Saturday, August 17, 2013

ထိုင်းနဲ့မြန်မာတို့ ရိုဟင်ဂျာကိစ္စ ဆွေးနွေး

ABC

ထိုင်းနိုင်ငံမှာ ​ထိန်းသိမ်းခံထားရတဲ့ ​ရိုဟင်ဂျာတွေရဲ့ ​အရေးကိစ္စကို ​အဖြေရှာဖြေရှင်းဖို့အတွက် ​မြန်မာနိုင်ငံခြားရေးဝန်ကြီး ​ဦးဝဏ္ဏမောင်လွင်နဲ့ ​ထိုင်းနိုင်ငံခြားရေးဝန်ကြီး ​ဆူရာပွန် ​တိုဝီးချတ်တို့ ​မနေ့က ​တွေ့ဆုံခဲ့ကြတယ်လို့ ​သိရပါတယ်။

ထိုင်းနိုင်ငံအခြေစိုက် ​The ​Nation ​သတင်းစာ ​အင်္ဂလိပ်ပိုင်းရဲ့ဖော်ပြချက်အရ ​ထိုင်းနိုင်ငံက ​ရိုဟင်ဂျာတွေကို ​ထိန်းသိမ်းထားတာ ​ခြောက်လလောက် ​ကြာလောက်ရှိသွားပြီး ​ဖြစ်တဲ့အတွက် ​ရိုဟင်ဂျာတွေကို ​လူ့အခွင့်အရေးနဲ့ ​လူသားခြင်း ​စာနာထောက်ထားတဲ့ ​အကူအညီတွေ ​ရရှိအောင် ​နည်းလမ်းသစ်တရပ် ​ရှာဖွေနေရတာ ​ဖြစ်တယ်လို့ ​ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ​သတင်းထောက်တွေကို ​ပြောပါတယ်။

အဲဒီကိစ္စတွေကို ​နှစ်နိုင်ငံ ​နိုင်ငံခြားရေး ​၀န်ကြီးတွေက ​ကုလသမဂ္ဂ ​ဒုက္ခသည်များဆိုင်ရာ ​မဟာမင်းကြီးရုံးနဲ့ ​ဆွေးနွေးအဖြေရှာ ​သွားဖို့ရှိတယ်လို့ ​သိရပါတယ်။

ထိုင်းနိုင်ငံ ​လူမှုဖွံ့ဖြိုးရေးနဲ့ ​လူသားလုံခြုံရေးဝန်ကြီးဌာနကတော့ ​ထိန်းသိမ်းခံထားရတဲ့ ​ရိုဟင်ဂျာတွေကို ​ထိုင်းနိုင်ငံတောင်ပိုင်းဒေသကနေ ​ပြည်ထဲရေးဝန်ကြီးဌာန ​လက်အောက်ခံ ​တခြားကျယ်ဝန်းတဲ့ ​နေရာ ​တနေရာရာမှာ ​ရွှေ့ပြောင်းထားချင်တဲ့အကြောင်း ​ကမ်းလှမ်းထားတယ်လို့လည်း ​ဆိုပါတယ်။

လက်ရှိအနေနဲ့ ​ထိုင်းနိုင်ငံမှာ ​တရားမ၀င်ပဲ ​လှေတွေနဲ့ ​ရောက်လာတဲ့ ​ပြီး ​ရိုဟင်ဂျာတွေ ​တစ်ထောင့်ခုနှစ်ရာကျော်လောက်ရှိပြီး ​အရင်က ​စာရင်းအရဆိုရင် ​အယောက် ​နှစ်ထောင်လောက်ရှိပေမယ့် ​မကြာသေးခင်ကပဲ ​အယောက်သုံးရာလောက်က ​ထိန်းသိမ်းရေးစခန်းကနေ ​ဖောက်ထွင်းထွက်ပြေးသွားခဲ့တာဖြစ်ပါတယ်။

No comments: