Friday, September 6, 2013

ဘူးသီးတောင်မြို့ပေါ်တွင် လူငယ်များ မူးယစ်ဆေးများဖြင့် အလွန်အမင်း ပျက်စီးလျှက်ရှိ

နိရဉ္စရာ

ယခုလ အနည်းငယ်အတွင်း တက္ကသိုလ်ဝင်တန်း ကျောင်းသားများမှာ စိတ်ကြွဆေးများ၊ ဆေးခြောက်များ သုံးစွဲနေပြီး အလွန်အကျွံ အကျင့်ပျက်စီးလျှက် ရှိနေပါသည်။

စိတ်ကြွရူးသွပ်ဆေးများကို ယခုလပိုင်း အတွင်း မြို့ပေါ်တွင် အလွယ်တကူ ဝယ်ယူရနေကြသည်။ ထိုသို့ ပျက်စီး နေကြသည်ကို သက်ဆိုင်ရာမှ ယခုတိုင်ထိရောက်စွာ အရေးယူမှု မရှိသေးပါ။ သည်အတိုင်း ဆက်၍ သွားနေမည် ဆိုလျှင် လူငယ်များအတွက် အနာဂတ်မှာ ပိုမိုဆိုးရွား စေနိုင်ပါသည်။

ဘူးသီးတောင်မြို့တွင် ချဲနှစ်လုံး၊ စိတ်ကြွဆေးများ၊ အရက်ဆိုင်များမှာ စည်းမဲ့ကမ်းမဲ့ ပေါသထက် ပေါလာနေပါသည်။ သက်ဆိုင်ရာမှ လစ်လျူရှုထား သည်ကို တွေ့မြင်နေပါသည်။

အမြန်ဆုံး အရေးယူ ဆောင်ရွက်ပေးကြပါရန် တင်ပြအပ်ပါသည်။

ဘူးသီးတောင်သား

No comments: