ABC
ဆရာကြီး ဒဂုံတာရာ အသက် ၉၅ နှစ်ထဲ အဝင်မှာ ကွယ်လွန်သွားတာလို့ သိရပါတယ်။
လွတ်လပ်ရေးမရခင် ဗိုလ်ချုပ်အောင်ဆန်းတို့နဲ့ အတူ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့သူ၊ ပြီးတော့ လွတ်လပ်ရေးရပြီးနောက် တစ်ပါတီအာဏာရှင် စနစ်ကို တောက်လျောက် စာပေနဲ့ တော်လှန်ခဲ့သူဖြစ်ပြီး ဒီမိုကရေစီရေးတွေမှာလည်း ပါဝင်ခဲ့သူဖြစ်တဲ့အတွက် သူဟာ စာရေးဆရာ၊ ကဗျာဆရာလည်းဖြစ်သလို နိုင်ငံရေးသမားဖြစ်တယ်လို့လည်း ပြောကြပါတယ်။
အဲ့ဒါ့အပြင် နိုင်ငံရေးသမားဆိုတာ ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်ရမယ်ဆိုတဲ့ ဆောင်ပုဒ်ကို ကိုင်စွဲထားသူဖြစ်တဲ့အတွက် ငြိမ်းချမ်းရေး ဗိသုကာဆရာကြီးလို့လည်း တင်စားခေါ်ဝေါ်ကြတာဖြစ်ပါတယ်။
ဒီသြဂုတ်လအတွင်း သတင်းစာနဲ့ စာရေးဆရာကြီး မောင်ဝံသ၊ စာရေးဆရာနဲ့ ကဗျာဆရာကြီး မင်းလူနဲ့ ငြိမ်းချမ်းရေး ဗိသုကာ ဆရာကြီး ဒဂုံတာရာတို့ ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်ကြတဲ့အတွက် ဒီနှစ် သြဂုတ်လဟာ ကြယ်တွေကြွေတဲ့လ ဆိုပြီးတော့လည်း ပြောဆိုနေကြပါတယ်။
No comments:
Post a Comment