Monday, February 24, 2014

မောပန်းနွမ်းနယ်မှုပြေပျောက်စေဖို့ Anita Beauty Spa မှာ အပန်းဖြေကြည့်ပါလား

ပန်းမြတ်ဇော်

တစ်နေ့တာ မောပန်းမှုတွေ ဖြေဖျောက်ဖို့ စိတ်ပင်ပန်း လူပင်ပန်းနဲ့ တစ်ပတ်တာ ဖြတ်သန်းလှုပ်ရှားရတဲ့သူ အများအတွက် အချိန်ခဏတာ အပန်းဖြေနိုင်မယ့် Beauty Spa တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။နေ့စဉ် နေပူထဲမှာ လှုပ်ရှားရုန်းကန်နေရ တဲ့သူတွေ အသားအရေ ပျက်စီးနေတဲ့ သူတွေအနေနဲ့ အသားအရေထိန်း သိမ်းတာ ပုံမှန်လုပ်ဖို့ လိုအပ်လှပါတယ်။

Anita ဆိုတဲ့ Beauty Spa ဆိုင်လေးက ကုက်္ကိုင်းမှာရှိတဲ့ နတ်မောက်ရိပ်သာလမ်းလေးထဲမှာ တည်ရှိပါ တယ်။ ထိုင်းနိုင်ငံကနေ လာရောက်ဖွင့်လှစ်ထားတာဖြစ်ပြီး ထိုင်းနိုင်ငံက လာတဲ့ပစ္စည်းများကို အသုံးပြု ပြီး လုပ်ပေးတဲ့ ဆိုင်တစ်ဆိုင်ဖြစ်ပြီး raditional Thai Massage၊ Foot Reflexology ၊ Aromatherapy Massage ၊ Herbal Ball Massage ၊ Thai Herbal Steam ၊ Body Treatments ၊ Body Scrub၊ Beauty Price ၊ Hair ၊ Make up တို့ကို စိတ်တိုင်းကျ လုပ်ဆောင်ပေးနေတာ ဖြစ်ပါတယ်။

ထိုင်းကလာတဲ့ သစ်သီးသစ်ဖုတွေနဲ့ ကျန်းမာရေးအတွက် အထောက်အကူ ဖြစ်အောင် အသားအရေ စိုပြည်လှပအောင် ပြု လုပ်ပေးတာရှိသလို အပူကျောက်ခဲနဲ့ နှိပ်နယ်တာမျိုးလည်း ပြုလုပ် ပေးပါတယ် ။ လက်သည်း အလှဆင်တာကတော့ ထိုင်းနည်းပညာနဲ့ လုပ်ပေးတာ ရှိသလို မိတ်ကပ်လိမ်းခြယ်ပေးတာ ကိုလည်း ထိုင်းနည်းပညာနဲ့ ပြုလုပ်ပေးတာ ဖြစ်ပါတယ်။

အဓိကတော့ အသားအရေ ကြည်လင်အောင် ဖြူဖွေးသန့်စင်သွားဖို့ အညောင်းအညာပြေမှုနဲ့အတူ လန်းဆန်းမှုကို ရရှိခံစားရ မှာပါ။ ထိုင်းနိုင်ငံက တင် သွင်းတဲ့ အလှပြင်ပစ္စည်းများ ဖြစ်တဲ့ Ninkala ၊ Le'manee ၊ AK'Miracle တို့ကိုလည်း ရောင်းချပေး လျက် ရှိပါတယ်။ Ninkala တံဆိပ်ကို ကျပ် သုံးသောင်းကျော် နဲ့ ရောင်းချပေးသလို Le' maneeတံဆိပ် ကိုတော့ ကျပ် ၃၇,ဝဝဝ ရောင်းချပေးပြီး AK'Miracle တံဆိပ်ကိုတော့ ၉ဝ,ဝဝဝ နဲ့ ရောင်းချပေးပါတယ်။

Traditional Thai Massage အတွက် မိနစ် ၉ဝ အတွက်ကို ကျပ် ၁၅,ဝဝဝ၊ မိနစ် ၁၂ဝ အတွက်ကိုတော့ ကျပ် နှစ်သောင်း ကျမှာ ဖြစ်ပါတယ်။

Foot Reflexology အတွက် မိနစ် ၆ဝ ကို ကျပ် ကိုးထောင် ၊ မိနစ် ၉ဝ အတွက် ကိုတော့ ကျပ် ၁၂,ဝဝဝ ဖြစ်ပါတယ် ။


Aromatherapy Massage အတွက် မိနစ် ၁၂ဝ ကို နှစ်သောင်းခွဲ ဖြစ်ပြီးHerbal Ball Massage အတွက် မိနစ် ၆ဝ ကို လေးသောင်းကျပ် ဖြစ်ပါတယ်။

Thai Herbal Steam အတွက် မိနစ် ၄ဝ ကိုတော့ ကျပ် နှစ်သောင်း ဖြစ်ပါတယ်။

Body Treatments က Thai Herbal Steam ၊ Whitening Body Scrub၊ Aroma- therapy Oil or Cream ၊ Whitening Body Lotion တို့ပါဝင်မှာဖြစ်ပြီး မိနစ် ၁၂ဝ အတွက်ကို ကျပ်ခြောက်သောင်းကျမှာ ဖြစ်ပါတယ်။ Body Scrub အတွက် မိနစ် ၆ဝ ကို ကျပ် ၃၂,ဝဝဝ ကျမှာ ဖြစ်တယ်။ဆိုင်ဖွင့်ချိန်ကတော့ မနက် ၁ဝနာရီကနေ ည ၁ဝ နာရီထိ ဖွင့်လှစ်ထားပါတယ်။

No comments: