ဇော်ဇော်ထွေး | တနင်္လာနေ့၊ သြဂုတ်လ ၀၅ ရက် ၂၀၁၃
နိုင်ငံကူးလက်မှတ်ကို အသက်လိမ်လျှောက်သူ ကလေးတစ်ဦးနှင့် သူ့အသက်ကို ပြင်ဆင်ပေးသူတို့သည် ဗဟန်းရဲစခန်းတွင် အမှုဖွင့်ခံထားရကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းထုတ်ပြန်သည်။
အသက်လိမ်လျှောက်သည်ဟု စွပ်စွဲခံရသူမှာ ကလေးမြို့နယ် ပြည်တော်သာရွာမှ ပဒိုးလွန်းနဲမ်းဆိုသူဖြစ်ပြီး သူသည်နိုင်ငံကူးလက်မှတ်လျှောက်ရာတွင် အသက် ၁၈ နှစ်ပြည့်စေရန် နိုင်ငံသားမှတ်ပုံတင်ကတ်နှင့် အိမ်ထောင်စုစာရင်း စာရွက်တွင် အသက်ကိုပြင်ဆင်ခဲ့ကြောင်း လူဝင်မှုအရာရှိများက စစ်ဆေးတွေ့ရှိခဲ့ ကြောင်းရဲမှတ်တမ်းတွင် တွေ့ရသည်။
ထို့ကြောင့်သူ့ကို ရဲစခန်း၌ အမှုဖွင့်တိုင်ကြားခဲ့ပြီး ရဲများက စစ်ဆေးခဲ့ရာ သူ့အသက်ကို တောင်ဥက္ကလာပမြို့နယ်တွင်နေထိုင်သူ ကိုဟိန်းဇေယျာကျော်က ပြင်ပေးခြင်းဖြစ်ကြောင်း ရဲများကို ထွက်ဆိုခဲ့သည်ဟု ရဲဌာန၏ သတင်းထုတ်ပြန်ချက်တွင်ပါရှိသည်။
ယခုကိစ္စနှင့် ပတ်သက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဌာနမှ ဦးစီးအရာရှိ ဦးမြသန်းက စွပ်စွဲခံရသူ နှစ်ဦးကို တရားလိုပြုလုပ်တိုင်တန်းသဖြင့် ဗဟန်းရဲစခန်းက အမှုအမှတ် (ပ)၃၀၅/၂၀၁၃ ဖြင့် အမှုဖွင့်ထားပြီးပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၄၂၀ လိမ်လည်မှု၊ ပုဒ်မ ၄၆၈ စာရွက်စာတမ်း အတုလုပ်မှုတို့ဖြင့် တရားစွဲမည်ဟု ရဲဌာနက ထုတ်ပြန်သည်။
No comments:
Post a Comment