Thursday, August 15, 2013

မွတ်စလင်နဲ့ မြန်မာတို့ တွေ့ဆုံဆွေးနွေးမှု လုပ်ဖို့ ကုလတိုက်တွန်း

ABC

မြန်မာအစိုးရနဲ့ ​ရခိုင်ပြည်နယ်က ​မွတ်စလင်တွေအကြား ​တွေ့ဆုံဆွေးနွေးမှုတွေ ​လုပ်ဖို့ ​ကုလသမဂ္ဂ ​ဒုက္ခသည်များဆိုင်ရာ ​မဟာမင်းကြီးရုံးက ​အရာရှိ ​Andrian ​Edwards ​က ​ပြောလိုက်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း ​ဖြစ်ခဲ့တဲ့ ​ပဋိပက္ခကြောင့် ​ခုချိန်ထိ ​အိမ်မပြန်နိုင်ပဲ ​ဒုက္ခသည်စခန်းတွေမှာ ​နေနေရတဲ့ ​မွတ်စလင်တွေနဲ့ ​အာဏာပိုင်တွေကြား ​ငြိမ်းချမ်းရေးအရ ​ဆွေးနွေးမှုတွေ ​လုပ်ပြီး ​တစ်ဦးပေါ်တစ်ဦး ​ယုံကြည်မှုတွေ ​တည်ဆောက်ဖို့ ​ကြိုးစား ​သင့်တယ်လို့ ​ပြောလိုက်တာ ​ဖြစ်ပါတယ်။

ဒီလို ​တွေ့ဆုံမှုတွေက ​နောက်ထပ် ​အကြမ်းဖက်မဖြစ်အောင် ​တားဆီးနိုင်မယ့် ​အဓိက ​အချက် ​အဖြစ် ​မြင်ကြောင်း ​ပြောပါတယ်။

ပြီးခဲ့တဲ့ ​သောကြာနေ့က ​လုံထိန်းရဲတွေနဲ့ ​မွတ်စလင်တွေကြား ​ပဋိပက္ခဖြစ်ခဲ့ပြီး ​မွတ်စလင်တစ်ဦးသေဆုံးခဲ့ရပြီးနောက် ​ကုလသမဂ္ဂက ​အရာရှိက ​ခုလို ​ပြောဆိုလိုက်တာ ​ဖြစ်ပါတယ်။

တဆက်တည်းမှာပဲ ​ကုလသမဂ္ဂ ​လူ့အခွင့်အရေးဆိုင်ရာ ​အထူးကိုယ်စားလှယ် ​မစ္စတာ ​တိုမတ်စ်အိုဟေးကင်တားနားကလည်း ​ရခိုင်ပြည်နယ်ကို ​နှစ်ရက်ကြာလည်ပတ်ခဲ့ပြီး ​ခုအခါမှာ ​ရန်ကုန်မြို့ကို ​ပြန်ရောက်နေပြီ ​ဖြစ်ပါတယ်။

ရခိုင်ပြည်နယ် ​ခရီးစဉ်အတွင်း ​ရိုဟင်ဂျာမွတ်စလင်တွေ ​အများစုနေထိုင်တဲ့ ​စစ်တွေမြို့က ​အောင်မင်္ဂလာရပ်ကွက်ကို ​လည်ပတ်ခဲ့ပြီး ​လူမှုအဖွဲ့အစည်းခေါင်းဆောင်တွေနဲ့ ​တွေ့ဆုံခဲ့ပါတယ်။

အဲ့ဒါ့အပြင် ​စစ်တွေမြို့အကျဉ်းထောင်ကိုလည်း ​လည်ပတ်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်ကို ​အလာမှာ ​ဆန္ဒပြမှုတွေနဲ့ ​ကြုံခဲ့ရသလိုပဲ ​အပြန်မှာလည်း ​သူ့ကို ​ဆန့်ကျင်ဆန္ဒပြခဲ့ကြတယ်လို့ ​သိရပါတယ်။

မစ္စတာကင်တားနားဟာ ​ကချင်ပြည်နယ်၊ ​မိတ္တီလာမြို့အပြင် ​တခြားဒေသကိုလည်း ​သွားရောက်လေ့လာဖို့ရှိပြီး ​ဆယ်ရက်ကြာ ​ခရီးစဉ် ​အဆုံးသတ်တဲ့နေ့မှာတော့ ​သတင်းစာ ​ရှင်းလင်းပွဲ ​ပြုလုပ်သွားမယ်လို့ ​သိရပါတယ်။

No comments: