Sunday, December 9, 2012

CNF နဲ့ အစိုးရအကြား သဘောတူညီချက်လက်မှတ်ရေးထိုးတော့မည

admin

ပြည်ထောင်စု အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကိုယ်စားလှယ် များနှင့် ချင်းအမျိုးသား တပ်ဦး ငြိမ်း ချမ်းရေး ကိုယ်စားလှယ် များအ ကြား အချက် ၃၀ ပါ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး သ ဘောတူညီချက်ကို သဘောတူ လက်မှတ် ရေး ထိုးတော့မည်။

နှစ်ရက်ကြာ ငြိမ်းချမ်းရေးဆွေးနွေး ပွဲကို အဆင့်သုံးဆင့်ပါ စစ်ရေးအပါအ၀င် တိုက်ခိုက်ပစ်ခတ်မှု များရပ်ဆိုင်းခြင်း၊ ပြည် ထောင်စုအဆင့် နိုင်ငံရေးတွေ့ ဆုံဆွေးနွေးပွဲ များကျင်းပခြင်း၊ ပင်လုံ စိတ်ဓါတ်ကို အခြေခံသည့် ပြည်ထောင်စု ညီ လာခံကြီး တရပ်ကျင်းပပြီး ပြည်ထောင်စုသဘော တူ စာချုပ်တရပ်ကို ပြည်ထောင်စု အစိုးရနှင့် တိုင်းရင်းသား လူမျိုး ပေါင်းစုံ ညီညွတ် စွာလက်မှတ်ရေး ထိုးခြင်း ဖြစ်စဉ် အောက် တွင် ဆွေးနွေး ခဲ့ကြသည်။

သဘောတူညီချက်ထဲတွင် အဓိက အားဖြင့် စီအဲန်အက်ဖ်ဖက်မှ တင်ပြသည့် ချင်းအမျိုးသား ရေး ဆိုင်ရာ၊ လူ့အခွင့် အရေး ဆိုင်ရာ၊ တပ် နေရာချ ထားရေး၊ ပြည်နယ် ဖွံ့ဖြိုးရေး၊ ယဉ်ကျေးမှု ကိ စ္စရပ်များ ပါဝင်သည်ဟု သိရသည်။

သဘောတူညီချက်တချို့မှာ – ချင်းအမျိုးသားရေးဆိုင်ရာ သဘောတူညီချက်ထဲတွင် ဖေဖေါ်ဝါရီလ (၂၀) ရက်နေ့ကို ချင်းအမျိုးသားနေ့အဖြစ်၎င်း၊ ဇန္န၀ါ ရီလ (၃) ရက်နေ့ကို ချင်းပြည်နယ်နေ့အဖြစ် သတ်မှတ်ရေး ကိစ္စ ပြည်နယ် အစိုး ရမှဆောင်ရွက်ရေး၊လူ့အခွင့်အရေး ဆိုင်ရာနှင့် ပါတ်သက်ပြီး ချင်းပြည်နယ်တွင် လူ့အခွင့်အရေးချိုးဖောက်မှု ပပျောက်ရေး အတွက် ချင်း လူ့ အခွင့်အရေးကော်မီတီဖွဲ့စည်း ပြီးမြန်မာ နိုင်ငံ လူ့အခွင့် အရေးကော် မရှင်နဲ့ လက်တွဲအကောင်အ ထည်ဖော်ရေး၊ စစ်ဖက်ဆိုင်ရာ နှင့် ပါတ်သက်ပြီး ချင်းပြည်နယ်တွင် အစိုးရတပ်မတော် နှင့် ချင်းအမျိုးသားတပ်မတော်က လွဲပြီး မည်သည့် လက်နက်ကိုင်အဖွဲ့အစည်း များ အခြေချခွင့် မပြုရေး၊ ယဉ်ကျေးမှု ဆိုင်ရာနှင့် ပါတ်သက် ပြီး ချင်းအမျိုးသားတို့၏ ယဉ်ကျေးမှု၊ ရိုးရာဓလေ့များကို ထိန်းသိမ်း မြှင့်တင် နိုင် ရေးအ တွက် ချင်းယဉ်ကျေးမှု အ ဆို၊ အက၊ အရေး၊ အတီး သင်တန်းကျောင်းများကို ချင်းပြည်နယ်တွင် ဖွင့်လှစ်ခွင့်ပြုရေး တို့ ဖြစ် သည်။

ချင်းအမျိုးသားတပ်ဦး ငြိမ်းချမ်းရေးကိုယ်စားလှယ်များသည် ဒီဇင်ဘာလ ၉ ရက်နေ့မှ ၁၂ ရက်နေ့အထိ ရန်ကုန်မြို့ရှိ ချင်းမိဘပြည်သူ များ၊ နိုင်ငံရေး ပါတီများ၊ လူမှုအသင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးကြမည်ဟု ပြောကြသည်။

ချင်းအမျိုးသားတပ်ဦး နှင့် ပြည်ထောင်စု အစိုးရ တို့သည် ယခုနှစ် ဇန္န၀ါရီ တွင် ပြည်နယ်အဆင့်၊ မေလတွင် ပြည်ထောင်စု အဆင့် ၊ ယခု လ ဒီဇင်ဘာ ၇ -၈ ရက်နေ့ တွင်ပြည်ထောင်စု အဆင့် ဆိုပြီး သုံးကြိမ်တွေ့ဆုံဆွေးနွေး ခဲ့ကြသည်။

No comments: