Friday, December 7, 2012

ကမ္ဘာ အသက် အရှည်ဆုံး အမျိုးသမီးနှင့် အရပ် အရှည်ဆုံး အမျိုးသမီး တို့ကွယ် လွန်


ကမ္ဘာအသက် အရှည်ဆုံး အမျိုးသမီး အဖြစ် သတ်မှတ်ခံထားရသော အမေရိ ကန်နိုင်ငံမှ Amrican Besse Cooper သည် လွန်ခဲ့သော အင်္ဂါနေ့က ကွယ် လွန်သွားခဲ့သည်ဟု သိရသည်။

အဆိုပါ အမျိုးသမီး သေဆုံးချိန်တွင် အသက် ၁၁၆ နှစ်ရှိပြီ ဖြစ်ကြောင်း သိရ သည်။ သူမသည် ဂျော်ဂျီယာပြည်နယ် Monroe တွင်ကွယ် လွန်သွားခဲ့ သည်။

၂၀၁၁ ခုနှစ် Guinness ကမ္ဘာမှတ်တမ်းအရ သူမသည် ကမ္ဘာတွင် အသက်အ ရှည်ဆုံး အမျိုးသမီး ဖြစ်သည်ဟု ဆိုသည်။

သူမအား ၁၈၉၆ ခုနှစ် သြဂတ်စ်လ ၂၆ ရက်နေ့တွင် အမေရိကန်နိုင်ငံ Tennessee အရပ်၌ မွေးဖွားခဲ့သည်ဟု သိရသည်။

အလားတူ ကမ္ဘာအရပ်အရှည်ဆုံး အမျိုးသမီးဖြစ်သူ တရုတ်နိုင်ငံမှ Yao Defen သည်လည်း ကွယ်လွန်ခဲ့ပြီ ဖြစ်ကြောင်း တရုတ် အစိုးရ အာ ဏာပိုင်များက လွန်ခဲ့သော ဗုဒ္ဓဟူးနေ့က ကျေညာသည်။

သူမ၏ အရပ်သည် ၇ ပေ ၈လက်မထိ ရှည်ပြီး ၂၀၁၀ ခုနှစ် မှတ်တမ်းအရ ကမ္ဘာ အရပ်အရှည်ဆုံး အမျိုး သမီး အဖြစ် စာရင်းဝင်ခဲ့သည်။

သူမသည် တရုတ်ပြည် အရှေ့ပိုင်း Ahul ဒေသတွင် ကွယ်လွန်ခဲ့သည်ဟု ဆိုသည်။

No comments: