Tuesday, August 13, 2013

တရုတ်မှာ လစာကောင်းလို့ မြန်မာတွေ သွားရောက်အလုပ်လုပ်ကြ

ABC

တရုတ် ​နိုင်ငံက ​အလုပ်သမားလစာ ​နှုန်းတွေ ​ကောင်းတဲ့အတွက် ​မြန်မာနဲ့ ​ဗီယက်နမ် ​နိုင်ငံက ​အလုပ်သမားတွေဟာ ​Shenzhen ​မြို့ကို ​တရားမဝင် ​ဝင်ရောက် ​အလုပ်လုပ်ကိုင် ​နေကြတယ်လို့ ​သိရပါတယ်။

တရုတ်နိုင်ငံက ​စီးပွါးရေးအခြေ ​အနေထိုင်းလာတာကြောင့်၊ ​လူထုငွေသုံးစွဲရေးတိုးပြီး ​စီးပွါးရေ ​အခြေအနေ ​မြှင့်တင်တဲ့ ​ဆောင်ရွက်ချက် ​အနေနဲ့ ​တရုတ်အာဏာပိုင်တွေက ​အလုပ်သမား ​လစာတွေကို ​တိုးမြှင့်ခဲ့တာ ​ဖြစ်ပါတယ်။

တရုတ် ​နိုင်ငံတွင်းမှာ ​၂၀၁၀ ​နဲ့ ​၂၀၁၂ ​ခုနှစ်အတွင်း ​တရား ​မဝင် ​ဝင်ရောက်လာတဲ့ ​အလုပ်သမားတွေဟာ ​မြန်မာနဲ့ ​ဗီယက်နမ် ​နိုင်ငံက ​ဖြစ်ကြတယ်လို့ ​ဆိုပါတယ်။

တရုတ် ​နိုင်ငံမှာ ​သက်ကြီးရွယ်အိုတွေ ​ပိုပြီး ​များလာ ​နေတာနဲ့အမျှ၊ ​အလုပ်သမား ​အဖြစ် ​အလုပ်လုပ် ​နိုင်တဲ့ ​ဦးရေ ​လျော့ပါးနေပြီး ​ဖြစ်ပါတယ်။

တရုတ် ​နိုင်ငံက ​သာမန် ​အလုပ်သမား ​လစာဟာ ​တလကို ​၄၀၅ ​ဒေါ်လာနဲ့ညီမျှ ​ပြီး ​တရားမဝင် ​အလုပ်သမားတွေကတော့ ​တလကို ​ဒေါ်လာ ​၃၃၀ ​လောက်နဲ့ ​ညီမျှတဲ့ ​လစာကို ​ရပါတယ်။

တရုတ် ​နိုင်ငံက ​လစာနဲ့ ​အိမ်နီးချင်း ​နိုင်ငံက ​လစာတွေ ​ကွာဟ ​မှုများလာတဲ့အမျှ ​အိမ်နီးချင်း ​နိုင်ငံက ​အလုပ်သမားတွေဟာ ​တရုတ် ​နိုင်ငံကို ​ခိုးဝင်ပြီး ​အလုပ်လုပ်ကြတဲ့ ​အဖြစ်တွေ ​များလာ ​မယ်လို့ ​ဆို ​ပါတယ်။

အလုပ်ရှင်တွေကလဲ ​တရားမဝင် ​အလုပ်သမားတွေ ​အတွက် ​ဈေးသက်သာတာတွေ၊ ​ကျန်းမာရေး ​စောင့်ရှောက်မှုတွေ ​လုပ်ပေး ​စရာမလိုတဲ့ ​အပြင်၊ ​ပင်စင်လစာ ​ခံစားခွင့်ပေးစရာ ​မလိုတော့ ​ပိုပြီး ​အခွင့် ​အရေးကောင်းယူ ​နေကြတယ်လို့ ​သိရပါတယ်။

ဗီယက်နမ် ​နိုင်ငံက ​အလုပ်သမားတွေဟာ ​ပျှမ်းမျှလစာ ​၅၅ ​ဒေါ်လာ ​ရရှိပြီး ​မြန်မာ ​အလုပ်သမားတွေကတော့ ​ပျှမ်းမျှလစာ ​ဒေါ်လာ ​၆၀ ​လောက် ​ရတယ်လို့ ​သိရပါတယ်။

No comments: