Monday, December 10, 2012

KIA နှင့် အစိုးရတပ်တို့ လက်နက်ကြီးတိုက်ပွဲဖြစ်နေ

သျှမ်းသံတော်ဆင့်

KIO ဋ္ဌာနချုပ် တည်ရှိရာ တရုတ်နယ်စပ်အနီး လိုင်ဇာမြို့တစ်ဝိုက်တွင် ယခုလ ၈ ရက်နေ့မှ ယနေ့အထိ KIA နှင့် အစိုးရတပ်တို့ အကြား နှစ် ဘက် လက်နက်ကြီးများဖြင့် အပြန်အလှန် ပစ်ခတ်နေကြောင်း သိရသည်။

ယခုလ ၈ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲခန့်က အဆိုပါ ဋ္ဌာနချုပ်လိုင်ဇာနှင့် ၆ မိုင်ခန့်အကွာရှိ မန်မော်ရွာ အနီးတွင် နှစ်ဘက် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွား ခဲ့ရာ တုန်ဖုန်းယန်မြို့နယ်ခွဲ ခမ်းကိုင်ရွာ အခြေစိုက် အစိုးရအမြောက်တပ်ရင်း မှ လိုင်ဇာမြို့သို့ လက်နက်ကြီးများဖြင့်စတင်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အစိုးရတပ်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည်များ လိုင်ဇာမြို့ နောက်ကျောတစ်ဝိုက် ကျရောက်ပေါက်ကွဲ ခဲ့ပြီး KIA ဘက် မှလည်း ၁၂၀ မမ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်သဖြင့် ယနေ့အထိ နှစ်ဘက် လက်နက်ကြီး တိုက်ပွဲ ဖြစ်ပွား နေကြောင်း လဂျာယန်ရွာ အခြေစိုက် AB SDF ကျောင်းသားတပ်မှ တပ်မှူး တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“စကခ ၃ လက်အောက်ခံတပ် ၊ အင်အား ၂၀၀ ကျော်လောက်က ခလရ ၄၀ ကို အင်အားလာထပ် ဖြည့်တာ။ လိုင်ဇာကို ဦး တည်လာတာပေါ့။ လိုင်ဇာနားက မန်မော်ရွာထဲမှာ လာထားသွားတာ အဲဒီရွာထဲမှာပဲ စစ်တပ်က နှစ်ခြမ်းခြမ်း ပြီး နေထား တာ ။ အဲဒီအင်အားလာဖြည့်တဲ့တပ်နဲ့ တိုက်ပွဲစဖြစ်တော့ ခမ်းကိုင်အမြောက်တပ် ကနေ လက်နက်ကြီးတွေနဲ့ လိုင်ဇာကို လှမ်း ပစ်တယ် ” ဟု သူက ဆိုသည်။

KIA ဘက်မှလည်း ၁၂၀ မမ အမြောက်များဖြင့် ခမ်းကိုင်အမြောက်တပ်ရှိရာဆီသို့ ပြန်လည်ပစ်ခတ်နေရာ လက်နက်ကြီး ကျည်များ ၄င်း အ မြောက်တပ်အတွင်း ကျရောက်ပေါက်ကွဲကာ မီးလောင်မှုများ ဖြစ်ပွားနေ ကြောင်း ယနေ့တွင် ဗန်းမော်မြို့မှ အစိုးရတပ် အင်အား ၂၅၀ ခန့် လိုင်ဇာဘက်သို့ ထပ တက်လာကြောင်း ၄င်းတပ်မှူးက ဆက်ပြောသည်။

No comments: