Monday, December 3, 2012

မင်းပြားမြို့နယ်တွင် ဘင်္ဂလီကုလား (၂၀)ကျော် ရန်စတိုက်ခိုက်မှုကြောင့် ရခိုင် (၁)ဦး အရေးပေါ် ကုသနေရ

ခိုင်ခိုင

မင်းပြားမြို့နယ်တွင် ဒီဇင်ဘာလ ၂ရက်နေ့ ညနေ ၄ နာရီကျော်ခန့်က သေကန်ကျေးရွာနေ အဘ ဦးကျောက်စိန်အောင်၏သား ဦးမောင် သိန်း နုအသက် (၄၉)နှစ်အား ကုလားဦးရေ ၂၀ကျော်က ဝိုင်းရိုက်သဖြင့် ဒဏ်ရာ အပြင်းအထန် ရရှိသွားပြီး အရေးပေါ် လူနာအဖြစ် ကု သနေ ရ ကြောင်း သတင်းရရှိသည်။

မင်းပြားမြို့နယ်မှ ဒေသခံတစ်ဦးက "ဟုတ်ပါတယ်။ သူက စပါးရိတ်နေတုန်းမှာ ကုလားတွေက ဝိုင်း ရိုက်တာ ဖြစ်ပါတယ်။ အခု ဆေးရုံရှေ့မှာ လုံခြုံရေးတွေနှင့် စစ်တပ်တွေ ရောက်နေကြပါတယ်။ ဒဏ်ရာကတော့ ဝမ်းဗိုက်မှာ ဓါးဒဏ်ရာ (၁)ချက်ရပါတယ်။ ဆေးရုံထဲကိုတော့ ဘယ်သူမှ ဝင်ခွင့်မပေးပါဘူး။ အခု အရေးပေါ် ခွဲစိတ်ကုသနေကြပါတယ်။အခုရခိုင်ပြည်သူတွေက ကိုယ့်ပြည်နယ်မှာကိုယ်နေပြီးတော့အသတ်ခံ၊အရိုက် ခံနေရပါတယ်။ ရခိုင်ပြည်သူတွေရဲ့ စိတ်ထဲမှာ ကုလားမရှိတဲ့ နေရာတွေမှာပဲ အေး ချမ်းနေပြီးတော့ ကုလားတွေ ရှိတဲ့နေရာနားမှာ နေထိုင်ကြ တဲ့ရခိုင်ပြည်သူတွေက သူတို့ကို ကြောက်လန့်ပြီး စိုးရိမ်ထိတ်လန့် မှုတွေနဲ့ နေကြရပါတယ်။ အလုပ်ကို အေးအေးချမ်းချမ်း လုပ်လို့ မရဘူး။" ဟုပြောသည်။

ရခိုင်ပြည်နယ်တွင် မြို့နယ် (၁၇)မြို့နယ်ရှိရာတွင် ကုလားအများစုရှိနေသော နေရာများတွင် မကြာခဏ ဆူပူအကြမ်းဖက်မှုများ ဖြစ်ပေါ် နေ ပြီး ရခိုင်ပြည်သူများမှာ စီးပွားရေးလုပ်လို့မရဖြစ်နေကြသည်။ စားဝတ်နေရေးအတွက် အခက်အခဲများနဲ့ ကြုံတွေ့နေရကြရပြီး ဒုတိယ တစ် ကျော့ ဖြစ်ပေါ်ခဲ့သော ရခိုင်-ဘင်္ဂလီ အဓိကရုဏ်းတွင်လည်း ရခိုင်ပြည်သူ အများအပြား ဒဏ်ရာရပြီး၊ သေဆုံးသူများနှင့် ဒုက္ခသည် အများအ ပြား မှာလည်း ဒုက္ခသည်စခန်းများတွင် ခိုလှုံနေကြရဆဲဖြစ်သည်။ ဒုက္ခသည်များ၏ စားဝတ်နေရေးကို မြို့နယ်လူမှုအဖွဲ့အစည်း များနှင့် မြို့မိမြို့ဖများက ထောက်ပံ့နေကြရပြီး သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများမှ တစ်စုံတစ်ရာ လာရောက်ကြည့်ရှုမှုများ မရှိ သေးကြောင်း သိရ သည်။ ယခုလည်း အစိုးရအဖွဲ့အစည်းများမှ ဒုတိယအကြိမ် ပဋိပက္ခအတွင်း ပါဝင်ပတ်သက်နေသူများဟုယူဆကာ ဘ င်္ဂလီများပေးသောစရင်း အတိုင်း ရခိုင်များကိုလိုက်လံ ဖမ်းဆီးနေကြောင်း သိရသည်။ ရခိုင်ပြည်နယ်က ပထမအကြိမ် ဖြစ်ပွားခဲ့သော ပဋိ ပက္ခတွင် အစိုးရအနေနဲ့ တ ရားဥပဒေ စိုးမိုးမှုမရှိ၍ ဒုတိယတစ်ကြိမ် ထပ်မံဖြစ်ပွားခဲ့ပြီး တတိယတစ်ကြိမ် ထပ်ဖြစ်လာမည်ဆိုလျှင် နိုင် ငံတော် အစိုးရအနေနဲ့ ကမ္ဘာ့အ လယ်တွင် မျက်နှာပျက်စရာများ ဖြစ်လာနိုင်ကြောင်း ကုလား-ရခိုင်အဓိကရုဏ်းအား လေ့လာစစ်ဆေး နေသူများက ဆိုသည်။

No comments: