Thursday, December 13, 2012

မောင်တောမှာနစကနဲ့ ဘီဂျီဘီ နယ်စပ်အရေး ဆွေးနွေး

နိရဉ္စရာ

မြန်မာ အနောက်ဘက်နယ်စပ် လုံခြုံရေးကို တာဝန်ယူထားတဲ့ နစက တပ်ဖွဲ့နဲ့ ဘင်္ဂလာဒေခ်ျ့ နယ်စပ် လုံခြုံရေး တပ်ဖွဲ့တို့ မောင်တောမှာမ နေ့က တွေ့ဆုံပြီး နယ်စပ်အရေးကို ဆွေးနွေးကြတယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲမှာ နယ်စပ် ဖြတ်ကျော်ပြီး ရာဇ၀တ်မူတွေ ကျူးလွန်နေတဲ့ ကိစ္စ၊ ဘင်္ဂလာဒေခ်ျ့နိုင်ငံ သားတွေ မြန်မာနိုင်ငံမှာ ဖမ်းဆီးခံနေရတာ တွေ ပြန်ပို့ရေးကိစ္စ၊ တရားမ၀င် နယ်စပ် ဖြတ်ကျော် သွားလာနေတဲ့ ကိစ္စနဲ့ နှစ်ဘက် နယ် စပ်တလျှောက် တည်ငြိမ်ရေးနဲ့ တရား ဥပဒေစိုး မိုးရေး ကိစ္စရပ်တွေကို ဆွေးနွေးကြတယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲ အပြီးမှာ မြန်ဘက်က လွန်ခဲ့တဲ့ (၃) လခန့်က ဖမ်းဆီးခံထားရတဲ့ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား (၁၅) ဦးကို ဘင်္ဂလာဒေခ်ျ့ကို လွှဲ ပြောင်း ပေးအပ်လိုက်တယ်လို့ ဆိုပါတယ်။

No comments: