Tuesday, December 11, 2012

RCSS/SSA ဖမ်းဆီးရမိသော ယာဘဆေးပြားသောင်းချီအား တရုတ်အစိုးရလက် လွှဲအပ်

သျှမ်းသံတော်ဆင့်

သျှမ်းပြည်တပ်မတော် RCSS/SSA မှ ဖမ်းဆီးရမိသော ယာဘဆေးပြား ခုနှစ်သောင်းကျော်ကို ယခု အပတ်တနင်္ဂနွေနေ့က တရုတ်အစိုး ရထံ လွှဲအပ်ပေးလိုက်ပြီဖြစ်ကြောင်း သျှမ်းပြည်မြောက် ပိုင်းသတင်းရပ်ကွက်ကဆိုပါသည်။

တရုတ်နိုင်ငံသို့ ယာဘနှင့်မူးယစ်ဆေးဝါးများ သယ်ယူပို့ဆောင်သော တန့်ယန်း မိုင်းကောင် ပြည်သူ့စစ်အဖွဲ့ဝင်အား သျှမ်းပြည်ပြန်လည် ထူ ထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော်၏ နမ့်ခမ်းမြို့ တရုတ်နယ်စပ်အခြေစိုက် အမှတ် ၇၀၁ စစ်ဒေသမှ ဖမ်းဆီးရမခဲ့ပြီး မူးယစ် ဆေးဝါး များအား ဒီဇင်ဘာ ၉ ရက်နေ့က အခမ်းအနားဖြင့် တရုတ်အစိုးရထံသို့ လွှဲပြောင်းပေးခဲ့သည်ဟု RCSS/SSA အမှတ် ၇၀၁ တပ်မှူး တဦးက ပြောသည်။

“ ဒီဇင်ဘာ ၉ ရက် မွန်းလွဲ ၂ နာရီခွဲက ကျနော်တို့ တရုတ်အစိုးရလက်ကို အပ်လိုက်ပြီ။ မြို့ခံလူထုကို ဖိတ်ခေါ်ပြီး သက်သေ လုပ်ခိုင်းတယ်။ ယာဘအပြားပေါင်း ၇ သောင်း နဲ့အတူ ဖမ်းမိပစ္စည်းတွေပေါ့။ ဒီမူးယစ်ဆေးတွေသယ်ပေးတဲ့လူက ဦးစိုင်းလူ ခေါ် အိုက်လွယ်ဆုံ ။ မိုင်းကောင် လားဟူအထူးတိုက်ခိုက်ရေးရဲ/ဌာနေပြည်သူ့စစ် တပ်ဖွဲ့ကထောက်ခံစာနဲ့သွားလာတာတဲ့” ဟု အမည်မဖော်လိုသည့် RCSS/SSA တပ်မှူးတ ဦးကပြောသည်။

စိုင်းလူအား နိုဝင်ဘာလ ၉ ရက်နေ့က မီဇူဘီရှီ ဗင်ကားတစီးနှင့်အတူ ယာဘအပြားပေါင်း ၇၀,၀၀၀ ဖြင့် သျှမ်းပြည်တပ်မ တော်က နမ့် ခမ်းမြို့နယ်အတွင်း ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်သည်ဟုဆိုပါသည်။ ၎င်းသည် လားဟူအထူးတိုက်ခိုက်ရေးရဲ/ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ခေါင်း ဆောင် ဦးကျာညီး ( ဂျညီး) နှင့် စီးပွါး/ဆက်ဆံရေးတာဝန်ခံ ခွန်ညွန့်တို့၏ ထောက်ခံချက် လက်မှတ်ကိုကိုင်ဆောင်ကာ ယာဘများ သယ် ဆောင် ပေးခဲ့ခြင်းဖြစ်သည်ဟု ထွက်ဆိုကြောင်း အဆိုပါတပ်မှူးကပြောသည်။

“သူက မိုင်းရယ်ကနေ လားရှိုး သိန္နီ ကွတ်ခိုင် ၁၀၅ မိုင်ဂိတ်ကိုတောင် ဖြတ်သန်းလာနိုင်ခဲ့တယ်။ မိုင်း ကောင်အဖွဲ့ထဲက ပစ္စည်းကို သယ်ပေး တာလို့တော့ ထွက်ချက်ပေးတာဘဲ” ဟုဆိုပါသည်။

တန့်ယန်းမြို့နယ် မိုင်းကောင်အခြေစိုက် ဂျညီးနှင့် ဂျကွယ်တို့ဦးဆောင်သော ပြည်သူ့စစ်တပ်ဖွဲ့သည် မြန်မာအစိုးရ၏ စစ်တိုင်းမှူး ၊ တပ် ရင်းမှူး များနှင့်အထူး ရင်းနှီးဝင်ရောက်ခဲ့ကြသည်ဖြစ်ရာ အခွင့်အရေးများအထူးရရှိကာ တန့်ယန်း မိုင်းရယ် မြို့နယ်အတွင်း လှုပ်ရှားနေခဲ့ သည့်ဌာန ပြည်သူ့စစ်အဖွဲ့ဖြစ်သည်။ ဒေသခံရွာသားများထံမှလည်း ကောက်ယူမှုများ မပြတ်ရှိနေသဖြင့် သျှမ်းပြည် တပ်မတော်နှင့် မကြာ ခဏ ပစ်ခတ် မှုများဖြစ်ပွါးနေခဲ့ရသော အဖွဲ့လည်းဖြစ်ပါသည်။

No comments: