Tuesday, August 13, 2013

မြန်မာသံရုံ ဗုံးခွဲဖို့ ငွေကြေးထောက်ပံ့သူလို့ ယူဆရသူကို ရဲတွေဖမ်းမိထား

ABC

အင်ဒိုနီးရှားနိုင်ငံရဲ့ ​မြို့တော် ​ဂျကာတာမြို့မှာရှိတဲ့ ​မြန်မာသံရုံးကို ​ဗုံးခွဲဖို့အတွက် ​ငွေကြေးထောက်ပံ့မှုလုပ်တယ်လို့ ​ယူဆရသူကို ​အင်ဒိုနီးရှားရဲတွေက ​ဖမ်းဆီးလိုက်ပါတယ်။

မြန်မာသံရုံးဗုံးခွဲဖို့ ​ကြိုး ​စား ​ရာ ​မှာ ​ငွေကြေး ​ထောက်ပံ့မှု ​လုပ်ခဲ့တယ်လို့ ​စွပ်စွဲခံရသူ ​Muhammad ​Syaiful ​Sabani ​ကို ​သောကြာနေ့က ​ရဲတွေက ​ဖမ်းဆီးခဲ့တာဖြစ်ပြီး ​မကြာသေးခင်ကပဲ ​အဂ္ဂယာန ​ဗုဒ္ဓဘာသာ ​ဘုန်းကြီးကျောင်း ​ဗုံးပေါက်ကွဲမှုနဲ့ ​ဆက်နွယ်မှု ​ရှိမရှိဆိုတာကိုပါ ​စစ်ဆေးနေပါတယ်။

မြန်မာသံရုံး ​ဗုံးခွဲဖို့ ​ကြံစည်မှုနဲ့ ​အဂ္ဂယာနဘုရား ​ဗုံးပေါက်မှုတွေဟာ ​မြန်မာနိုင်ငံမှာ ​ဖြစ်ခဲ့တဲ့ ​ဘာသာရေး ​ပဋိပက္ခနဲ့ ​ဆက်နွယ်နေတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ​ရိုဟင်ဂျာတွေ၊ ​မွတ်စလင်တွေ ​ဖိနှိပ်ခံရတာကို ​အစ္စလာမ်ဘာသာဝင် ​အများစု ​ဖြစ်ကြတဲ့ ​အင်ဒိုနီးရှားနိုင်ငံသား ​တချို့က ​မကျေမနပ် ​ဖြစ်နေကြတာဖြစ်ပါတယ်။ 

မြန်မာသံရုံးကို ​ဗုံးဖောက်ခွဲဖို့ ​ကြိုးစားခဲ့တဲ့ ​လူနှစ်ယောက်ကို ​အင်ဒိုနီးရှားရဲတွေက ​မေလတုန်းက ​ဖမ်းဆီးခဲ့တဲ့အပြင် ​အဖွဲ့ရဲ့ခေါင်းဆောင်တစ်ဦးနဲ့ ​ဗုံးပြုလုပ်သူကို ​နောက်ပိုင်းမှာ ​ဖမ်းဆီးခဲ့ပြီး ​ခုအခါမှာ ​ဖောက်ခွဲမှုအတွက် ​ရံပုံငွေရှာဖွေပေးသူလို့ ​ယူဆရသူကို ​ဖမ်းဆီးနိုင်ခဲ့တာ ​ဖြစ်ပါတယ်။

ခုဖမ်းဆီးခံရသူဟာ ​ငွေကြေးတွေ ​ရရှိဖို့ ​ရွှေဆိုင်တချို့မှာ ​ခိုးယူတာတွေ ​လုပ်နိုင်တယ်လို့ ​ရဲတွေက ​ခန့်မှန်းထားပါတယ်။

No comments: