Monday, December 10, 2012

နိုင်ငံဘဏ္ဍာငွေဖြင့် လုပ်သမျှသည် ပြည်သူများ၏ ရပိုင်ခွင့်ဖြစ်

ရွှေအောင်

နိုင်ငံဘဏ္ဍာငွေနဲ့ လုပ်ကိုင်ဆောင်ရွက်ထားသမျှဟာ ပြည်သူတွေရဲ့ရပိုင်ခွင့်ဖြစ်တယ်။ ဘာကြောင့် လဲဆို တော့ နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေ ဆိုတာပြည်သူလူထုပိုင်တဲ့ငွေဖြစ်တာကြောင့်လို့ ဒေါ်အောင် ဆန်းစုကြည် က ပြောကြားလိုက်ပါတယ်။

မကွေးတိုင်း ကျောက်ပန်းတောင်းမြို့က ဒေသခံလူထုကို ဒီဇင်ဘာ ၉ ရက်နေ့က မိန့်ခွန်းပြောကြား ရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကအခုလိုထုတ်ဖော်ပြောကြား လိုက်တာ ဖြစ်ပါတယ်။

“ဘယ်တော့မဆို မှတ်ထားနော် အစိုးရသုံးသမျှဟာ နိုင်ငံပိုင် ပိုက်ဆံပဲ။ အစိုးရလုပ်ပေးလို့ဆိုပြီး ကျေးဇူးတင်ကြတယ်။ ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်တာ ကောင်းပါတယ်။ လုပ်ပေးချင်တဲ့ စေတနာ အတွက် ကျေးဇူးတင်တာ မမှားပါဘူး။ ဒါပေမယ့် ဒါဟာ ကိုယ့်ရဲ့ ရပိုင်ခွင့်တွေ ဆိုတာ မမေ့ပါနဲ့။ ဒီနိုင်ငံရဲ့ ဘဏ္ဍာငွေနဲ့ လုပ်သမျှဟာ ပြည်သူလူထုရဲ့ ရပိုင်ခွင့်တွေဖြစ်တယ်။ ဘာ လို့လဲဆိုတော့ ဒီ နိုင်ငံရဲ့ ဘဏ္ဍာငွေဟာ ပြည်သူလူထုပိုင်တဲ့ ငွေဖြစ်တယ်ဆိုတာကို ခေါင်းထဲမှာ အမြဲမှတ်ထားပါ။ ဒါကြောင့် ကိုယ့်ရဲ့ပိုက် ဆံတွေကို မှန်မှန်ကန်ကန် သုံးနေရဲ့လား ဆို တာကို ဆင်ခြင်ကြပါ။”

ဒေါ်အောင်ဆန်းစုကြည်ဟာ မကွေးတိုင်းအတွင်း ဒီဇင်ဘာ ၈ ရက်ကစလို့ ခရီးထွက်နေပြီး ဒီဇင် ဘာ ၉ ရက်နေ့မှာတော့ မကွေးမြို့၊ ရေနံ ချောင်းနဲ့ ကျောက်ပန်းတောင်းမြို့တွေမှာ လူထုနဲ့ တွေ့ဆုံ စကားပြောခဲ့ပါတယ်။

ဒီခရီးဟာ ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်ကာလက မလာဖြစ်တဲ့ မကွေးတိုင်းကို အကြွေးဆပ်တဲ့ အနေနဲ့ လာရောက်တာလို့ အမျိုးသား ဒီမို က ရေစီအဖွဲ့ချုပ်၊ တောင်တွင်းကြီးမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးအောင်ကြည်ညွန့်က ပြောပါတယ်။

“အရင်တခေါက်က မလာဖြစ်လို့။ ရွေးကောက်ပွဲမတိုင်ခင်လာမယ်ဆိုပြီး ပျက်သွားတယ်။ ပြန်အ ကြွေးဆပ်တာဗျ။ အရင်တုန်းကမသွားဖြစ်ခဲ့ လို့အခု ပြန်ပြီး အချိန်အားရတဲ့အခါမှာ နယ်မြေကိုပြန်လှည့်တာ။ အဓိကကတော့ နတ်မောက် မှာ အမျိုးသားအောင်ပွဲနေ့ အခမ်းအနား လေး ကျင်းပတယ်။ ဒေါ်အောင်ဆန်းစုကြည်က နတ်မောက် အမျိုးသားအေင်ပွဲနေ့ အခမ်းအနား ကို တတ်ရောက် မိန့်ခွန်းပြောကြားရင်း တောင်တွင်း ကြီး၊ မြို့သစ်၊ မကွေး၊ နတ်မောက်၊ ရေနံချောင်း၊ ကျောက်ပန်းတောင်း။ ကျောက်ပန်း တောင်းကနေပြီးတော့ မြောက်ဦးလေ ဆိပ်ကနေ ရန် ကုန်ကို လေယာဉ်နဲ့ ပြန်မယ်။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မကွေးတိုင်း လူထုတွေ့ဆုံပွဲတွေကို ဒေသခံလူထု ထောင်သောင်းချီ တက်ရောက်ခဲ့ကြတာ တွေ့ရတယ်လို့ ဆို ပါ တယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ကျောက်ပန်းတောင်းလူထုနဲ့ တွေ့ဆုံရာမှာ မကွေးတိုင်းထဲက လူငယ်တွေ သူ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းလို ဖြစ် အောင် ကြိုးစားကြဖို့လည်း အခုလို တိုက်တွန်းသွားပါတယ်။

“ကျမက အမြဲပဲ မကွေးဆိုတာ ကျမတို့ဆွေမျိုးတွေရဲ့ ရပ်မြေလို့ သတ်မှတ်ပါတယ်။ ဖေဖေကလည်း မကွေးမှာပဲမွေး၊ မကွေးမှာပဲပညာသင်ပြီး တော့ ရန်ကုန်တက္ကသိုလ်ကို ရောက်သွားတာပါ။ မကွေးကလူငယ်တွေကိုလည်း ဖေဖေ့လိုပဲ တိုး တက်စေချင်တယ်။ အခု ကျမ ကျောက်ပန်း တောင်းကို လာတဲ့လမ်းမှာဆိုရင် ကျောင်းစိမ်းလေးတွေ တွေ့ခဲ့ရတယ်။ ကျောင်းစိမ်းလေး တွေ၊ လူငယ်လေးတွေ တွေ့တဲ့အ ခါကျရင် ကျမရင် ထဲမှာ အင်မတန်မှ အေးတယ်။ ဘာကြောင့်လဲဆိုတော့ ဒီကလေးတွေဟာ အခုက တည်းက နေ စပြီးတော့ နိုင်ငံရေးမှာ ပါဝင်ချင်တဲ့စိတ် ဓာတ်တွေရှိတာကို ကျမ သိပ်ပြီး သဘောကျတယ်။”

No comments: