Wednesday, December 5, 2012

ရမ်းဗြဲ လေးတောင်က ရဲအကြောင်း ရေးလာတဲ့စာ ( ပေးစာ)


ရခိုင်ပြည်နယ်၊ ရမ်းဗြဲမို့ နယ်၊ လေးတောင် ရဲစခန်း က စခန်းမှူး ++ နဲ့  နယ်ထိန်း တပ်ဖွဲ့ ဝင် တွေ ဟာ ရဲစခန်းအပိုင် ကျေးရွာတွေ အတွင်း အကြောင်းအမျိုးမျိုးပြ ပြီး ဆက်ကြေး အကောက်တွေ ကောက်ခံ နေကြတာကြောင့် နာမည် ဆိုးနဲ့ တစ်နေ့ ထက်တစ်နေ့ ကျော်ကြား လာနေပါတယ်။ ပြည်သူတွေရဲ့ အားနည်းချက်ကို ဖေးမ ကူညီရမယ့် အစား ဖိအားပေး ခြိမ်းခြောက်ပြီး ငွေညှစ် ညစ်ပတ်ဖို့ လောက်ဘဲ သိ ပါတယ်၊

၈.၁၁.၂၀၁၂ နေ့ က ကညင်ကောက်ရွာ သား ကိုသိန်းထွန်း ဟာ မိမိဖါသာ တစ် ယောက်တည်း စီးလာတဲ့ မော်တော်ဆိုင်ကယ် မတော် တဆ တိမ်းမှောက်လို့ အ နည်းငယ်ဒဏ်ရ ရခဲ့ပါတယ်။ မိမိ ဆိုင်ကယ်ကို ဆက်လက်စီးနင်းပြီးရဲစခန်းအနီး မှာရှိတဲ့ ပြည်သူ့ ဆေးရုံ မှာ ဆေးလာထည့် စဉ် ရဲစခန်းမှူး ရောက်ရှိလာပြီး ဥပဒေ ပုဒ်မ အမျိုးမျိုးတွေနဲ့ ခြိမ်းခြောက်ပြီး ငွေညှစ်ပါတော့တယ်။ ငွေ တစ်သိန်း တောင်း ခံခဲ့ရာ ခုနှစ်သောင်းကျပ်နဲ့ အသနားခံ ဈေးပြတ်သွားကြောင်းသိရပါတယ်။

အလားတူဘဲ ကျေးရွာတွေမှာ အလှူမင်္ဂလာပွဲတွေအတွက် ၀က်ပေါ်ရင်လည်းတစ်ကောင်ကို (၁၀ ၀၀၀)ကျပ် တောင်းယူ ကောက်ခံခြင်း၊ တံငါ ပိုက်ဆိပ်တွေ အတွင်း ဧည့်စာရင်း စရိတ်၊ စက်လှေ အ၀င်အထွက် စရိတ်စတဲ့ မတော်မ လျော် ကိစ္စကြီးငယ် အမျိုးမျိုးတောင်းခံ နေကြတာက ဖြင့် ပြည်သူတွေ အတွက် ၀န်ထုပ်ကြီး တစ်ခုဖြစ်လာနေပါတယ်။ ဒီရဲစခန်းအပိုင် မှာရှိကြတဲ့ ရွာပေါင်း သုံးဆယ် လောက်ဟာ ဒီဒဏ်တွေကို အ လူးအလိမ့် ခံနေကြရပါတယ်။

နောက်တစ်ခုက သူတို့ တွေ ကိုယ်တိုင် အရက်ဆိုင်တွေဖွင့် လှစ်ရောင်းချနေတာကလည်း ဒလဟော ပါဘဲ။ ပြောပြချင်တာကတော့ ပြည်သူ တွေ ယုံကြည် အားကိုးရမဲ့ ပြည်သူ့ ဝန်ထမ်း ရဲတပ်ဖွဲ့ဝင်တွေ ဟာ နိုင်ငံ ၀န်ထမ်းတွေဖြစ်နေပြီး စည်းကမ်း ကျင့်ဝတ်တွေ အမျိုး မျိုးဖောက် ဖျက် နေကြတဲ့အတွက် ခုလို ခေတ်မီ ဖွံ့ ဖြိုးတဲ့ ဒီမိုကရေစီ နိုင်ငံကို ချီတက်နေတဲ့ သမ္မတကြီးရဲ့ အလုပ်ကို နှောင့်ယှက် နေ တာကြောင့် ထိထိ ရောက်ရောက် အရေးယူသင့်ပြီဖြစ်ကြောင်း ပြည်သူ တစ်ရပ်လုံး သိစေ အပ်ပါတယ်။

ရဲ ဒဏ်ခံရကျေးရွာသားတစ်ဦး

No comments: