Saturday, December 1, 2012

၂၀၂၀ တွင် ထိုင်းနိုင်ငံ၌ အလုပ်လုပ်နိုင်သူ လူလတ်ပိုင်းထက် သက်ကြီးပိုင်းဦးရေ ပိုများမည်

သျှမ်းသံတော်ဆင့်

လက်ရှိထိုင်းနိုင်ငံတွင် နှစ် ၄၀ အတွင်း မွေးစာရင်းစစ်တမ်းအရ မိန်းမတယောက်ကလေးမွေးနှုန်း ၆ ဦးမှ ၂ ဦးအထိ ကျဆင်းလာနေရာ မှာ လာမည့် နှစ် ၂၀၂၀ တွင် ပင်စင်စားလူအိုပိုင်းက အလုပ်နိုင်သူ လူလတ်ပိုင်းဦး ရေထက်ပိုများလာမည်ဖြစ်ကြောင်း UNFPA အဖွဲ့ က အစီရင် ခံစာ ထုတ်ပြန်ပါသည်။

UNFPA (United Nations Fund for Population Activities) အဖွဲ့ နှင့် ထိုင်းအစိုးရ လက်တွဲပူးပေါင်း အလုပ် လုပ် ခြင်းနှစ် ၄၀ ပြည့် အစီရင် ခံစာ၌ ဖေါ်ပြပါသည်။

ထိုင်းနိုင်ငံသို့ UNFPA မရောက်ရှိမှီအချိန်က ထိုင်းနိုင်ငံ အမျိုးသမီးတဦး ၏ ကလေးမွေးနှုန်းက ၆ ယောက် ဖြစ်ပြီး လက်ရှိမှာ ၂ ယောက် အထိ ကျဆင်းလာနေကြောင်း၊ တဘက်ကအိမ်ထောင်စုစီမံကိန်း လုပ်ငန်းအောင်မြင်သည်ဟု ဆို သော် လည်း နောင်လာမည့် ၂၀၂၀ ပြည့်နှစ်တွင်မူ ပင်စင်စား သက်ကြီးဦးရေက အလုပ်လုပ်နိုင်သူ လူလတ်ပိုင်း ထက် ပိုများမည်ဖြစ် သောကြောင့် လူ့အရင်းအမြစ် စွမ်းအင် ကျဆင်းသွားမည် ဖြစ်ကြောင်း ရေးသားပါသည်။

ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ရုံးဝန်ကြီး နစ်တီထမ်းရုန်း ဘွန်းဆုံဖိုင်းဆန်က - ‘ကြုံတွေ့လာမည့် လူစွမ်း အားအခက် အခဲပြဿနာအားဖြေရှင်း နိုင် ရန်အတွက် ရွှေ့ပြောင်းအလုပ်သမားများနှင့်စပ်လျဉ်း၍ ရှံ့သာဆန့်သာသော ပေါ်လစီရှိသင့် သည်’ ဟု ပြောပါသည်။

ထို့အတွက် အသက် ၆၀ ပြည့် ဝန်ထမ်းတိုင်း ပင်စင်စားရမည်ဆိုသည့် ထိုင်းအစိုးရ၏ပေါ်လစီအားလည်း နှစ် ၆၀ အထက်သို့ပြင်ဆင် သတ် မှတ်ပေးရေးအတွက် စဉ်းစားရလိမ့်မည်ဟု UNFPA ၏အစီရင်ခံစာ၌ ပါရှိပါသည်။

ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးဌာနမှာမူ ထိုင်းနိုင်ငံသို့ရွှေ့ပြောင်းရောက်ရှိသည့် မြန်မာနိုင်ငံအလုပ်သမား များ အတွက် ယာယီနိုင်ငံကူး လက် မှတ်နှင့်အလုပ်လုပ်ခွင့်ဗီဇာ ကိုလည်း မူလမွေးဖွားရာနိုင်ငံသားစိစစ်မှု (ဖိဆွတ်ဆန်ချတ်) Nationality Verification အား ယခု လာမည့် ဒီဇင် ဘာ ၁၄ ရက်နေ့ နောက်ဆုံးထားပြီး အပြီးလုပ်ဆောင်ရမည်၊ မမှီသူများအားလုံး မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်မည် - စသဖြင့်ထုတ်ပြန် ထားပါသည်။

လက်ရှိတွင် ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ပြီး ထိုင်းနိုင်ငံအတွင်း တရားဝင်အလုပ်လုပ်ခွင့် ဗီဇာဖြင့် နေထိုင်သူ ၉ သိန်း(၈၈၆,၅၀၇ ယောက်)ခန့်သာရှိပါသည်။ ဖိဆွတ်ုဆန်ချတ်လုပ်ရန် ယာယီနိုင်ငံကူးလက်မှတ် လုပ်ဆောင်ရန် ရွှေ့ပြောင်းအလုပ်သမားဦးရေ ၁ သန်း ကျော် ရှိနေသေးသည်ဟု ယခုလနောက်ဆုံးပတ်ထုတ် ဘန်ကောက်ပို့စ် သတင်းစာက ရေးသားပါ သည်။

Wikipedia 2010 စစ်တမ်းအရ ထိုင်းနိုင်ငံတွင် လူဦးရေ ၆၅ သန်းကျော်ရှိသည်ဟုဖေါ်ပြထားပါသည်။

No comments: