Thursday, August 22, 2013

ဒေသတွင်း လူကုန်ကူးမှု တိုက်ဖျက်ရေး အလွတ်သဘောတူညီမှုရရှိ

ABC

မြန်မာနိုင်ငံနဲ့ ​သြစတြေးလျနိုင်ငံအပါအ၀င် ​နိုင်ငံပေါင်း ​၁၄နိုင်ငံပါဝင်တဲ့ ​အာရှ ​ပစိဖိတ်ဒေတွင်း ​လူကုန်ကူးမှုတိုက်ဖျက်ရေး ​အထူးဆွေးနွေးပွဲတရပ်ကို ​အင်ဒိုနီးရှားနိုင်ငံမှာကျင်းပပြီးစီးခဲ့ပြီး ​ခိုလှုံခွင့်တောင်းခံသူတွေကို ​ရပ်တန့်နိုင်ဖို့အတွက် ​အလွတ်သဘော ​သဘောတူညီချက်တခုရရှိခဲ့တယ်လို့ ​သိရပါတယ်။

“Jakarta ​Declaration” ​ခေါ် ​ဂျကာတာကြေညာစာတမ်းထဲမှာ ​သက်ဆိုင်ရာနိုင်ငံတွေအနေနဲ့ ​ခိုလှုံခွင့် ​တောင်းခံသူတွေရဲ့ ​အခြေအနေတွေကို ​တိုးတက် ​ကောင်းမွန်အောင် ​လုပ်ဆောင်ပေးဖို့နဲ့ ​လူကုန်ကူးမှုတွေကို ​နှိမ်နင်းသွားဖို့ ​ပါရှိတယ်လို့ ​သိရပါတယ်။

မကြာသေးခင်ကပဲ ​လှေတွေနဲ့ ​ခိုးဝင်လာတဲ့ ​ခိုလှုံခွင့်တောင်းခံသူ ​ပြဿနာကို ​ဖြေရှင်းဖို့အတွက် ​သြတြေးလျနိုင်ငံကလည်း ​ပါပူဝါနယူးဂနီနိုင်ငံကို ​ပို့ဆောင်ထားရှိတဲ့ ​အစီအစဉ်ကို ​စတင် ​လုပ်ဆောင်ခဲ့ ​ပါတယ်။

အဲဒီလိုလုပ်ဆောင်မှုကြောင့် ​အခုဆိုရင် ​ခိုလှုံခွင့်တောင်းခံသူတချို့က ​သူတို့ရဲ့ ​နိုင်ငံကို ​ပြန်ဖို့ ​ပြင်ဆင်နေကြတယ်လို့ ​သြတြေးလျ ​လူဝင်မှုကြီးကြပ်ရေး ​၀န်ကြီး ​Tony ​Burke ​က ​အင်ဒိုနီးရှားနိုင်ငံ ​လူကုန်ကူးမှုတိုက်ဖျက်ရေးနဲ့ ​ခိုလုံခွင့်တောင်းခံသူပြဿာနဖြေရှင်းရေး ​အထူးဆွေးနွေးပွဲကို ​တက်ရောက်စဉ် ​ပြောကြားခဲ့ပါတယ်။

အထူးဆွေးနွေးပွဲအတွင်းမှာ ​သက်ဆိုင်ရာနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ​လူဝင်မှုကြီးကြပ်ရေး ​၀န်ကြီးတွေ ​အပါအ၀င် ​လူသားခြင်းစာနာထောက်ထားရေး ​အဖွဲ့တွေက ​ကိုယ်စားလှယ်တွေနဲ့ ​ကုလသမဂ္ဂ ​အေဂျင်စီ ​တွေလည်း ​ပါဝင်တက်ရောက်ခဲ့ကြတယ်လို့ ​သိရပါတယ်။

အိမ်နီးချင်းနိုင်ငံတွေနဲ့ ​ဒေသတွင်းက ​နိုင်ငံတွေဆီကို ​တရားမ၀င်လှေတွေနဲ့ ​ခိုးဝင်လာတဲ့ ​ခိုလှုံခွင့် ​တောင်းခံသူတွေထဲမှာ ​မြန်မာ၊ ​အီရန်၊ ​အာဖဂန်နစ္စတန်နဲ့ ​သီရိလင်္ကာနိုင်ငံက ​လူတွေ ​အများစု ​ပါဝင်တယ်လို့ ​သိရပါတယ်။

No comments: