Thursday, December 20, 2012

ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ (၂)နှစ်လွန် ဂီရိမုန်တိုင်း အစီရင်ခံ ထုတ်ပြန်

မင်းသွီး

ရခိုင်ပြည်တွင် ၂၀၁၀ ခုနှစ်က တိုက်ခတ်ခဲ့သည့် ဂီရိမုန်တိုင်းကြောင့် မုန်တိုင်းဒဏ်သင့် မြို့နယ်များရှိ ဒေသခံများ ယနေ့အချိန်ထိ ကြုံတွေ့နေရသော အခက်အခဲပြဿနာများနှင့် ပက် သက်၍ ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (AHRDO)မှ "(၂)နှစ်လွန်ဂီရိမုန် တိုင်း- မြန်မာနိုင်ငံအနောက်ဘက်၊ ရခိုင်ပြည်မှ အသံများ" အမည်ရှိ အစီရင်ခံစာကို ယ နေ့ ထုတ်ပြန်လိုက်ကြောင်း သတင်းရရှိသည်။

ဂီရိမုန်တိုင်း နှစ်နှစ်ပြည့် ဤအစီရင်ခံစာတွင် ဂီရိမုန်တိုင်းမတိုက်မီနှင့် တိုက်ခတ်ပြီးနောက် ပိုင်းမှ ယနေ့အချိန်ထိ ဒေသခံများ ကြုံတွေ့ခံစားနေရသော စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေး ပြဿနာများကို အများပြည်သူများသိရှိနိုင်စေရန် အချက်အလက်များအား အသေး စိတ် စု စည်းဖော်ပြထားကြောင်း AHRDOမှ အမှုဆောင်ဒါရိုက်တာ ကိုအောင်မင်းဦးက ပြောသည်။

"ဂီရိမုန်တိုင်း တိုက်ခတ်သွားခဲ့တာ ၂ နှစ်ကြာသွားခဲ့ပြီဖြစ်ပေမယ့် မုန်တိုင်းရဲ့ဆိုးကျိုးတွေကို ပြည် သူတွေ အခုချိန်ထိ ခံစားနေရဆဲဖြစ်တယ်။ အဲဒီလို မုန်းတိုင်းဒဏ်ခံခဲ့ရတဲ့ ဒေသခံတွေ ရင်ဆိုင်နေရတဲ့ စားဝတ်နေရေး၊ စီးပွားရေး အစရှိ တဲ့ ပြဿနာ၊ အခက်ခဲတွေကို ကျနော်တို့ အမေးအဖြေတွေလုပ်ပြီးတော့ အဓိက မုန်တိုင်းဒဏ်ခံလိုက်ရတဲ့ မြို့နယ်တွေကိုကွင်းဆင်း ပြီး တော့ အချက်အလက်တွေကောက်ယူပြီး၊ အခုဒီစီအရင်ခံစာကို မြန်မာနိုင်ငံ အစိုးရနဲ့ ပါတီ အဖွဲ့အစည်းတွေအပြင် နိုင်ငံတကာ ကူညီ ကယ် ဆယ်ရေး အဖွဲ့အစည်းတွေ သိရှိနိုင်စေဖို့ ထုတ်ပြန်လိုက်ရတာ ဖြစ်ပါတယ်"ဟု အမှုဆောင်ဒါရိုက်တာ ကိုအောင်မင်းဦးက ပြောသည်။

မုန်တိုင်းတိုက်ခတ်ပြီး အရေးပေါ်အခြေအနေနောက်ပိုင်း ပြည်တွင်းနှင့် နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းများသည် မုန်တိုင်း ဒဏ် သင့်ဒေသများမှ ထွက်ခွာသွားခဲ့ပြီး ပြန်လည်ထူထောင်ရေးနှင့် ပက်သက်၍ အစိုးရကလည်း တစ်စုံတစ်ရာ တာဝန်ယူဖြေရှင်းပေးရန် ပျက် ကွက် ခဲ့သည့်အတွက် ဒေသခံများမှာ ယနေ့အချိန်ထိ ယခင်အခြေအနေကို ပြန်လည်မရောက်ရှိနိုင်သေးကြောင်း သိရှိရသည်။

"မုန်တိုင်းတိုက်ပြီးပြီးချင်းတော့ ဟိုကလာလှူ၊ ဒီကလာလှူဆိုတော့ ငတ်လို့မသေဘူး၊ အခု လှူမယ့် သူလည်းမရှိ၊ ပေးမယ့်သူလည်းမရှိတဲ့အ ပြင် ကျနော်တို့ရဲ့ လယ်ယာတွေက ဆားငန်ရေဖုံးလွှမ်းခြင်း ခံလိုက်ရတဲ့အခါကျတော့ စိုက်ပျိုး စား လို့လည်းမရတော့ဘူး။ လူတွေမှာ စီးပွား ရေးအဆင်မပြေမှုတွေကြောင့် အခု ငတ်လို့သေတာ့မယ်လို ဖြစ်နေကြပြီ။ ကျနော်တို့ ပြင်ဝန်းကျေးရွာမှာ လူဦးရေ ၃၀၀၀ လောက်ရှိတဲ့အထဲ မှာ စားဝတ်နေရေး အဆင်မပြေကြတာက ၂၀၀၀ ကျောက်လောက်ရှိတယ်။"ဟု မုန်တိုင်းဒဏ်သင့် မြေပုံမြို့နယ် ပြင်ဝန်းကျေးရွာမှ ဒေ သ ခံတစ်ဦးကပြောသည်။

ဂီရိမုန်တိုင်းသည် ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့ပြီး ၂၀၁၀ ခုနှစ်၊ အောက်တိုဘာလ (၂၂)ရက်နေ့တွင် ရခိုင်ပြည်နယ်၌ တစ်နာရီ လျှင် ၁၂၀ မှ ၁၆၀ မှိုင်နှုန်းဖြင့် မြေပုံ၊ ပေါက်တော၊ ကျောက်ဖြူနှင့် မင်းပြားမြို့နယ်များတွင် အပြင်းထန်ဆုံး တိုက်ခတ်ခဲ့ကာ ချင်းပြည် နယ်၊ မကွေး တိုင်းနှင့် မန္တလေးတိုင်းများအထိ တိုက်ခတ်ခဲ့သည်။ ဂီရိမုန်တိုင်းဒဏ်ကြောင့် ရခိုင်ပြည်သူ အနည်းဆုံး (၂၅၉)ယောက်သေ ဆုံးခဲ့ရပြီးမုန်တိုင်း ဒဏ်ခံရသည့် မြို့ရွာများတစ်လျှောက် လူနေအိမ်များ၊ စိုက်ပျိုးပြီး လယ်ယာများ၊ ရေလုပ်ငန်းများအပါအ၀င် စာသင် ကျောင်းများ၊ဘာသာ ရေး ကျောင်းများ၊ လမ်းတံတားများနှင့် (၂၀၀,၀၀၀)ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း အစီရင်ခံစာတွင် ဖော်ပြထား သည်။

No comments: