အေးမြင့်စန်း | ကြာသပတေးနေ့၊ သြဂုတ်လ ၁၅ ရက် ၂၀၁၃
ဖိလစ်ပိုင်ရေပိုင်နက်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း နစ်မြုပ်ခဲ့သည့် စင်ကာပူကုမ္ပဏီပိုင်သင်္ဘောမှ သေဆုံးသူ၊ပျောက်ဆုံးသူနှင့် အသက်ရှင်လျက် ကျန်ရှိနေသူ မြန်မာသင်္ဘောသားများအတွက် ကုမ္ပဏီမှ ကန်ဒေါ်လာ ဆယ်သိန်း နီးပါးကို သြဂုတ် ၁၄ ရက်က လျော်ကြေးပေးခဲ့သည်။
သင်္ဘောနစ်မြုပ်မှုကြောင့် သေဆုံးသူ တစ်ဦး၊ ပျောက်ဆုံးသူ ၁၄ ဦးနှင့် အသက်ရှင်ကျန်ရစ်သူ ကိုးဦး အတွက်လျော်ကြေးပေးအပ်ခဲ့ခြင်း ဖြစ်သည်။ လျော်ကြေးငွေများကို သဘောင်္နစ်မြုပ်ပြီး တစ်လအကြာတွင် စတင် ပေးအပ်ခဲ့ခြင်းဖြစ်ရာ ယနေ့ လျော်ကြေးအပါအ၀င် စုစုပေါင်း အမေရိကန်ဒေါ်လာ တစ်သန်းကျော် ပေးအပ်ခဲ့ခြင်းဖြစ်သည်။
ယင်းသင်္ဘောမှ မြန်မာသင်္ဘောသား ၂၄ ဦးအတွက် ယနေ့ပေးအပ်ခဲ့သည့် လျော်ကြေးမှာ ကန်ဒေါ်လာ ၉၃၀၀၀၀ ကျော်ဖြစ်ပြီး ရန်ကုန်မြို့ Dolphin စားသောက်ဆိုင်တွင် အခမ်းအနားဖြင့် ပေးလျော်ခဲ့ခြင်းဖြစ်သည်။
စင်ကာပူနိုင်ငံ OCEAN SENTINELS SHIP ကုမ္ပဏီပိုင် MV.HARITA BAUXITE သဘောင်္သည် အင်ဒိုနီးရှားနိုင်ငံမှ တရုတ်နိုင်ငံသို့ မောင်းနှင်လာစဉ် ဖေဖော်ဝါရီ ၁၆ ရက် ည ၁၀ နာရီတွင် ဖိလစ်ပိုင်နိုင်ငံ၊ SAUL ဆိပ်ကမ်းအနီးတွင် ရာသီဥတုဆိုးရွားမှုကြောင့် စက်ချို့ယွင်းမှုဖြစ်၍ သဘောင်္နစ်မြုပ်ခဲ့သည်။
ပေးအပ်ခဲ့သည့် လျော်ကြေးများမှာ သေဆုံးသူ စက်ပိုင်းဆိုင်ရာ အင်ဂျင်နီယာ အရာရှိတစ်ဦးအတွက် အမေရိကန်ဒေါ်လာ ရှစ်သောင်း၊ ပျောက်ဆုံးသူ သင်္ဘောသား ၁၄ ဦးအတွက် တစ်ဦးလျှင် အမေရိကန် ဒေါ်လာ ခြောက်သောင်းနှုန်းဖြင့် ပေးအပ်မည်ဖြစ်သည်။ ယင်းအပြင် သဘောင်္သားများပိုင် ပစ္စည်းတန်ဖိုး လျော်ကြေးအတွက် တစ်ဦးလျှင် အမေရိကန်ဒေါ်လာသုံးထောင်၊ ကျန်ရစ်သူ သင်္ဘောသား မိသားစုများမှ အသက်၂၁ နှစ်အောက် သားသမီးရှိလျှင် တစ်ဦးလျှင် ကန်ဒေါ်လာ ငါးထောင်စီိ ပေးအပ်ခဲ့သည်။
အသက်ရှင်ကျန်ရစ်သူ ကိုးဦးအတွက်မူ နစ်နာကြေးအဖြစ် လစာခြောက်လစာနှင့် ညီမျှသော ငွေကြေးကိုလျော်ကြေးပေးခဲ့သည်။
ယင်းကဲ့သို့ ဖြစ်ရပ်မျိုးဖြစ်ပါက ပျောက်ဆုံးသင်္ဘောသားများကို လျော်ကြေးပေးရာတွင် တစ်နှစ်ကြာအချိန်မှ ရှာမတွေ့ပါက သင်္ဘောကုမ္ပဏီက လျော်ကြေးပေးရမည်ဖြစ်သော်လည်း လက်ရှိတွင် သဘောင်္နစ်မြုပ်ပြီး ခုနစ်လအကြာတွင် လျော်ကြေးပေးခဲ့ခြင်းဖြစ်သည်ဟု သင်္ဘောသားများအတွက် လျော်ကြေးရရှိအောင်ဆောင်ရွက်ပေးခဲ့သည့် SIAM SEA RAY SHIPPING ကုမ္ပဏီ၏ ဒေသခံကိုယ်စားလှယ် ဦးသန်းနိုင်က ပြောသည်။
၎င်းက “သဘောင်္သားတွေကို မှီခိုနေရတဲ့ မိသားစုတွေကို သင်္ဘော စတင်နစ်မြုပ်ပြီး တစ်လအကြာမှာ တစ်လကို အမေရိကန်ဒေါ်လာ ၁၅၀၀ စီ လစဉ် ထောက်ပံ့ပေးခဲ့ပါတယ်၊ နောက်ဆုံး လျော်ကြေးအားလုံးမရခင် ကျန်ရစ်မိသားစု တွေ အခက်အခဲဖြစ်နိုင်တဲ့အတွက် ကြိုတင်ထောက်ပံ့ပေးခဲ့တာပါ။ ပျောက်ဆုံးသင်္ဘောသားတွေကို သင်္ဘောကုမ္ပဏီ က တစ်နှစ်အထိ ဖိလစ်ပိုင်ရေပိုင်နက်ထဲမှာ ရှာဖွေသွားဦးမှာ ပါ”ဟု ပြောသည်။
မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသားများ အလုပ်သမားအဖွဲ့ချုပ် (MSF) မှ ဒုဥက္ကဋ္ဌဦးစံသိန်းက “မြန်မာနိုင်ငံမှာ သင်္ဘောသား အရေအတွက်က လေးသောင်းအထက် မပိုဘူး။ ကြုံရာ သဘောင်္နဲ့ လိုက်နေရင်တော့ မိသားစု ငိုနေရုံမှတစ်ပါး ဘာလျော်ကြေးမှ ရနိုင်စရာရှိမှာမဟုတ်ဘူး၊ အာမခံထားတဲ့ သင်္ဘောမျိုးနဲ့ လိုက်ခဲ့မယ်ဆိုရင် သဘောင်္သားတွေရဲ့ ရပိုင်ခွင့် ပြည့်ဝစွာ တောင်းဆိုလို့ရတယ်၊ သင်္ဘောကုမ္ပဏီရဲ့ရင်းမြစ်ကို သေချာရှင်းလင်းသိမှ လက်မှတ်ထိုးပါ”ဟု ပြောသည်။
No comments:
Post a Comment