Monday, December 10, 2012

UWSA ဌာနချုပ် ‘ပန်ဆန်း’ ၌ ကျင်းပသည့် ‘သျှမ်းနှစ်သစ်ပွဲ’ နာမည်ထည့်ခွင့်မရ

မွေခေါဝ်

ဝ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ဌာနချုပ်ဖြစ်သော သျှမ်းပြည်အရှေ့ပိုင်း ပန်ဆန်း မြို့၌ ကျင်းပသည့် သျှမ်းနှစ်သစ် ကြိုဆို ပွဲအား ‘သျှမ်းနှစ်သစ်ကူးပွဲ’ ဆိုသည့်အမည်တပ်ခွင့်မရကြောင်း ဒေသခံများက ပြောပါသည်။

“ကောင်းမူးလုံပွဲလို့ဘဲ နာမည်တပ်ခိုင်းတယ်။ သျှမ်းနှစ်သစ်ကူးပွဲလို့ နာမည်မတပ်ရတော့ စိတ်ပျက် မိတယ်။ တခြားရိုးရာပွဲတွေတောင်လုပ် သေး တာဘဲ။ နောက်ဆိုသျှမ်းရိုးရာဓလေ့တွေ ပျောက်သွားမှာကို စိုးရိမ်လို့ပြောတာ။” - ဟု ပန်ဆန်းလူငယ်တစ်ဦးက ပြောပါသည်။

စစ်အစိုးရလက်ထက် ထောက်လှမ်းရေးခေတ်က ဗိုလ်ချုပ်ခင်ညွန့်မှ အဆိုပါမြို့တွင်းရှိ ကောင်းမူးလုံ စေတီအား ရွှေတိဂုံပုံတူစေတီ ပြင် ဆင် မွမ်း မံကာ ထီးတော်ပြန်တင်ထားခဲ့သည်။

ဝ ထိန်းချုပ်နယ်မြေ ပန်ဆန်းမြို့ရှိ သျှမ်းရွာများဖြစ်သည့် ကောင်းဟုန်းရွာ၊ ကောင်းမူးရွာ၊ နားလောတ်ရွာ၊ကျူဟဲ့ရွာ၊ဟတ်ဇုံးရွာနှင့်နမ့် တောင်း (ဝ်း)ရွာတို့စုပေါင်း၍ ဒီဇင်ဘာ ၁၂ ရက် မှ ၁၄ ရက်ထိ သျှမ်း နှစ်သစ်ကူးပွဲ ကျင်းပမည်ဖြစ်ကြောင်း ဆို၏။

သျှမ်းနှစ်သစ်အားကြိုဆိုပါ၏ ဆိုသည့် စာတမ်းအားပါပွဲဆိုင်းဘုတ်တပ်ရန် ဝ အာဏာပိုင်များက တား မြစ်ထားသောကြောင့် မကျေမနပ် ဖြစ် နေခြင်းဖြစ်သည်ဟု လူငယ်တဦးက ဤကဲ့သို့ ပြောပါသည်။

“သျှမ်းနှစ်သစ်ကူးပွဲလို့ မပြောနဲ့ သျှမ်းဆိုတဲ့စာလုံးလေးတလုံးတောင် တနေရာမှ မတွေ့ရဘူး။ မေး ကြည့်တော့ အာဏာပိုင်တွေက တပ်ခွင့်မ ပေးဘူးလို့ ပြောတယ်”

သျှမ်းနှစ်သစ်ကူးပွဲ ရုပ်သွင်ပေါ်ရန် အရေးမကြီးကြောင်း၊ ပွဲဖြစ်မြောက်ရန်သာ အရေးကြီးကြောင်း၊သျှမ်းနှစ်သစ်နာမည်မပါဘဲကျင်းပ လာတာ ၁၀ နှစ် ၁၀ မိုးရှိပြီဖြစ်ကြောင်း၊ ကျင်းပခွင့်မပြုတာမဟုတ် ကြောင်း၊ တရုတ်နှစ်သစ်ကူး နှင့် တခြား တိုင်းရင်းသား နှစ်သစ်၊ ကောက်သစ်ပွဲ လည်း ထို့နည်းတူ နှစ်စဉ်နှစ်တိုင်းကျင်းပခွင့်ပြုကြောင်း ၀ အရာရှိတစ်ဦးက ပြောပါသည်။

သျှမ်းနှစ်သစ်ကူးပွဲတော်သည် ရိုးရာပွဲများအနက် သျှမ်းလူမျိုးများ ခေတ်အစားဆုံး၊ အမြတ်နိုးဆုံးပွဲ တော်တစ်ခုဖြစ်သည်။ ထို့အတွက် ယ ခုနှစ် ၂၁၀၇ သျှမ်းနှစ်သစ်အား သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံ၌ ပြည်တွင်းပြည်ပ သျှမ်းများက စုပေါင်းကြိုဆိုမည်။ သျှမ်းလူမျိုးများ ဆိုင် ရာစာ ပေ ဟောပြောပွဲလည်း ပူးတွဲ ကျင်းပသွားမည်ဖြစ်သည်။

No comments: