Saturday, December 22, 2012

တစ်ကိုယ်တော် စက်ဘီမာရသွန်ဦးပြူး (၆)ကြိမ်မြောက်တာဝေး စက်ဘီးစီး ခရီးစဉ် စတင်

ဒေါင်းမြရင်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ သက်ကြီးအားကစားသမား တစ်ဦးဖြစ်သည့် အသက်(၈၆)နှစ် တစ်ကိုယ်တော် စက်ဘီမာရသွန် ဦးပြူး၏ (၆)ကြိမ် မြောက် တာဝေးစက်ဘီးစီးခြင်း ခရီးစဉ်ကို စတင်ခဲ့ပြီးဖြစ်သည်။

မိုင် (၃၀၀၀) တာဝေး စက်ဘီးစီးခြင်းဖြင့် ၂၀၁၃ ခုနှစ် ဒီဇင်ဘာ(၁၁)မှ (၂၂) ရက်နေ့အထိ ကျင်းပမည့် (၂၇)ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲကြီးအား ကြိုဆိုဂုဏ်ပြုခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ နေပြည်တော်၊ရှမ်း ပြည်(တောင် ပိုင်း) ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ် အထိ ပြည်နယ်နှင့်တိုင်း (၁၀)ခုတို့မှ ဆီးဂိမ်း ပွဲကြီးအား သွား ရောက်ရန် အကြိုလှုံ့ဆော်ရေး ခရီးစဉ်လည်း ဖြစ်ကြောင်း သိရသည်။

ဦးပြူး၏ (၆)ကြိမ်မြောက် တာဝေးစက်ဘီးစီးခြင်း ခရီးစဉ်တွင် စစ်တွေမြို့ "ထွန်း" အထူးကုဆေးခန်းမှ တာဝန်ခံဆရာဝန် ဒေါက်တာ သိန်း စောထွန်းမှ " အသက်အရွယ်ကို မ ထောက်။ ကြီးမားသော ဇွဲလုံးလ၊ ၀ိရိယနှင့် ကြံ့ခိုင်ရည်တို့ဖြင့် လူငယ်များအတွက် စံပြုထိုက်သော အားက စားသမားကြီး ဦးပြူးအား ဂုဏ်ပြုပြီး ဘေးကင်းစွာဖြင့် မိမိဒေသသို့ ပြန်ရောက်လာမှာကို မျှော်လင့်နေမှာဖြစ်ပြီး ဦးပြူးအား အားကျဂုဏ် ယူ ပြီး လူငယ်များမှာလည်း စိတ်ဓါတ်ကြံ့ခိုင်မှု၊ ရည်မှန်းချက် ကြီးမားမှုတို့အား အတုယူနိုင်ပါစေလိုကြောင်း " ဆန္ဒပြုလိုက်သည်။

ဦးပြူးသည် ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှ ဒီဇင်ဘာ ၂၂ ရက်နေ့တွင် စတင်ထွက်ခွါမည်ဖြစ်ပြီး ခရီးစဉ် အစအဆုံး (၂)လ ခွဲခန့်ကြာ မည် ဖြစ်ကြောင်း သိရသည်။

တစ်ကိုယ်တော် စက်ဘီးမာရသွန်ဦးပြူးသည် ၂၀၀၀ ခုနှစ်က စစ်တွေ- ရန်ကုန်၊ ၂၀၀၁- ၂၀၀၀၂ နှစ်တွင် ပြည်နယ်နှင့်တိုင်း (၁၀)ခု၊ ၂၀ ၀၃- ၂၀၀၄ တွင် ပြည်နယ်နှင့်တိုင်း (၁၄)ခု၊ ၂၀၀၅-၂၀၀၆ တွင် ပြည်နယ်နှင့်တိုင်း (၆)ခု၊ ၂၀၀၈- ၂၀၀၉ တွင် ပြည်နယ်နှင့်တိုင်း (၁၀)ခု တို့ကို အကြိုဂုဏ်ပြုခရီစဉ်အဖြစ် ဒီဇင်ဘာလတွင် ပုံမှန် ပြုလုပ်ခဲ့ကြောင်းသိရသည်။

ဦးပြူးမှာ ကျန်းမာရေးအလွန်ကောင်းမွန်ပြီး ရခိုင်ပြည်နယ် စစ်တွေမြို့၏ ရာသက်ပန် ကြက်ခြေနီအ သင်းဝင်နှင့် မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ် ၏ အသင်းဝင်တစ်ဦးလည်းဖြစ်စေသည်။ ငယ်စဉ်က မာရသွန်အပြေးသမားတစ်ဦးဖြစ်ပြီး အ သက် (၆၀)အရွယ်မှ စက်ဘီးစီးခြင်းကို စတင် လေ့ ကျင့်ခဲ့ပြီး ၁ နှစ်ခွဲခန့်ကြာသည်အထိ တစ်နေ့လျှင် မိုင် (၂၀) ခန့်စီ လေ့ကျင့်ခဲ့ကာ အ သက် (၇၅) တွင် တာဝေးစက်ဘီးစီးခြင်းကိုစတင် ခဲ့ကြောင်းသိရသည်။

No comments: