Wednesday, December 19, 2012

ပတ်စပို့နှင့် ဗီဇာအတွကမလျှောက်ထားရသေး သည့်အလုပ်သ မားများအား ယခု လကုန် ဖမ်းဆီးပြန်ပို့မည်ဟု ထိုင်းအလုပ်သ မားဝန်ကြီးဌာန ကြေငြာ

သျှမ်းသံတော်ဆင့်

ယာယီနိုင်ငံကူးလက်မှတ်နှင့် နေထိုင်ခွင့်ဗီဇာအတွက် မလျှောက်ထားရသေးသည့် ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ် သမား များအား ဒီ ဇင်ဘာလကုန်၌ နေရပ်ပြန်ပို့ရန်အတွက် လိုက်လံဖမ်းဆီးမှုပြုတော့မည်ဖြစ်ကြောင်း ထိုင်းအလုပ် သမားဝန်ကြီးဌာနက ထုတ်ပြန်လိုက် သည်။

“ ကျနော်တို့ ပတ်စပို့ ဗီဇာလုပ်ဖို့ ကြေငြာပြီးကတည်းကနေ ဒီနေ့အထိ ဖိဆွတ်ဆန်ချတ်အတွက် ၂ ကြိမ် ၂ ခါတိုင်တိုင် အချိန်တွေ တိုးပေးခဲ့ပြီး ပြီ။ ဒီတခါတော့ ဒီဇင်ဘာလကုန်မှာ အလုပ်သမားကတ်ကိုင်ဆောင်ထားပေမယ့် ဖိဆွတ်ဆန် ချတ် မလုပ်ရသေးတဲ့လူ ပတ်စပို့ ဗီဇာ အလုပ် လုပ်ခွင့်လျှောက်လွှာ မတင်ရသေးတဲ့သူတွေကို လ၀က နဲ့ လုံခြုံရေးရဲတွေကနေ ထိထိ ရောက် ရောက်ရှင်းလင်းတော့မှာဖြစ်တယ်။ဖမ်းမိတာ နဲ့ ချက်ချင်း ပြန်ပို့မယ်” ဟုချင်းမိုင်မြို့ ဒုရဲမှူးကြီး ဥဒုမ်း ပီယနုဆောင်န် က ပြောသည်။

ဖိဆွတ်ဆန်ချတ်မလုပ်ရသေးသည့်အတွက် အိမ်ပြန်ပို့ခံရမည့် ရွှေ့ပြောင်းအလုပ်သမားများမှာ ထိုင်းနိုင်ငံနှင့်အဝှမ်း ၃ သိန်းခန့်ရှိနေသေး ကြောင်း ထိုင်းသတင်းဌာနကပြောသည်။

ထိုင်းနိုင်ငံချင်းမိုင်မြို့၌ ရောက်ရှိအလုပ်လုပ်နေကြသည့် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားများအနက် ဖိဆွတ်ဆန်ချတ်ခေါ်မူလမွေး ဖွား ရာနိုင်ငံသားစီစစ်မှု မလုပ်ရသေးသူများအား အချိန်မှီ လုပ်နိုင်ရေးအတွက် ဒီဇင်ဘာလ ၂၄ ရက် အထိ ဖိဆွတ်ဆန်ချတ်လုပ်ချိန်တိုး မြင့်ပေး ထားကြောင်း ထိုင်းနိုင်ငံအလုပ်သမား ဝန်ကြီးဌာနမှ ထုတ်ပြန်လိုက်သည်။

“အစက ဒီဇင်ဘာ ၁၄ ရက်နေ့အထိ နောက်ဆုံးထားပြီး စီစစ်မှုလုပ်ဖို့ပေးထားတယ်။ချင်းမိုင်မြို့မှာ ဖိဆွတ်ဆန်ချတ်မလုပ်ရသေးတဲ့လူသောင်း နဲ့ချီရှိနေသေးတယ်။ အဲတာကြောင့် ၂၄ ရက်နေ့အထိ နောက်ထပ် ၁၀ ရက်တိုးပေးတယ်။ အဲဒီနောက်ပိုင်း ဖိဆွတ် ဆန်ချတ်မလုပ်ရသေးရင် တော့ တကယ်ပြန် ပို့မယ် လို့ကြားတယ်” ဟု အလုပ်သမားများအား ဖိ ဆွတ်ဆန်ချတ်နှင့် ပတ်စပို့၊ ဗီဇာများ လျှောက်တင်ရန် အတွက် ကူ ညီပေးနေသော စိုင်းနောင့်ကပြောပါသည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ မြန်မာ၊ လာအို၊ ကမ္ဘောဒီယား အလုပ်သမား ၆၉,၅၈၈ ယောက်ရှိကြောင်း အလုပ်သမားရေးရာ ဝန်ကြီး က ထုတ် ပြန် ကြေငြာ၏။ မြန်မာပြည်မှအလုပ်သမားအများဆုံးဖြစ်ရာ ၆၉,၃၉၈ ယောက်ရှိကြောင်း ထိုအနက် ဖိဆွတ်ဆန်ချတ်ခေါ် မူလမွေးဖွားရာ နိုင်ငံ သားစီစစ်မှု မလုပ်ရသေးသည့်သူ ၂၅၉၉ ယောက်ရှိကြောင်း၊ ဗီဇာတောင်းခံပြီး အလုပ်လုပ်ခွင့်လျှောက်လွှာမတင်ရသေးသည့်သူ ၅၆၇၇ ယောက် ရှိကြောင်း ပြောဆို၏။

ထိုင်းနိုင်ငံ၌ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနိုင်ငံတို့မှ ရွှေ့ပြောင်းအလုပ်သမားများ ၁ သန်းထက်မနည်း ရှိနေကြောင်း သု သေတနပညာ ရှင် များက ခန့်မှန်းကြသည်။ မြန်မာ ၅ သိန်းကျော်၊ လာအို ၉ သောင်းနှင့် ကမ္ဘောဒီးယား ၂ သိန်းကျော်ရှ်ိ ကြောင်း ထိုင်းအလုပ်သမားဝန် ကြီးဌာ နကထုတ်ပြန်သည်ဟုလည်း ထိုင်းသတင်းဌာနကဖော်ပြထားသည်။ ထိုအနက် ဖိဆွတ်ဆန်ချတ် မလုပ်ရသေးသည့်အရေအတွက် မှာ မြန်မာ ၆ သောင်း၊ လာအို ၉ သောင်းနှင့် ကမ္ဘောဒီးယား ၁ သိန်းခွဲ ရှိနေသေးရာ ဖိဆွတ်ဆန်ချတ်မလုပ်ရသေးသည့်သူ ၃ သိန်းကျော် ရှိနေသည်ဟု လည်း အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ကြေငြာထားသည်။

ထို့ကြောင့် ဖိဆွတ်ဆန်ချတ်မလုပ်ရသေးသည့် အဆိုပါ အလုပ်သမား ၃ သိန်းကျော်အား ထိုင်းရဲများမှ လိုက်လံဖမ်းဆီးမှု မရှိရလေအောင် မိမိ အသိစိတ်ဓါတ်ဖြင့် မိမိနေရပ်သို့ အသီးသီး ပြန်ကြစေလိုကြောင်း၊ သို့သော် အပြန်ခရီးတွင်လည်း မိမိကိုယ်တိုင်အသိစိတ်ဖြင့် အိမ်ပြန် ခြင်းဖြစ် ကြောင်း လုပ်ငန်းရှင် (သူဌေး) ၏ထောက်ခံချက်ကိုပါ ရယူရမည်ဖြစ်ကြောင်းလည်း အလုပ်သမားဝန်ကြီးဌာနက ကြေငြာထား ကြောင်း ထိုင်း သတင်းဌာန၌ ဖော်ပြထားပါသည်။

No comments: