Monday, December 3, 2012

လားရှိုးရဲတပ်ဖွဲ့ မြို့အဝင်အထွက်တွင် မိုင်းပစ္စည်းများ စစ်ဆေး ရှာဖွေ

ကော့လီ

လားရှိုးမြို့နယ် ရဲတပ်ဖွဲ့ဝင်များနှင့် ရဲအထူးတိုက်ခိုက်ရေးတပ်ဖွဲ့ဝင်များ ပူး ပေါင်းကာ ဒီဇင်ဘာလ ၁ ရက်နေ့ ညနေ ၄ နာရီမှ ည ၉ နာရီအထိ လားရှိုးမြို့အဝင်အထွက်များတွင် ဆိုင်ကယ်များကို ရပ်တံ့စေကာ မိုင်းပစ္စည်းများကို တင်း တင်း ကျပ်ကျပ် စစ်ဆေးရှာဖွေခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။

တောင်ကြီးမှာ မိုင်းနှင့် ဆက်စပ်ပစ္စည်းတွေကို ဖမ်းမိတယ်ကြားတယ်။ ဖမ်းမိ တဲ့လူကို စစ်ဆေး ကြည့်တော့ လားရှိုးကနေ ဆိုင်ကယ်ထဲ ထည့်ပြီးတောင် ကြီးကို သယ်သွားတယ်လို့ ပြောတယ်လို့ ကြားတယ်။ အခု လားရှိုးမှာလမ်း ပေါ် မှာ တွေ့တဲ့ ဆိုင်ကယ်မှန်သမျှကို အကုန်စစ်နေတယ်။ ကားပေါ်တင် လာတဲ့ ဆိုင်ကယ်ကိုတောင် စစ်တယ်။ တူးဘောက်ကိုပါ ဖွင့်ကြည့် တယ်။ ဘာမှမတွေ့ရင်တော့ ပြန်လွှတ် ပေးပါတယ် – လို့ စစ်ဆေးရှာဖွေခံရတဲ့ လူ ငယ်တစ်ဦးက ကော့လီကို ပြောပြပါတယ်။

မြို့မဈေးနှင့် ရမခတိုင်းရုံးလမ်းထောင့် တစ်နေရာ၊ နမ့်ပါချီးအထွက်မှာ တစ်နေရာ၊ သီပေါအထွက်မှာ တစ်နေရာ၊ ရပ်ကွက် ၅ ကနေ မိုင်း ဟက် ဘက်ကိုအထွက် တစ်နေရာ စုစုပေါင်း လေးနေရာမှာ တင်းတင်းကျပ်ကျပ် စစ်ဆေးနေတယ်လို့ သိရပါတယ်။ ဒီကနေ့ နေ့လယ်ပိုင်း အထိ ဖမ်းဆီးရမိတယ်လို့တော့ မကြားရသေးဘူးလို့ သိရပါတယ်။

နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးကတော့ – လက်ပံတောင်းတောင် အရေးအခင်းကို အာရုံလွှဲချင်လို့လုပ်တယ်လို့ထင်တာပဲ။ခါတိုင်း လည်း ဒီလိုပဲ လုပ်နေကျ မဟုတ်လား – ဟု သုံးသပ်ပြောဆိုပါတယ်။

No comments: