Wednesday, December 5, 2012

ဒေါ်စု ရပ်တည်ချက် စာရေးဆရာ ကျော်ဝင်း ထောက်ခံအကြံပြု

ကိုပေါက် | ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ ၀၅ ရက် ၂၀၁၂

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကိစ္စနှင့် ပတ်သက်၍ ကြားဝင်ဆောင်ရွက်ပေးမည်ဟု ကတိပြုထားသည့် စံစမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါ် အောင်ဆန်းစုကြည် ၏ ရပ်တည်ချက်အား ထောက်ခံကြောင်း မုံရွာမြို့ခံ စာရေးဆရာ ကျော်ဝင်း က ပြောဆိုလိုက်သည်။

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် ခေတ္တရောက်ရှိနေသည့် ဆရာကျော်ဝင်း အား မဇ္ဈိမက တွေ့ဆုံမေးမြန်းစဉ်
ပြောဆိုသွားခြင်းဖြစ်သည်။

“အခုလောလောဆယ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရပ်တည်ချက်ကို သဘောကျပါတယ်” ဟုဆိုကာကြေးနီစီမံကိန်းကိစ္စ စိတ်ဝင်စားသူ တိုင်း ထည့်သွင်းစဉ်းစားသင့်သည့် အချက် ၃ ချက်ကို စာရေးဆရာကျော်ဝင်းက အကြံပြုလိုက်သည်။

တိုင်းပြည် စီးပွားရေးအကျိုးစီးပွား၊ သဘာဝပတ်ဝန်းကျင် ထိခိုက်နစ်နာနိုင်ခြေနှင့် တရုတ်ပြည်နဲ့ ဆက်ဆံရေးဖြစ်သွားနိုင်ခြေ အလားအ လား များကို ထည့်သွင်းစဉ်းစားသင့်သည်ဟု ဆိုသည်။

“ဘာ့ကြောင့်လဲဆိုတော့ တိုင်းပြည်ဖွံ့ဖြိုးရေးကလည်း ကြည့်ရသေးတာကိုး။ ကျနော်တို့တိုင်းပြည်က သိပ်နောက်ကျနေတာ။ ဒါပေမယ့် ဖွံ့ဖြိုး ရေးတခုတည်းကို ကြည့်ပြီးတော့ Enviromental (သဘာဝပတ်ဝန်းကျင်)ကို ပစ်စလက်ခက် လုပ်ရင်လည်း ရေရှည် အန္တရာယ်ရှိနိုင် တာကိုး” ဟုဆိုသည်။

ထို့ပြင် အိမ်နီးချင်းတိုင်းပြည်နှင့် သင့်မြတ်စွာနေထိုင်ရေးမှာလည်း ထည့်သွင်းစဉ်းစားရမှာဖြစ်သလို အထူးသဖြင့် တရုတ်ပြည်ကြီးနှင့် ပြေ ပြစ် ရန်လိုကြောင်း ပြောဆိုသွားသည်။

“ပွင့်ပွင့်လင်းလင်းပြောရရင် တရုတ်တွေနဲ့ အိမ်နီးချင်းဆိုတာက ပြဋ္ဌာန်းချက်ပဲ။ နေရာပြောင်းနေလို့မှ မရတာ။ အဆင်ပြေအောင် နေရမှာပဲ။ အဆင်မပြေရင် ဘာတွေဖြစ်နိုင်မလဲဆိုတာ ပြောစရာတွေ အများကြီးရှိတယ်။ ဖဲစကားနဲ့ပြောရရင် တရုတ်မှာ နိုင်ဖဲတွေ အများကြီး ကိုင်ထား တာ ရှိတယ်။ ဒါတွေကို ကျနော်တို့ ထည့်စဉ်းစားကြရမယ်” ဟု ပြောသည်။

ဆရာကျော်ဝင်း မှာ ဂလိုဘယ်လိုက်ဇေးရှင်း၊ လှိုင်းများ၊ ကမ္ဘာပြားသွားခြင်း အကြောင်းများကို ဘာသာပြန်သည့် စာရေးဆရာအဖြစ် လူ သိ များပြီး လက်ရှိတွင် သန့်မြင့်ဦး၏ Where China Meets India စာအုပ်ကို ဘာသာပြန်ဆိုနေကြောင်း သိရှိရသည်။

No comments: