Monday, September 2, 2013

ကုလအထူးအကြံပေးအရာရှိ ဗီဂျေးနမ်ဘီးယား ရခိုင်ပြည်ရောက်

ABC

ကမ္ဘာ့ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ​မြန်မာနိုင်ငံဆိုင်ရာ ​အထူးအကြံပေးပုဂ္ဂိုလ် ​ဗီဂျေးနမ်ဘီးယား ​(Vijay ​Nambia)ဟာ ​မနေ့တုန်းက ​ရခိုင်ပြည်နယ် ​စစ်တွေမြို့ကို ​ရောက်ရှိနေတယ်လို့ ​သိရပါတယ်။

ရခိုင်ပြည်နယ်က ​အခြေအနေတွေကို ​လေ့လာတဲ့အနေနဲ့ ​ရခိုင်ပြည်နယ် ​အစိုးရအဖွဲ့နဲ့ ​တွေ့ဆုံခဲ့ပြီး ​ရခိုင်ပြည်နယ်မှာ ​ဖြစ်ပွားခဲ့တဲ့ ​ပဋိ ​ပက္ခတွေနဲ့ ​နှစ်ဖက် ​ပြန်လည် ​သင့်မြတ်ရေး ​ကိစ္စတွေကို ​ဆွေးနွေး ​ခဲ့ကြပါတယ်။

အဲ့ဒါ့အပြင် ​ပေါက်တောနဲ့ ​မောင်းတောမြို့နယ်တွေမှာ ​ရှိတဲ့ ​ဒုက္ခသည် ​စခန်းတွေကိုလည်း ​ကြည့်ရှုမှာဖြစ်ပါတယ်။

ရခိုင်ပြည်နယ် ​ခရီးစဉ် ​မစတင်ခင် ​ကုလသမဂ္ဂ ​အထူးအကြံပေးပုဂ္ဂိုလ် ​ဗီဂျေးနမ်ဘီးယားဟာ ​ကချင်ပြည်နယ်ကို ​လည်ပတ်ခဲ့ပြီး ​ကချင်လွှတ်မြောက်ရေးတပ် ​ကေအိုင်အေ ​ထိန်းချုပ်ရာ ​လိုင်ဇာ ​ဌာနချုပ်ကို ​လည်ပတ်ခွင့် ​ရခဲ့တယ်လို့လည်း ​သိရပါတယ်။

ကေအိုင်အို ​ဌာနချုပ်ရဲ့ ​ခရီးစဉ်အတွင်း ​ငြိမ်းချမ်းရေး ​အကျိုးတော်ဆောင်တွေ၊ ​ကေအိုင်အို ​အရာရှိတွေအပြင် ​ဒုက္ခသည်တွေနဲ့လည်း ​တွေ့ဆုံခဲ့တယ်လို့ ​သိရပါတယ်။

No comments: