Thursday, August 15, 2013

ရခိုင်ပဋိပက္ခ ဓာတ်ပုံအွန်လိုင်းတင်တဲ့အတွက် မွတ်စလင်တစ်ဦး ဖမ်းဆီးခံရ

ABC

ရခိုင်ပြည်နယ်မှာ ​ပြီးခဲ့တဲ့ ​သောကြာနေ့ကပဲ ​လုံထိန်းရဲတွေနဲ့ ​မွတ်စလင်တွေအကြား ​ဖြစ်ခဲ့တဲ့ ​ပဋိပက္ခအတွင်း ​ရိုက်ကူးထားတဲ့ ​ဓာတ်ပုံတွေကို ​အင်တာနက် ​အွန်လိုင်းပေါ် ​တင်ခဲ့တယ်ဆိုပြီး ​လူတစ်ယောက် ​ဖမ်းဆီးခံရကြောင်း ​ရဲနဲ့ ​လှုပ်ရှားရေးသမားတွေက ​ပြောပါတယ်။

အဖမ်းခံရသူဟာ ​သန်းရွှေလို့အမည်ရတဲ့ ​အသက် ​၂၉ ​နှစ်အရွယ်ရှိသူ ​ရိုဟင်ဂျာမွတ်စလင်ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်တွင်းက ​ရဲတစ်ဦးကတော့ ​အဲဒီပုဂ္ဂိုလ်ဟာ ​ကုလသမဂ္ဂ ​လူ့အခွင့်အရေး ​ကိုယ်စားလှယ် ​သောမတ်စ် ​အိုဟေး ​ကင်တားနား ​ရခိုင်ပြည်နယ်ကို ​လာရောက် ​လေ့လာတုန်း ​ပြဿနာ ​လုပ်ဖို့ ​ကြိုးစားတဲ့အတွက် ​ဖမ်းဆီးခံရတာလို့ ​ပြောကြောင်း ​အေပီသတင်းမှာ ​ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ​သောကြာနေ့က ​ချောင်းတစ်ချောင်းမှာ ​တွေ့ရတဲ့ ​အလောင်းတစ်လောင်းကို ​ရဲတွေက ​မှုခင်းဆိုင်ရာ ​စစ်ဆေးဖို့လုပ်တာကို ​မွတ်စလင်တွေက ​သူတို့ရဲ့ ​ရိုးရာဓလေ့အတိုင်း ​နေ့တွင်းချင်း ​သဂြိုလ်ရမှာ ​ဖြစ်တဲ့အတွက် ​အလောင်းကို ​ပြန်ပေးဖို့ ​တောင်းဆိုရာက ​ရဲတွေနဲ့ ​ပဋိပက္ခ ​ဖြစ်ခဲ့ပါတယ်။

ရဲတွေက ​ရာဘာကျဉ်ဆံနဲ့ ​ပစ်ခဲ့တဲ့အတွက် ​လူတစ်ဦး ​သေဆုံးပြီး ​ဆယ်ယောက်လောက် ​ဒဏ်ရာရရှိ ​ခဲ့ပါတယ်။

No comments: