Friday, August 16, 2013

ဂျပန်ကုန်သွယ်ရေးဝန်ကြီး မြန်မာနဲ့ ဘရူနိုင်းကို လာမယ်

ABC

ဂျပန်နိုင်ငံ ​ကုန်သွယ်ရေးဝန်ကြီး ​တိုရှီမစ်ဆူ ​မိုတီဂီ ​က ​အရှေ့တောင်အာရှနိုင်ငံများအသင်းနဲ့ ​ဆက်ဆံရေးပိုမိုကောင်းမွန်ဖို့အတွက်နဲ့ ​ဒေသတွင်းမှာ ​အခွန်လွတ် ​ကူးသန်းရောင်းဝယ်ရေး ​ကိစ္စတွေကို ​အတည်ပြု ​ညှိနှိုင်းဆွေးနွေးဖို့အတွက် ​ဘရူနိုင်းနဲ့ ​မြန်မာနိုင်ငံတွေကို ​လာမယ့်အပတ်မှာ ​သွားရောက်လည်ပတ်ဖို့ရှိတယ်လို့ ​သိရပါတယ်။

တိုရှီမစ်ဆူ ​မိုတီဂီ ​က ​ဘရူနိုင်းနိုင်ငံမှာ ​တနင်္လာလနေ့ကျရင် ​ကျင်းပမဲ့ ​ဒေသတွင်းဘက်စုံ ​စီးပွားပူးတွဲ ​လုပ်ကိုင်ရေးအဖွဲ့လို့ခေါ်တဲ့ ​အခွန်လွတ်ကုန်သွယ်ရေး ​နိုင်ငံတွေမှာပါဝင်တဲ့ ​၀န်ကြီး ​အစည်းအဝေးကို ​တက်ရောက်ဖို့ ​ရှိတယ်လို့ ​ဆိုပါတယ်။

ဒေသတွင်းဘက်စုံ ​စီးပွားပူးတွဲ ​လုပ်ကိုင်ရေးအဖွဲ့ထဲမှာ ​အရှေ့တောင်အာရှ ​နိုင်ငံများအသင်း ​အာဆီယံ ​ဆယ်နိုင်ငံနဲ့ ​ဂျပန်၊ ​တရုတ်၊ ​တောင်ကိုးရီးယား၊ ​အိန္ဒိယ၊ ​သြစတြေးလျနဲ့ ​နယူးဇီလန် ​နိုင်ငံတို့ပါဝင်ပါ ​တယ်။

ဒီလို ​အခွန်လွတ် ​ကုန်သွယ်ရေး ​ဆွေးနွေးပွဲတွေကို ​ပြုလုပ်သွားဖို့အတွက် ​မေလကတည်းက ​သဘောတူညီမှုတွေ ​ရရှိထားတာဖြစ်ပြီး ​၂၀၁၅ခုနှစ်ကျရင် ​အဆုံးသတ် ​ဆွေးနွေးနိုင်မှာဖြစ်တယ်လို့ ​ဒေသတွင်းဘက်စုံ ​စီးပွားပူးတွဲ ​လုပ်ကိုင်ရေးအဖွဲ့အနေနဲ့ ​ရည်ရွယ်ထားတယ်လို့ ​သိရပါတယ်။

အာဆီယံဆိုင်ရာ ​စီးပွားရေးဝန်ကြီးတွေရဲ့ ​စည်းဝေးပွဲတွေကို ​တက်ရောက်ပြီးမှပဲ ​ဗုဒ္ဓဟူးနေ့မှာ ​မြန်မာနိုင်ငံကို ​လာရောက်မှာဖြစ်တယ်လို့ ​ဂျပန် ​ကုန်သွယ်ရေးနဲ့စက်မှုလုပ်ငန်း ​၀န်ကြီးဌာနက ​ပြောပါတယ်။

မြန်မာနိုင်ငံ ​ခရီးစဉ်အတွင်းမှာ ​သမ္မတဦးသိန်းနဲ့ ​တခြား ​အဓိကကျတဲ့ ​အစိုးရအရာရှိတွေနဲ့လည်း ​တွေ့ဆုံသွားဖို့ရှိပြီးတော့ ​စနေနေ့မှာ ​ဂျပန်နိုင်ငံကို ​ပြန်သွားမှာဖြစ်တယ်လို့ ​သိရပါတယ်။

No comments: