Thursday, December 6, 2012

လက်ပံတောင်းတောင်ကိစ္စ ဂျာနယ်များ သတိထား ရေးသားဖော်ပြ

မေစစ်ပိုင်

လက်ပံတောင်းတောင် သပိတ်စခန်းကို အာဏာပိုင်များက အကြမ်းဖက် ဖြိုခွဲခဲ့မှုနှင့် ပတ်သက်၍ ပြည်တွင်းဂျာနယ် အများစုတွင် သုံးသပ် ဝေ ဖန်မှုများထက် သတင်းသက်သက်ကိုသာ သတိထား၍ ရေးသားဖော်ပြမှု များပြားကြောင်း သိရသည်။

ပြည်တွင်းထုတ် ဂျာနယ်အများစုတွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်သည့် သတင်းများကို ဖော်ပြ နေသော်လည်း အ များစုမှာ အဖွဲ့အစည်းများ၏ ကြေညာချက်၊ ဒေါ်အောင်ဆန်းစုကြည်၏ သတင်းစာရှင်းလင်းပွဲ၊ ပြောကြားချက်များနှင့် ဖြစ်စဉ်သတင်း တချို့ကိုသာ ဦးစားပေးဖော်ပြနေပြီး ဌာနဆိုင်ရာ မေးမြန်းချက်များနှင့် သုံးသပ်ချက်၊ ဝေဖန်ချက်၊ အာဘော်၊ ဆောင်းပါးများအပြင် ရန်ကုန် မြို့၌ ကြေးနီစီမံကိန်း ပြဿနာနှင့် ပတ်သက်၍ ဆန္ဒပြမှုတွင် ဖြစ်ပွားခဲ့သည့် ဖမ်းဆီးထိန်းမှုအကြောင်း ရေးသားဖော်ပြခဲ့ခြင်း မရှိသ လောက် နည်း ပါးသည်။

လူထုအုံကြွမှုကို အားပေးသကဲ့သို့ မဖြစ်စေရန်အတွက် လက်ပံတောင်းတောင် ကိစ္စနှင့် ပတ်သက်၍ သုံးသပ်ဝေဖန်ခြင်း မပြုလုပ်ဘဲ သ တင်း သက်သက်ကိုသာ ဦးစားပေး ဖော်ပြနေကြကြောင်း၊ စာပေစိစစ်ရေး၏ ဆင်ဆာ မရှိတော့သော်လည်း ထုတ်ဝေသည့် ဂျာနယ်၏ မူဝါ ဒနှင့် ကိုက်ညီမှုရှိစေရန်နှင့် ပဋိပက္ခ ဖြစ်စဉ်များအပေါ် မူတည်၍သာ စာမျက်နှာထက်တွင် ဖော်ပြ ကြကြောင်း၊ အမျိုးသားရေး လှုံ့ဆော်မှု ဖြစ်စေ နိုင်သဖြင့် ဖြစ်စဉ်အပေါ် သုံးသပ်ခြင်း၊ ထောက်ပြဝေဖန်ခြင်းများ မပြုလုပ်ကြကြောင်း၊ ထို့အပြင် ဌာနဆိုင်ရာက သတင်းသမားများ ၏ မေး မြန်း ချက်ကို ဖြေကြားမှု အားနည်းကြောင်း ပြည်တွင်း ဂျာနယ် ထုတ်ဝေသူ များနှင့် အယ်ဒီတာများက ပြောသည်။

“ဒီကိစ္စက လူထုနဲ့ သံဃာတော်တွေက စိတ်ထိခိုက်မှုများတဲ့ သတင်းဆိုတော့ ဘက်ပေါင်းစုံကနေ တော်တော်လေးကို သတိထားပြီး ရေးရတဲ့ အနေအထားပါ။ စိတ်ပူတာက Facebook စာမျက်နှာတွေမှာ ပြင်းထန်တာတွေလည်း ရေး နေကြတော့ ဂျာနယ်တိုက်တွေက တော်တော်လေး သတိထားပြီး ကျင့်ဝတ်အရ လုပ်နေကြတယ်” ဟု 7 Day News ဂျာနယ် အမှုဆောင် အယ်ဒီတာ ကိုအားမာန်က ပြောသည်။

ဒီဇင်ဘာ ၅ ရက်ထုတ် 7 Day News ဂျာနယ်တွင် “နောက်ကြောင်းပြန်မလှည့်ရန် အားလုံးမှာတာဝန်ရှိသည်” ဟုခေါင်းစဉ်ပေးထားသည့် လက် ပံတောင်းတောင် ကြေးနီစီမံကိန်း ပဋိပက္ခအပေါ် အစိုးရ၏ ကိုင်တွယ်မှုနှင့် ပတ်သက်၍ ရှုထောင့်ပေါင်းစုံမှ သုံးသပ်ထားသည့် ဆောင်း ပါးတ ပုဒ်ကို ဖော်ပြထားသည်။

အစိုးရ လုပ်ဆောင်ချက်အပေါ် ဝေဖန်သုံးသပ်ခဲ့သည့် 7 Day News ဂျာနယ်တွင် ပါရှိသော ဆောင်းပါးရေးသားရန် ကိုအားမာန်က အစိုး ရသ တင်း ထုတ်ပြန်ရေးနှင့် ပြည်ထဲရေး ဝန်ကြီးဌာနများသို့ ဆက်သွယ်မေးမြန်းသော်လည်း ဖြေကြားခြင်းမရှိခဲ့ကြောင်း၊ ထို့ကြောင့် ဖြစ် ပွား မှု ကြာမြင့်နေပြီး ရှုပ်ထွေးသည့် ကြေးနီစီမံကိန်း ကိစ္စတွင် စာပေစိစစ်ရေး မရှိသော်လည်း အစိုးရအပေါ် သုံးသပ်မှုများအား သတိ ထား ရေးသား ဖော်ပြခဲ့ရကြောင်း ရှင်းပြသည်။

ပြည်သူ့ခေတ်ဂျာနယ် အတိုင်ပင်ခံ အယ်ဒီတာ ဦးဖေမြင့်က “လူထုကို အသိပေးဖို့ ဂျာနယ်စာမျက် နှာမှာ ရေးသားဖော်ပြပေမယ့် တချို့ကိစ္စကို ပြင်းပြင်းထန်ထန်တော့ မရေးဘူး၊ တခုခုကို တိုက်ခိုက် ရေးသားတာမျိုးတော့ မလုပ်ဘူး” ဟု ပြောသည်။

ကြေးနီစီမံကိန်း အရေးကို ဂျာနယ်များက လွတ်လပ်စွာ ရေးသားနေသော်လည်းအကျိုးအကြောင်းနှင့်ထိန်းသိမ်းရေးသားရန်လိုအပ် ကြောင်း၊ နိုင်ငံပိုင် သတင်းစာများကလည်း အစိုးရ လုပ်ဆောင်ချက်များကိုသာ ထုတ်ပြန်နေသည့် အတွက် အစိုးရ ပြန်ကြားရေး သက် သက်သာဖြစ် နေသည်ဟု သုံးသပ်မိကြောင်း သူက ဆိုသည်။

နိုင်ငံရေးသတင်းနှင့် ဒေသန္တရ သတင်းများကို အများဆုံး ဖော်ပြလေ့ရှိသည့် The Messenger ဂျာနယ် တာဝန်ခံအယ်ဒီတာ ကိုသူရ အောင် ကလည်း ဂျာနယ်စာမျက်နှာများ ထက်၌ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အရေးများကို ဖော်ပြရာတွင် တိုင်းပြည် အကျိုး စီးပွားကို ထိ ခိုက်စေနိုင်မည့် သတင်းများ ရှောင်၍ လူထုကို ဆူပူအုံကြွမှု မရှိစေရန် အဓိကထား ဖော်ပြနေကြောင်း ပြောသည်။

ယခင် စာပေစိစစ်ရေးရှိစဉ်က ဆင်ဆာ ဖြတ်တောက် ခံရခြင်းကြောင့် ပြည်သူလူထု အနေဖြင့် သတင်း ဖြစ်ရပ်မှန်ကို မသိ ရသဖြင့် ဆုံး ဖြတ် ချက်မှန်ကို မချနိုင်ခဲ့သော်လည်း လက်ရှိတွင် လွတ်လပ်စွာ ရေးသားပြောဆိုခွင့်များ ရှိလာသည့်အတွက် သတင်းများ မှန်ကန်မှုရှိရန် နှင့် ဘက် ပေါင်းစုံမှ တင်ပြနိုင်ရန် လိုအပ်လာကြောင်း ၎င်းက သုံးသပ်သည်။

Weekly Eleven ၏ အယ်ဒီတာချုပ် ကိုဝေဖြိုးက “သတင်းကို သတင်းလိုပဲဖော်ပြတယ်။ ဆင်ဆာ ရှိလည်း ဒီအတိုင်းပဲ၊ ဆင်ဆာမရှိလည်း ဒီအ တိုင်းပဲ၊ ပြည်သူတွေ အတွက် လိုအပ်တယ် ထင်ရင် သိသင့်တာကို ဖော်ပြသွားဖို့လိုတယ်” ဟု ပြောသည်။

နေပြည်တော် တိုင်းမ်ဂျာနယ် တာဝန်ခံအယ်ဒီတာ ဦးစောလင်းအောင် ကလည်း စိစစ်ရေး၏ မူဝါဒကို သိနေသောကြောင့် သတင်း ဖော်ပြ ရာ တွင် ပြဿနာမရှိကြောင်း၊ လက်ပံတောင်းတောင် ကိစ္စကိုမူ ဖြစ်စဉ်များအပေါ် မူတည်၍ မည်သို့ ကိုင်တွယ် ဖြေရှင်းမည် ဆိုသည့် အ ချက် ကိုသာ ဦးစားပေးဖော်ပြသွားမည်ဖြစ်ကြောင်း ဆိုသည်။

လက်တလောတွင် ဂျာနယ်အရောင်းဆိုင်များ၌ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ပြဿနာများနှင့် ဆက်စပ်နေသည့် သတင်းဂျာ နယ် များကို လူထု စိတ်ဝင်စားမှု များပြားနေကြောင်း၊ အစိုးရအနေဖြင့် ကြေးနီ စီမံကိန်း ကိစ္စရပ်များ အပေါ် မည်သို့ ကိုင်တွယ်ဆောင် ရွက်လျှက် ရှိကြောင်း ပါရှိသည့် သတင်းဂျာနယ်များကို ပိုမို မေးမြန်းဝယ်ယူလိုကြကြောင်း ဆူးလေ ဘုရားလမ်းပေါ်ရှိ ဂျာနယ်ဆိုင်များမှ သိရသည်။

ရန်ကုန်သို့ ရောက်ရှိနေသော BBC သတင်းဌာန၏ မြန်မာပိုင်း အယ်ဒီတာ ကိုစိုးဝင်းသန်းက “ဒီမှာရှိတဲ့ လူငယ် သတင်းထောက်တွေက ဆင် ဆာ မရှိတော့ပေမယ့် အသားမကျသေးတော့ ထိန်းပြီး ရေးနေတာမျိုးတွေ ရှိတယ်။ သိပ်မရဲဘူး။ နည်းနည်းလေး လမ်းပွင့် လာပေ မယ့် ရေး ချင်တာ ရေးနေတာ ရှိသလို၊ စိုးရိမ်တာတွေလည်း ရှိနေတယ်” ဟု ပြည်တွင်း ဂျာနယ်တချို့၏ သတင်းရေးသား ဖော်ပြနေမှုများ အပေါ် သုံး သပ်သည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ နိုင်ငံပိုင် သတင်းစာများအနေနှင့် လူထု သိသင့်သည့် အချက်အလက်များကို ပွင့် ပွင့် လင်းလင်းချပြရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။

“ဝေဖန်ဖို့ တွန့်နေတာလား၊ ညွှန်ကြားချက်ကြောင့် လားတော့ မသိဘူး၊ မီဒီယာဆိုရင် အစိုးရဖြစ် ဖြစ်၊ ပုဂ္ဂလိကဖြစ်ဖြစ်၊ အမှန်ကို ရေးဖို့လို တယ်” ဟု သူက ဆက်ပြောသည်။

လက်ပံတောင်းတောင် သပိတ်စခန်း ဖြိုခွဲသည့် သတင်းများကို နိုင်ငံပိုင်သတင်းဌာနများတွင် ယနေ့အထိ ဖြစ်စဉ်အတိုင်း ဖော်ပြခြင်းမရှိ ဘဲ ဒုဝန်ကြီးများက လူနာများကို သွားရောက် အားပေးသည့် သတင်းနှင့် ဆရာတော်များထံမှ သြဝါဒ ခံယူသည့် သတင်းစသည့် သတင်း တချို့ကိုသာ ဖော်ပြထားကြောင်း တွေ့ရသည်။

နိုဝင်ဘာ ၂၉ ရက်နေ့က လက်ပံတောင်းတောင် သပိတ်စခန်းမှ လူထုနှင့် သံဃာတော်များကို တာဝန်ကျ ရဲတပ်ဖွဲ့က လက်နက်သုံး ဖြိုခွင်း လိုက်ရာမှ သပိတ်မှောက်သူများ မီးလောင်ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သည်။

ယခုအခါ အစိုးရက စုံစမ်းရေး ကော်မရှင်ဖွဲ့စည်း၍ ညှိနှိုင်းအစည်းအဝေး ကျင်းပနေပြီ ဖြစ်ကြောင်း ယမန်နေ့ထုတ် နိုင်ငံပိုင် သတင်းစာ များ တွင် ဖော်ပြထားသည်။

ယနေ့နံနက်တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၌ ကျင်းပသည့် လက်ပံတောင်းတောင် ကိစ္စ စုံစမ်းရေးကော်မရှင်၏ သတင်းစာရှင်း လင်း ပွဲတွင် ယင်းကော်မရှင်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များအား ဖြစ်ရပ်မှန်နှင့် နောက်ခံ အခင်းအကျင်းများကို သေ ချာ စွာ စုံစမ်းပြီးမှ မှန်ကန်စွာ ရေးသားကြရန် ပြောကြားခဲ့သည်။

No comments: