Tuesday, December 11, 2012

မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းစဉ်၊ ငြိမ်းချမ်းရေးလမ်းစဉ်တွင် လူ့အခွင့်အရေး ချိုးဖောက် မှုများ ရှိနေသေး

ခိုင်ခိုင်

မြန်မာနိုင်ငံ၏ ဒီမိုကရေစီလမ်းစဉ် တစ်နည်းအားဖြင့် ငြိမ်းချမ်းရေးလမ်း စဉ်ပြုပြင်ပြောင်းလဲလာချိန်တွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ မှာ လျော့နည်းသွားခြင်းမရှိဘဲ ပုံစံအမျိုးမျိုးဖြင့် လူ့အခွင့်အရေးချိုးဖောက်မှု များ ရှိနေသေးကြောင်း Humam Rights Defender and Promoter(HRDP) မှ ပြောကြားချက်အရ သတင်းရ ရှိသည်။

HRDPတွင် ရခိုင်ကိုယ်စားလှယ်တစ်ဦးအနေဖြင့် ၀င်ရောက်လှုပ်ရှား နေ သော ဦးမြတ်ထွန်းက "မြန်မာနိုင်ငံထဲမှာ လူ့အခွင့်အရေး ချိုးဖောက်ခံနေ ရတာတွေကသက်အရွယ်မပြည့်သေးတဲ့ကလေးတွေကိုစစ်သား၊တပ် သားစုဆောင်းမှု၊ အတင်းအားဓမ္မ လုပ်အားပေးစေခိုင်းမှု၊ လယ်ယာမြေ သိမ်းဆည်းမှု စတာတွေ ရှိနေပါတယ်။ ကလေးစစ်သား၊ တပ် သား အဖြစ် စုဆောင်းခံနေရတဲ့ နေရာတွေ အချိုးဖောက်အခံရဆုံး နေရာ တွေကတော့ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ အကျဉ်း ထောင်တွေအတွင်းမှာလည်းအခွင့်အရေးချိုးဖောက်ခံရမှုတွေရှိနေတယ်။ သူတို့က ထောင်ထဲမှာရှိတဲ့ အကျဉ်း သားတွေကို လူတွေကို လူသားတွေလို တန်ဖိုးမထားပဲနဲ့ ညှင်းပန်းနှိပ်စက်တယ်။ ထမင်းကိုလည်း ဝဝလင် လင်မကျွေးဘူး။ ထမင်းကို နပ် မှန်လည်းမကျွေးဘူး။ နိုင်ငံတော်က ထမင်းအဖြူ ကျွေးဆိုရင် သူတို့ကမကောင်းတဲ့ ဆန်စေ့ အမည်းတွေကို ချ ကျွေးတယ်။ အမဲ သားဆို ရင်လည်း တစ်ယောက်ကို ၇ ကျပ်သား ကျွေးရမယ်ဆိုရင် ၅ ကျပ် သားပဲကျွေးတယ်။ အလုပ်ကိုလည်း မတန်မဆ ခိုင်းတယ်။ ဒါတွေအား လုံးကလည်း လူ့အခွင့်အရေး ချိုးဖောက် ထားတာတွေ ဖြစ်ပါတယ်။ " ဟု ပြောသည်။

CBI (Capacity Burmese Initiative)နှင့် HRDP ( Humam Rights Defender and Promoter ) တို့ ပူးပေါင်းပြီး၊မြန်မာနိုင်ငံအတွင်းလူ့အခွင့် အရေး ချိုးဖောက်မှု ထပ်မံမဖြစ်ပွားရအောင် ကာကွယ်နိုင်ဖို့အတွက် ရည်ရွယ်ကာ လူ့အခွင့်အရေး၊ ကလေးအခွင့်အရေး (ကလေး စစ် သား စုဆောင်းမှု) နဲ့ ပတ်သက်ပြီး Workshops တစ်ခုကို ဒီဇင်ဘာလ ၆၊ ရ၊ ၈ ရက်တို့တွင် ပြုလုပ်ခဲ့ကာ မြန်မာနိုင်ငံအတွင်း လူ့အ ခွင့်အရေး ချိုး ဖောက် ခံရမှုများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိလာစေရန်၊ ပြည်သူများ လူ့အခွင့်အရေး အသိဥာဏ်များ ပိုမိုသိလာစေရန် နှင့် စွမ်းရည်မြှင့်ပေး နိုင်ရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခဲ့ကြောင်း သိရသည်။

HRDP မှ တာဝန်ရှိသူ ကိုမောင်မောင်လေးက " သင်တန်းကတော့ (၆ ၊၇ ၊၈) ဖြစ်ပါတယ်။ ကျွန် တော်တို့အဖွဲ့ထဲက ဒေသဆိုင်ရာ ခေါင်းဆောင် တွေနှင့် HRDP ပူးပေါင်းပြီးတော့ Workshop လုပ်နေတာ ပါ။ ၂၀၀၁ ခုနှစ်ကတည်းက Network အနေနဲ့လုပ်ထားတာဆိုတော့ အဓိက အပြည် ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြော်ငြာစာတမ်းပါ လူ့အခွင့်ရေးတွေနဲ့ တခြားလူ ခွင့်ရေးတွေ conventions တွေကိုသာ အဓိကထားပြီး ဆောင်ရွက်ပါတယ်။ အဲဒီ လူ့အခွင့်အရေး အသိတရားတွေကို မျှဝေခြင်း၊ ဖြန့်ဝေခြင်းနှင့် လူအခွင့်အရေး ချိုးဖောက်ခံရတဲ့ ကိစ္စတွေအပေါ်မှာ တက် စွမ်းသလောက် ကူညီပေးတဲ့ ကိစ္စဆိုပြီး နှစ်ခုလုပ် တယ်။ အဲဒီနှစ်ခု လုပ်တာဟာ လူမျိုးတစ်မျိုး၊ ဘာသာတစ်ခု၊ ဝါဒတစ်ခုအတွက် လုပ်တဲ့အ လုပ်မဟုတ်ပဲ HRDP အဖွဲ့ဝင်အနေနဲ့ လုပ်တာဖြစ်တယ်။ စစ်အ စိုးရ သက်တမ်းတလျှောက် ၂၀၀၁ ကနေ ၂၀၁၂ ထိ ဥပဒေနဲ့ထိန်းသိမ်းမှု တွေ ရှိတယ်။ ဥပဒေနဲ့ ဖမ်းဆီးမှုတွေလည်း ရှိတယ်။ အကျဉ်းစ ခန်းတွေ၊ အချုပ်စခန်းတွေမှာလည်း ညှမ်းပမ်းနှိက်စက်မှုတွေ အများကြီး ကြုံတွေ့ ရတယ်၊ နောက်တစ်ချိန်တည်းမှာပဲ ရွေးကောက်ပွဲ ကျင်း ပတဲ့အချိန် မှာလည်း မဲပေးပိုင်ခွင့် ရှိတဲ့လူတွေ၊ မဲမပေးရတဲ့ လူတွေ၊ မဲမပေးချင် ဘဲ မဲထည့်ရတဲ့သူတွေ၊ အများကြီးရှိခဲ့တယ်။ ပြီးတော့ အ တင်းအားဓမ္မ လယ်ယာသိမ်းဆည်းမှုတွေ၊ အားဓမ္မခိုင်းစေမှုတွေ၊အတင်းအားဓမ္မအရွယ် မရောက်သေးတဲ့ ကလေးသူငယ်တွေ၊ အထူးသ ဖြင့် အမျိုးသားတွေကို တပ်ထဲ ထည့်သွင်းတဲ့ ကိစ္စတွေရှိတယ်။ လူအခွင့်အရေးချိုးဖောက်မှု တွေကတော့ တော်တော်များများရှိခဲ့တာပေါ့။ အခုတိုင်းရင်းသား ဒေသတွေမှာ ဖြစ်ပျက်နေတဲ့ ပဋိပက္ခတွေရှိတယ်၊ စစ်ပွဲတွေ ဖြစ်ပျက်နေ တယ်။ အဲဒီစစ်ပွဲတွေရဲ့ နောက်ဆက်တွဲတွေ ကြောင့် အိမ်ယာမြေတွေ မတရားရွေ့ပြောင်းရတာတွေရှိတယ်၊ ယခုခေတ်ကာလကြီးထဲမှာအဲဒ မှာရှိတဲ့ လူတွေ ထောင်၊ သောင်း၊ သိန်းနဲ့ချီပြီး ရွေ့ပြောင်းရတယ်၊ အဲဒီ မှာကလေးတွေ၊ အမျိုးသမီးတွေ လုံခြုံတဲ့နေရာတွေမှာ မနေရဘူး။အဲ ဒါတွေက လူ့အခွင့်အရေးကို မတရား ချိုးဖောက်ခံရတာ ဖြစ်တယ်။ လူအခွင့်ရေး ချိုးဖောက်မှုတွေကတော့ ပုံစံမျိုးစုံ၊ နည်းလမ်းမျိုးစုံနဲ့ နေရာ မျိုးစုံမှာ တွေ့ခဲ့ရတယ်။ အရင်တုန်း ကတော့ စနစ်ရဲ့ သဘောသဘာဝ၊ အခုတော့ စစ်အုပ်ချုပ်ရေး၊ စစ်အာဏာရှင် စနစ်ပေါ့ဗျာ။ လူတစ် ယောက်၊ လူတစ်စု၊ တစ်ဖွဲ့ရဲ့ ထွက် လာတဲ့ ဥပဒေတွေနဲ့ ချမှတ်တဲ့ဥပဒေတွေ ရှိတယ်။ ဖမ်းချင်သလိုဖမ်း၊ တရားကို စီရင်ချင်သလို စီရင်တယ်၊ လုပ်ချင်သလိုလုပ်တဲ့ အခြေအ နေတွေ ဖြစ်ခဲ့တယ်။ ဒီဖက်ပိုင်းမှာတော့ အဲဒီလောက် အခြေနေတွေ ဆိုးဆိုးဝါးဝါး မရှိတော့ဘူးလို့ ပြောလို့ရ လာတယ်။ တစ်ချိန် တည်း မှာပဲ အဲဒီလောက် အခြေနေတွေ ဆိုးဆိုးဝါးဝါး မရှိတော့ဘူးဆိုပေမယ့် လူအခွင့်အရေးချိုးဖောက်ခံရမှုတွေက လုံးဝမရှိတော့ဘူး လားဆို တော့လည်း အဲလိုမဟုတ်ပါဘူး။ လူအခွင့်ရေး ချိုးဖောက်မှုတွေက အများကြီးဆက်ဖြစ်နေပါသေးတယ်။ "ဟု ပြောသည်။

သမ္မတဦးသိန်းစိန် ဦးဆောင်သည့် ဒီမိုကရေစီဖေါ်ဆောင်နေသော အစိုးရ လက်ထက်တွင်လည်း တိုင်းရင်းသား ဒေသများတွင် စစ်ရေး ပဋိပ က္ခ တွေ၊ လူမှုရေး ပဋိပက္ခများသည် အများကြီးကပ်ပါလာကာ၊ ၄င်းအပေါ်တွင် မှုတည်၍ လူအခွင့်အရေး ချိုးဖောက်မှုများဆက် လက်ဖြစ် ပေါ် နေသေးကြောင်း ကိုမောင်မောင်လေးက ဆက်ပြောသည်။

"ဒီတစ်ချက်မှာလည်း အစိုးရဖက်ကချည်း မဟုတ်ဘူးပေါ့ဗျာ။ တခြား ရင်ဆိုင်နေရတဲ့ ဘက်နှစ်ဖက် ပုံစံမျိုးပေါ့ဗျာ။တစ်ဖက်နဲ့တစ်ဖက်အပြန်အ လှန် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကြုံတွေ့နေရတယ်။ ဒါတွေက အင်မတန် ထင်ရှားတဲ့ ပုံစံမျိုးတွေပေါ့။ လူ့အခွင့်အရေး ချိုးဖောက်တယ် ဆိုတာ လူ့အခွင့်အရေးကွပ်ကဲမှုမှာက အဓိကအားဖြင့် အစိုးရများနဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေမှာ တွေ့ရတယ်။ အများအားဖြင့်တော့ လူ့အခွင့်အရေးချိုးဖောက်တယ် ဆိုကတည်းက အစိုးရကချိုးဖောက်တတ်ကြတာပေါ့ နော်။ အခြားကတော့ အလုပ်ရှင်က အလုပ်သမားအပေါ်မှာ ချိုးဖောက်တဲ့ လူ့အခွင့်အရေး၊ ပြည်သူတစ်ယောက်က ပြည်သူတစ်ယောက် အပေါ်မှာ သို့တည်းမဟုတ်၊ အမျိုးသားတစ်ယောက်က အမျိုးသ မီး တစ်ယောက်အပေါ်မှာ ချိုးဖောက်တဲ့အခွင့်အရေး စသဖြင့် ချိုးဖောက် ကြတာတွေ ရှိပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် အချို့တိုင်းရင်း သား ဒေသတွမှာ လက်နက်ကိုင်အဖွဲ့အစည်းတွေမှာလည်း လူ့အခွင့် အရေး ချိုးဖောက်မှုတွေ ရှိကြတာပါပဲ။ လူ့အခွင့်အရေး ချိုးဖောက်တယ် ဆိုတာက အစိုးရကတစ်ခုတည်းက ချိုးဖောက်တာတော့ မဟုတ် ပါဘူး။ ဒါပေမဲ့ အစိုးရနဲ့ကတော့ အများကြီးသက်ဆိုင်တာပေါ့။ အိမ်တွင်းအ ကြမ်းဖက်မှု ဆိုတာကလည်း ပြည်သူက ပြည်သူကို ချိုး ဖောက်တာပဲ။ ဘက်မျိုးစုံမှာတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေပါတယ်။ ဒီလူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကာကွယ်တဲ့နေ ရာမှာ မဖြစ်ခင်မှာ ကြိုတင်ကာကွယ်တာက အကောင်း ဆုံးနည်းလမ်းတစ်ခုပေါ့။ အဲဒီအ တွက် ကျွန်တော်တို့က ရောက်တဲ့နေရာတိုင်းမှာ လူ့အခွင့်အရေးဆိုတဲ့ အသိတရားကို များများပေးတယ်။ တကယ်လို့ ကိုယ်ကိုယ်တိုင်ကအ ခွင့်အရေးကို သိလာပြီဆိုရင် မိမိအခွင့်အရေး ကို တန်ဖိုးထားပြီး တခြားသူများရဲ့ အခွင့်အရေးကိုလည်း လေးစားတန်ဖိုးထားဖို့ အမြဲတမ်း ပြောတယ်။ ဒါကလူ့အခွင့်အရေးချိုးဖောက် မှုကို ကာကွယ်တဲ့နည်းလမ်းတစ်ရပ်လို့ ခံယူထားပါတယ်။"ဟု ကိုမောင်မောင်လေးက ပြောသည်။

မြန်မာနိုင်ငံတွင် သမ္မတ ဦးသိန်းစိန် အစိုးရသစ် ဒီမိုကရေစီလမ်းကြောင်း၊ ငြိမ်းချမ်းရေးလမ်းစဉ်ကို လျှောက်လမ်းနေပြီဟု နိုင်ငံတကာက ထင် မြင်နေကြသော်လည်း အမှန်တကယ် တိုင်းရင်းသားဒေသများတွင် ငြိမ်းချမ်းနေပြီလားဆိုသည်ကို ကြည့်ရန် လိုအပ်သေးကြောင်း၊ ရခိုင်ပြည် နယ် ပထမ အရေးအခင်းနှင့် တစ်ကျော့ပြန်အရေးအခင်းတွင် ဥပဒေစိုးမိုးမှု အားနည်းနေသေးပြီး ရခိုင်ပြည်သူများမှာ ယနေ့အချိန်ထိ စိတ် လုံခြုံမှု မရှိသေးပဲ ကြောက်ရွံ့ထိတ်လန့်စွာနဲ့ နေထိုင်ကြရသေးကြောင်း၊ ပြန်လည်နေရာချထားရေး လုပ်ငန်းစဉ်များလည်း အကောင်အ ထည် ဖော်မှု အားနည်းနေသေးကြောင်း၊ မုံရွာခရိုင်၊ ကြေးနီ လက်ပန်တောင်းတောင် ကြေးနီစီမံကိန်း သပိတ်ပွဲကို အကြမ်း ဖက်ဖြိုခွင်းမှုကြောင့် သံ ဃာတော်များကို ပြင်းထန်စွာ ဒဏ်ရာရစေခြင်းသည်လည်း မသိမသာနှင့် သိသိသာသာပင် လူ့အခွင့်အရေးကို တစ်ဖက်လှည့်နဲ့ ချိုးဖောက် နေ ခြင်း ဖြစ်သည်။

No comments: