Thursday, December 20, 2012

KIA တပ်ရင်း၃နှင့်ဖြစ်သောတိုက်ပွဲတွင် မြန်မာစစ်သား ၁၂ ဦးကျော် ကျ

KNG

ယမန်နေ့ ဒီဇင်ဘာ ၁၈ ရက်နံနက်ပိုင်း ဝိုင်းမော်မြို့နယ်တွင်အခြေစိုက်သည့် ကချင်လွတ်မြောက် ရေးတပ်ဖွဲ့ KIA တပ်ရင်း ၃ နှင့်မြန်မာအစိုးရ တပ်များ တိုက်ပွဲနှစ်နေရာဖြစ်ပွားရာတွင် အစိုးရဖက်မှ တပ်သား ၁၂ ဦးကျော် သေဆုံးပြီး အတော်များများ ဒဏ်ရာရရှိကြောင်း ဒေသခံများ ပြောသည်။

KIA ဖက်မှလည်း ၁ ဦးဒဏ်ရာရရှိကြောင်း KIA တပ်ရင်း ၃ သတင်းရပ်ကွက်မှပြောသည်။

မြစ်ကြီးနား-ကန်ပိုင်တီ လမ်း ဝါးရှောင်ကျေးရွာအနီး အစိုးရတပ်မှ အခွန်ကောက်ခံသောနေရာ Bum Tawng ဂိတ်အား KIA တပ်များ သည် နံ နက် ၇နာရီခန့်တွင် အဝေးထိန်းမိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ဂိတ်စခန်းနှင့်အတူ တပ်သား ၃ ဦးသေဆုံးခဲ့သည်ဟု KIA သ တင်းရပ်ကွက်မှ ဆိုသည်။

ကန်ပိုင်တီလမ်းပေါ်ရှိ KIA တပ်များ၏စခန်း နှစ်ခုမှ တစ်ခုဖြစ်သော Bum Tawng စခန်းသည် ယခင်နှစ် နိုဝင်ဘာလဆန်းပိုင်းတွင် မြန်မာ အ စိုးရတပ် သိမ်းယူခဲ့သော စခန်းဖြစ်သည်။ ထိုအချိန်မှစ၍ မြန်မာအစိုးရတပ်သည် Bum Tawng ဂိတ်စခန်း ဖွင့်ကာ ခရီးသွားပြည်သူ လူထုများ ထံမှ ငွေကြေးများ မတရားကောက်ခံခဲ့သည်။

ထို့နောက် ၁၁နာရီခန့်တွင် စစ်ကူအနေဖြင့် Sambai မှ Ga Ra Yang သို့ချီတက်လာသော မြန်မာအစိုးရစစ်ကြောင်းကို လမ်းတစ်ဝက်မှ KIA တပ်ရင်း ၃ တပ်သားများတိုက်ခိုက်ခဲ့ရာတွင် မြန်မာစစ်သား ၁၀ ဦးကျော် ထပ်မံသေဆုံးကာ အတော်များများ ဒဏ်ရာရရှိကြောင်းကို လည်း သိရှိရသည်။

ထိုကဲ့သို့ မြန်မာအစိုးရတပ်မှ အကျအဆုံးများခြင်းကြောင့် ၀ိုင်းမော်မှ စစ်ကူ စစ်ကားအစီး ၂၀ သည် ယခုချိန် မြစ်ကြီးနား-ဗန်းမော်လမ်း Ga Ra Yang ကျေးရွာအနီး ရွှေညှောင်ပင်တွင် ရောက်ရှိနေကြောင်းကို မျက်မြင်တစ်ဦးက ပြောသည်။

မြန်မာအစိုးရ သမ္မတဦးသိန်းစိန်သည် KIO အား ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလှမ်းနေသော်လည်း နိုဝင်ဘာလက အောက်မြန်မာပြည် မှ စစ်အင်အားထောင်ပေါင်းများစွာကို ကချင်ပြည်နယ်သို့ ပို့ထားခဲ့သည်။

No comments: