Saturday, August 17, 2013

စည်းကမ်းထိန်းသိမ်းရေး၏ ပြစ်ဒဏ်များကို ရန်ကုန်အသင်း အယူခံဝင်မည်မဟုတ်

ရဲရင့်ဌေး

နေပြည်တော်-ရန်ကုန်ပွဲဖြစ်ရပ်အတွက် သြဂုတ် ၁၃ ရက်က ချမှတ်ခဲ့သော စည်းကမ်းထိန်းသိမ်းရေး၏ ပြစ်ဒဏ်များ ကို အယူခံဝင်မည်မဟုတ်ကြောင်း ရန်ကုန်ယူနိုက်တက်အသင်း မီဒီယာတာဝန်ခံ ကိုအောင်ပိုင်က မဇ္ဈိမသို့ အတည်ပြုပြောကြားသည်။

အဆိုပါပွဲစဉ်တွင် နှစ်ဖက်ကစားသမားများ ခိုက်ရန်ဖြစ်ပွားခဲ့သည့်ဖြစ်ရပ်အတွက် စည်းကမ်းထိန်းသိမ်းရေးမှပြစ်ဒဏ်ချခဲ့ပြီး ရန်ကုန်အသင်း လက်ထောက်နည်းပြ ဦးတင်မောင်ထွန်းနှင့် ကြည်လင်းတို့ကို သုံးပွဲပယ် ပြစ်ဒဏ်နှင့် ဒဏ်ငွေငါးသိန်းစီချမှတ်ခဲ့သည်။

ယင်းပြစ်ဒဏ်နှင့်ပတ်သက်၍ကိုအောင်ပိုင်က “ကျွန်တော်တို့အသင်းတာဝန်ရှိသူတွေက ဒီပြစ်ဒဏ်နဲ့ပတ်သက်ပြီး အယူခံမ၀င်ဘူး ပြောပါတယ်။ ပြစ်ဒဏ်နဲ့ပတ်သက်ပြီးတော့ကျွန်တော့်တစ်ဦးတည်းအမြင်ကို ပြောရရင် နည်းပြ ဦးတင်မောင်ထွန်းရဲ့ ပြစ်ဒဏ်ကမမျှတဘူးထင်ပါတယ်။ သူ့ကို ကွင်းထဲဝင်လာတဲ့ ပရိသတ်က အရင်ရန်လုပ်တာလေ။ သူကစပြီး လိုက်ထိုးတာမှမဟုတ်တာ။ ဒီပြစ်ဒဏ်နဲ့ပတ်သက်ပြီး သူလည်း စိတ်မကောင်း ဖြစ်နေပါတယ်” ဟု ပြောသည်။

No comments: