ဂလာ တာကာ ၆၂၄၂၂၅၉၈ ရရှိ ခဲ့တယ်လို့ ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များက လကုန်တာနဲ့ ချက်ချင်း ထုတ်ဖေါ် ကျေညာလိုက်ပါတယ်။

အခု ရရှိတဲ့ ပမာဏဟာ လစဉ် ပျှမ်းမျှ ၀င်နေတဲ့ ၀င်ငွေထက် ၆၃ သိန်းကျော် ပိုများတယ်လို့ ဆိုပါတယ်။ မြန်မာနဲ့ ဘင်္ဂလာဒေခ်ျ့နိုင်ငံ အ ကြား လစဉ် ဘင်္ဂလာဒေခ်ျ့က ရရှိနေတဲ့ ၀င်ငွေဟာ တာကာ ၅၆၁၀၀၀၀၀ ရှိတယ်လို့ ဆိုပါတယ်။

ဇွန်လက စပြီး ရခိုင် ပဋိပက္ခကြောင့် နယ်စပ်ကုန်သွယ်ရေး ပုံမှန် မလည်ပတ်နိုင်ဘဲ ရှိနေရာကနေ နိုဝင်္ဘာလမှာ နယ်စပ်ကုန်သွယ်ရေးကို ပြန် လည် ဖွင့်လှစ်လိုက်တာနဲ့ ပို့ကုန်နဲ့ သွင်းကုန်တွေ တိုးပွား လာရာကနေ ခုလို အကောက်တော်ငွေ အမြတ်အစွန်းတွေ ရရှိတာ ဖြစ် တယ် လို့ ဆိုပါတယ်။

“ မြန်မာဘက်ကတော့ လုံချည်၊ ထဘီ၊ သနပ်ခါး၊ ဇီးတော်ဖီ၊ ၀ါး၊ ကြိမ်တွေ၊ မကျည်းသီးစတဲ့ ပစ္စည်း တွေကို နတ်မြစ်ကို ဖြတ်ကျော်ပြီး မောင် တောကနေ ဒီဘင်္ဂလာကို ၀င်ပါတယ်။ ပင်လယ်ပတ်ဆိုရင်တော့ သစ်၊ ငါး၊ ဆန်၊ ကျွဲနွားနဲ့ ငါး ခြောက် တွေ နယ်စပ်ကုန်သွယ်ရေးက ၀င် တယ်” လို့ ဦးမောင်ခင်နု ပြောပါတယ်။

မြန်မာဘက်ကို ဘင်္ဂလာဒေခ်ျ့ကနေ တီရှပ်တွေ၊ ဆေးဝါးတွေ၊ အထည်စတွေ၊ မြေဆီ၊ အိမ်ဆောက်သံတွေ၊ သွပ်မိုးပြားတွေ၊ ဘိလပ်မြေ တွေ၊ လိပ်ခွံတွေ၊ သွပ်အိုး သွပ်ခွက်တွေ တင်ပို့နေကြတယ်လို့ သူက ဆက်ပြောပါတယ်။

နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံကနေ မော်တော်ဘုတ်ကြီးတွေနဲ့ ဘင်္ဂလားဒေ့ခ်ျသို့ စုစုပေါင်း ကုန်ပစ္စည်း ၁၀၆ ခေါက် တင်ပို့ခဲ့ပြီး ဘင်္ဂ လား ဒေ့ခ်ျ မှမြန်မာသို့ စုစုပေါင်း ကုန်ပစ္စည်း ၃၈ ခေါက်တင်ပို့ နိုင်ခဲ့တယ်လို့လည်း အကောက်ခွန်မင်းကြီးက ဒေသခံ သတင်းသမားတွေ ကို ထုတ် ဖေါ် ပြောဆိုပါတယ်။

မြန်မာနဲ့ ဘင်္ဂလာဒေခ်ျ့ ကုန်သွယ်ရာမှာ ၂၀၁၀- ၂၀၁၁ ခု ဘဏ္ဍာရေးနှစ်မှာ ဘင်္ဂလာဘက်မှ ပို့ကုန် ပမာဏဟာ အမေရိ ကန် ဒေါ် လာ ၉ ဒ ဿမ ၆၅ သန်းဖိုး ရှိပြီး မြန်မာက သွင်းကုန် ပမာဏဟာ အမေရိကန် ၁၇၅ ဒဿမ ၇၂ သန်းဖိုးရှိတယ်လို့ ပြောပါတယ်။ ဒီပမာ ဏဟာ ဘ င်္ဂလာဒေခ်ျ့ဘက်က တွက်ချက် ဖေါ်ပြတာ ဖြစ်ပြီး မြန်မာဘက်ကတော့ ခုလို ဖေါ်ပြတာမျိုး တကြိမ် တစ်ခါမှ မရှိဘူးလို့ ဆိုပါ တယ်။

No comments: