Monday, August 5, 2013

ငါးသေတ္တာ ဟင်းကြောင့် ကျောင်းသား (၅၉) ဦး အစာ အဆိပ်သင့် မှုဖြစ်

ဖြူဖြူကို

သိုးနေသည့် ငါးသေတ္တာ ဟင်းအား စားသောက် မိသည့် သင်္ကန်းညီနောင် အထက (၁) မှ ကလေး ငယ်ပေါင်း (၅၉) ဦး သည် အစာအဆိပ် သင့်ကာ တိုက်နယ် ဆေးရုံသို့ လာရောက်၍ ကုသမှု ခံယူ ခဲ့ရကြောင်း မြဝတီ ဆေးရုံအုပ် ဒေါက်တာ ဦးခင်မောင်ဦးက ပြောသည်။

“မနေ့က ထမင်းစားတာ အချိန် နောက်ကျ သွားတဲ့ အတွက် ငါးသေတ္တာဟင်းက သိုးသွားလို့ အခုလို ဖြစ်သွား ပါတယ်။ ကလေး တွေက ၀မ်းတစ်ခါ နှစ်ခါ သွားပြီး အန်ကျတယ်။ ဒါကြောင့် အခုလို ဆေးရုံကို ပို့ရခြင်း ဖြစ်တယ်” ဟု ဦးခင်မောင်ဦးက ရွှေဟင်္သာ သတင်း ဌာနသို့ ဇူလိုင်လ ၅ ရက်နေ့တွင် အတည်ပြု ပြောကြား ပါသည်။

အစာ အဆိပ်သည့် ကလေး (၅၉) ဦးသည် ယနေ့ ဇူလိုင်လ (၅) ရက်နေ့ နံနက် (၉) နာရီတွင် ဆေးရုံသို့ စတင် ရောက်ရှိ လာပြီး ပြင်ပ လူနာ (OPD Patient) အဖြစ် တက်ရောက် ကုသမှု ခံယူ ခဲ့ရ ပါသည်။

၎င်းကလေး များသည် ကျောင်းနေသည့် ကလေးများ ဖြစ်ကာ ကုသမှုများ ပြုလုပ် ခဲ့ပြီးနောက် ဆေးဝါးများ ပေးပြီး ဖြစ်ကာ ယနေ့၌ ဆေးရုံမှ ပြန်ဆင်း နိုင်မည် ဖြစ်ကြောင်းလည်း ၄င်းမှ ဆိုပါသည်။

ဒေသခံ များမှ ကျောင်း မုန့်ဈေးတန်းမှ မုန့်များ စားကာ အစာ အဆိပ်သင့်မှု ဖြစ်သည်ဟု ဆိုသော်လည်း ၄င်းအချက်ကို ဆရာဝန်မှ ငြင်းဆို ခဲ့သည်။

No comments: