Sunday, December 16, 2012

ဝမ်ဟိုင်းတွင် ရှမ်းပြည် လူငယ် ကွန်ရက် ဖွဲ့စည်း

ကော့လီ

ဒေသခံ လူငယ်များ အချင်းချင်း လက်တွဲကာ လူငယ်ဖွံ့ဖြိုးရေး၊ ဒေသဖွံ့ဖြိုး ရေး လုပ်ငန်းများ လုပ်ဆောင် နိုင်ရန် အတွက် ရှမ်းပြည်နယ် အလယ်ပိုင်းဒေ သက လူငယ်တွေ စုစည်းပြီး ရှမ်းပြည်နယ် တိုင်းရင်းသား လူငယ်များကွန် ရက် (Shan State Youth Network Committee –္ဒ္ဒြေပ်းသ္ဂ္မ်္ဒ္မူ်း္မုမ်္ပှိုငှ်ုတဿး) ကို ဖွဲ့စည်းလိုက်တယ်လိုက်တယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ် အလယ်ပိုင်းက မိုင်းရယ်၊ မိုင်းရှူး၊တန့်ယန်း၊ကျေးသီး မြို့နယ် များနဲ့ မိုင်းနောင် မြို့နယ်ခွဲက လူငယ်ပေါင်း ၁၇၀ လောက် စုစည်းပြီး ဒီဇင် ဘာလ ၁၅ ရက်နေ့က ကျေးသီးမြို့နယ် ဝမ်ဟိုင်းမှာ လူငယ် အစည်းအ ဝေး ကျင်း ပပြီး ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ လကုန်ပိုင်းက ရန်ကုန်မှာ ကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေး အတွက် ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပွဲ အကြောင်းကို လည်း တက်ရောက်လာကြတဲ့ လူငယ်များကို ရှင်းလင်း ပြောပြခဲ့သေးတယ်လို့ သိရ ပါတယ်။

ဖွဲ့စည်းလိုက်တဲ့ လူငယ်ကွန်ရက်မှာ အဖွဲ့ဝင် ၆၅ ဦးပါဝင်ပြီးတော့ ရည်ရွယ်ချက်ကတော့ လူငယ် စွမ်းရည် မြှင့်တင်ရေး၊ ဒေသတွင်း ဖွံ့ဖြိုး တိုး တက်ရေး၊ ရှမ်းပြည် လူငယ်များ ပူးပေါင်းဆောင်ရွက်နိုင်ရေး တို့ဖြစ်တယ်လို့ သိရပါတယ်။

လာမယ့် ဇန်နဝါရီလ အတွင်းမှာ အမှုဆောင်အဖွဲ့ အစည်းအဝေးများ ကျင်းပပြီးတော့ ရှေ့လုပ်ငန်းစဉ်များ ချမှတ်ပြီး လက်တွေ့ အ ကောင် အထည် ဖော်သွားမယ်လို့ သိရပါတယ်။


No comments: