Monday, December 3, 2012

လူထုကောင်းကျိုးအတွက် ကျားဖြူ ကျားခေါင်း ပူးပေါင်း

သျှမ်းသံတော်ဆင့်

လူထုအကျိုးစီးပွားအား ထိခိုက်လာမည့် မည့်သည့်အဖွဲ့အစည်း မည့်သည့်လုပ်ငန်း မည်သည့် စီမံကိန်း မဆို ကျားဖြူ ပါတီနှင့်ကျား ခေါင်းပါ တီတို့ ပူးပေါင်းပြီးလူထုဘက်မှရပ်တည်ကာ ကန့်ကွက်ဆန့်ကျင်သွားမည်ဟု နမ့်ခမ်းကျားဖြူပါတီကဆိုသည်။

“ကျနော်တို့ နမ့်ခမ်းမြို့ တခုလုံးပါသွားနိုင်မယ့် မြေဧက ၃၅၀၀၀ ကိုသိမ်းပိုက်မယ့်စီမံကိန်း။ ဒါကို ဧပြီလ တုန်းက တခါကန့်ကွက်ပြီးပြီ။ အခု လဲ အောင်မေတ္တာကွက်သစ်ဈေးကို အဆင့်မြင့် နှစ်ထပ်ဈေးကြီး အဖြစ် ဆောက်လုပ်ဖို့ ကုမ္ပ ဏီကြီးတချို့က သမ္မတဆီစာတင်နေတယ် လို့ကြားတယ်။ ကျနော်တို့ နမ့်ခမ်းက အဲဒီ အဆင့်မရောက်သေးဘူး။ လက်ရှိမြို့မဈေးကြီး တောင်မှ လူသိပ်မစည်သေးဘူးဆိုတော့ မြို့ပြင် မှာ ဈေးသစ်ကြီး ထပ်ဆောက်ဖို့ မလိုသေးဘူး။ အဲဒါကြောင့်ကျနော်တို့ နှစ်ပါတီပူးပေါင်း ပြီး ကန့်ကွက်ရတာ ဖြစ်တယ်” ဟု နှစ်ပါတီပြော ခွင့်ရ စိုင်းထွန်းလှ ကပြောပါသည်။

အောက်မေတ္တာရပ်ကွက်ဈေးနေရာအား ခေတ်မှီဈေးကြီးအဆင့်တိုးမြင့်ရန် ကုမ္ပဏီတခုက စီစဉ်နေကြောင်း၊ ထိုဈေးကြီးလက်တွေ့အ ကောင် အထည်ဖေါ်ပါက အနီးအနားရှိလူနေအိမ်ခြေ အလုံး ၅၀ လည်း ထိုစီမံကိန်း (မြေဧက ၁၅၀၀၀) နှင့် ပါသွားနိုင်ဖွယ်ရှိကြောင်း၊ ထို ဈေး၌ ဈေး သူဈေးသားများကလည်း မိမိဆိုင်နေရာတ ကွက် အတွက် ကျပ်သိန်း ၁၀ ချီ ပေးဝယ်ထားရသောကြောင့်ဒေသခံများဆုံးရှုံး မှုများကြောင်း ပြောပါသည်။

“ကုမ္ပဏီနာမည်လဲ ကျနော်တို့အတိအကျရထားပါတယ်။ ဒါပေမယ့်ကျနော်တို့က သူတို့ကိုဘဲ ပစ် မှတ်ထားပြီး ဆန့်ကျင်တာမဟုတ်ဘူး။ ဘယ် သူမဆို လူထုအကျိုးစီးပွာထိခိုက်လာရင် ဒီနေ့ဘဲမဟုတ်ဘူး နောက် နောင်လဲ ကျနော်တို့ နှစ်ပါတီ ပူးပေါင်းပြီး ကန့်ကွက်သွားမှာ ဘဲ” - ဟု စိုင်းထွန်းလှ ကဆက်ပြောပါသည်။

နယ်စပ်ဒေသဖွံ့ဖြိုးရေးအတွက် ဧပြီလ ဆန်းပိုင်းက နမ့်ခမ်းမြို့နယ် အတွင်းရှိ မြေဧက ၃၅၀၀၀ အား ပထမအကြိမ် သိမ်းပိုက်ရန်ကြံစီမှုတွင် တရုတ် နိုင်ငံပိုင် ဟာ့ဟာ့ကုမ္ပဏီလီမီတက်၊ မြန်မာနိုင်ငံမှ ကုမ္ပဏီ ဖြစ်သည့် ဖွံ့ဖြိုးမြန်မာဆောက်လုပ်ရေး ကုမ္ပဏီလီမီတက် နှင့် မေ ဟုန်မြန် မာ စက်မှုလက်မှုထုတ်လုပ်ရေး ကုမ္ပဏီလီမီတက်တို့ ပါဝင်သည်ဟု ကော့လီမီဒီယာက ရေးသားဖူးပါသည်။

No comments: