Saturday, December 22, 2012

တာမွေတွင်တိုက်ပြို၊ ၁ ဦး သေ၊ ၁ ဦး ဒဏ်ရာရ

စနေလင်း

ရန်ကုန် တာမွေမြို့နယ် ကျောက်မြောင်းကြီး အထက်ရပ်ကွက်၊ ကျောက်မြောင်းလမ်းနှင့် မလွှကုန်းလမ်းထောင့် အမှတ် ၉၃ ရှိ ဖျက်လက် စ တိုက်အဟောင်း ပြိုကျရာမှ အမျိုးသမီး ၁ ဦးသေဆုံးပြီး အမျိုးသား ၁ ဦး ဒဏ်ရာရခဲ့ကြောင်း ရန်ကုန်တိုင်း မီးသတ်တပ်ဖွဲ့၏ အဆိုအရ သိရ သည်။

အဆိုပါ တိုက်အဟောင်းသည် ယနေ့ နေ့လယ် ၁ နာရီ ၅၀ မိနစ်ခန့်တွင် ပြိုကျခဲ့ခြင်းဖြစ်ပြီး ၁၀ မိနစ်ခန့် အကြာတွင် မီးသတ်တပ်ဖွဲ့ဝင် များ ရောက်ရှိလာကာ တိုက်အဟောင်း၏ အုတ်များဖြင့် ပိနေသော အမျိုးသမီးကို ရှင်းလင်း ဖယ်ရှား ကယ်ထုတ်ခဲ့ကြောင်း၊ ၂ နာရီ မိနစ် ၃၀ ခန့်တွင် ဆေးရုံသို့ ပို့ဆောင်ပေးနိုင်ခဲ့သော်လည်း လမ်းတွင် သေဆုံးသွား ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသူ အမျိုးသမီးမှာ မြောက်ဥက္ကလာပမြို့နယ်တွင် နေထိုင်သော ဒေါ်သန်းဌေးဖြစ်ပြီး လုပ်ငန်းခွင်တွင် ထမင်းချက်အဖြစ် လုပ်ကိုင် နေ သူဖြစ်ကြောင်း သိရသည်။

“ဒီအိမ်က ဟိုးအရင် နှစ်ပေါင်း ၆၀ လောက်ကတည်းက ဆောက်ထားတဲ့တိုက်ပါ။ အခုက ကန်ထရိုက်တိုက် ပြန်ဆောက်ဖို့အတွက် တိုက်အ ဟောင်းကို ပြန်ဖျက်နေတုန်း ပြိုကျတာပါ။ ကန်ထရိုက် အနေနဲ့ကလည်း မြေရှင်းလင်းမှ တာဝန်ယူ ဆောက်ရမယ့်အတွက် ကန်ထရိုက်မှာ လည်း တာဝန် မရှိပါဘူး။ တိုက်ပိုင်ရှင်က တိုက်ဖျက်ဖို့ တဦးကို ပြန်ရောင်းထားပြီးသားပါ” ဟု အဆိုပါရပ်ကွက်၏ အုပ်ချုပ်ရေးမှူး ဦးထွန်း ခင် က ပြောသည်။

နေ့လယ်ပိုင်း အချိန်တွင် ပြိုကျသံကြားသောကြောင့် ထွက်ကြည့်ရာမှ လမ်းမနှင့် အိမ်ဘေးတွင် ဖုန်လုံးကြီးများ ပိတ်မှောင် နေသည်ကို တွေ့ရကြောင်း၊ အဆိုပါ တိုက်အရှေ့ဘက်တွင် အမျိုးသမီးတဦး၏ ကိုယ်အပေါ်ပိုင်းကို အုတ်ဘောင်တန်းကြီး ပိကျနေသည်ကို တွေ့ရကြောင်း၊ ပြိုကျသောတိုက်၏ ဘေးဘက်ရှိ အမှတ် ၉၁ ကျောက်မြောင်းလမ်းတွင် နေထိုင်နေသည့် ကိုအောင်စောဦးက ဆိုသည်။

အဆိုပါ တိုက်ဖျက်နေမှုတွင် အလုပ်သမား ၆ ဦးခန့် လာရောက် လုပ်ကိုင်နေသည်ကို တွေ့ရပြီး နေ့လယ်ထမင်းစားပြီးချိန်တွင် အဆိုပါ ဖျက် လက်စ တိုက်အရှေ့၌ သေဆုံးသူ ဒေါ်သန်းဌေး အိပ်နေကြောင်း ၎င်းက ဆက်ပြောသည်။

“တိုက်ပြိုတယ် ဆိုလို့ သွားကြည့်တာ၊ အမျိုးသမီးကို တော်တော် ထုတ်ယူလိုက်ရတယ်။ ထုတ်လည်း ထုတ်ပြီးရောလူနာကားနဲ့သယ်မလို့ လုပ် နေတုန်း လှမ်းမြင်လိုက်ရတယ်။ ခေါင်းတခြမ်းက ညိုမည်းနေပြီး ညာလက်နဲ့ ခြေထောက်မှာ လည်း သွေးတွေ ပေနေတာတွေ့ရတယ်။ ထိ ခိုက်ဒဏ်ရာ ရတဲ့ အမျိုးသားကတော့ ဘာမှ သိပ်ဖြစ်တာမတွေ့ရဘူး” ဟု ရပ် ကွက် အတွင်း နေထိုင်သည့် မျက်မြင်တွေ့ရှိသူ အမျိုးသ မီး တဦးက ဆိုသည်။

ယခု ဖြစ်ပျက်မှုကြောင့် လူသေမှုဖြစ်ခဲ့သည့်အတွက် တိုက်အဟောင်းကို ဖျက်သိမ်းရန် တာဝန်ယူထားသူကို စစ်ဆေးနေပြီး အမှုဖွင့် အ ရေး ယူ ရန် ပြင်ဆင်ထားပြီးဖြစ်ကြောင်း တာမွေမြို့နယ်ရဲစခန်းမှ တာဝန်မှူးက ပြောသည်။

No comments: