Monday, February 24, 2014

ကံတောင် ဒေသခံ များ၏ စားဝတ်နေရေး အတွက် ရွှေလုပ်ကွက် လျှောက်ထားမှု အမြန် ရရှိရေး တောင်းဆို

ဟင်္သာ(တောင်တွင်းကြီး)

မန္တလေးတိုင်း ဒေသကြီးပြင်ဦး လွင်ခရိုင်စဥ့်ကူး မြို့နယ် ရှောက်ပင်ရိုး ကျေးရွာ အုပ်စု ကံတောင် ကျေးရွာ ရှိပလပ် မြေ (၇) ဧကတွင် ရွှေလုပ် ကွက်ကို သက်ဆိုင် ရာ မှ အမြန်ဆုံး ချပေး ပါရန် ကံတောင် ဒေသခံ ရွှေလုပ်သား များက တောင်းဆို ခဲ့ကြ သည်။

အဆိုပါ ကံတောင် ရွှေလုပ်သား ကုမ္ပဏီ ကို သတ္တုတွင်း ၀န်ကြီးဌာန တာဝန်ရှိ သူများ ၏ အကြံပြု ချက်အရ ကံတောင် ကျေး ရွာပိုင်မြေနှင့် အများပိုင် ကုမ္ပဏီ ဖြစ်စေ ချင် ပါသည်။ ရွှေလုပ် သားများ ၏ စားဝတ်နေ ရေး အတွက် ကံတောင်ရွှေ လုပ်သား ကုမ္ပဏီကို အဆိုတော် တသသ (ခ) မခိုင်၏ ငွေကြေး ကုန်ကျ စရိတ် ထုတ် မှုဖြင့် MD ဦးအေးမင်းစိုး အပါအ၀င် ကုမ္ပဏီ အဖွဲ့ ၀င်၉ဦးဖြင့် သက်ဆိုင်ရာ ၀န်ကြီး ဌာနတွင် လျှောက်ထား ခဲ့ပါသည်။

(၁၀-၂-၂၀၁၄) ရက်နေ့ တွင် ကံတောင် ရွှေလုပ်သား ကုမ္ပဏီ လက်မှတ် ရရှိခဲ့ကြောင်း (၁၃-၂-၂၀၁၄) ရက်နေ့တွင် အမှတ်(၂) သတ္တုတွင်း ၀န်ကြီး ဌာန၌ ပလပ်မြေ (၇) ဧကတွင် ကံတောင် ရွှေ လုပ်သား ကုမ္ပဏီ အတွက် ရွှေလုပ်ကွက် လျှောက် ထားပြီး ဖြစ်ကြောင်းနှင့် ရွာခံရွှေ လုပ် သားများ ၏စား ၀တ်နေ ရေး ကို အမြန်ဆုံး အဆင်ပြေ စေနိုင် ရန် အများပိုင် အဖြစ် ဖွဲ့စည်း ထား ခြင်းဖြစ်သည်။

ကံတောင် ရွှေလုပ်သား ကုမ္ပဏီ အတွက် ပလပ်မြေ (၇) ဧ ကနေရာ တွင်ရွှေလုပ် ကွက်ကို အမြန် ဆုံးချ ပေးလိုစေ ကြောင်း ကုမ္ပဏီ၏ မန်နေ ဂျင်း ဒါရိုက် တာဖြစ် သူက သတင်း မီဒီယာများ သို့ ထုတ်ဖော်ပြော ကြားသည်။ ယင်းရွှေ လုပ်ကွက်နှင့် ပတ် သက်၍ ကံတောင် ရွှေလုပ်သား ကုမ္ပဏီ အဖြစ်မလျှောက် ထားခင် က အခြေအနေ ကို ပိုင်ရှင်ဒေါ်ခိုင်ခိုင် ကသက်ဆိုင် ရာသို့ အသနား ခံ တင်ပြခဲ့သည်။

တင်ပြရာ တွင် နိုင်ငံတော်မှ တရားဝင် စီမံကိန်း ချမှတ် ထားသည့် လယ်ယာ မြေနှင့် ကင်း လွတ်နေ သည့် အဆိုပါ မြေ(၇)ဧက နေရာ၌ ကံတောင် ကျေးရွာဒေသ ခံအချို့ မှ၂၀၁၂ခုနှစ် မှစ၍ ရွှေတွင်းတူး ဖော်ခွင့် ရရှိ ခဲ့ကြောင်း ရွှေတွင်း တူးဖော်ခွင့် ကိုမြောက် ကျွန်းသူမမ ကုမ္ပဏီ လုပ်ကွက် မန်နေ ဂျာထံရွှေ တွင်း ဖောက် ခွင့်တောင်း ခံခဲ့သည်။

ရွှေတွင်း တစ်တွင်းလျှင် တွင်းဖောက် ခွင့်ကြေး အဖြစ် သတ္တုကြေးငွေ ၂သောင်း ကျပ်ကို တွင်းဖောက် သည့်အချိန်မှ စ၍လစဉ် ပေးသွင်း ရပြီး ကုမ္ပဏီ ဘက် မှပြင်ပ တွင်လုပ်သား စစ်ဆေးရေး ကဒ်ထုတ်ပေး ခဲ့ရာက ဒ်အတွက် ငွေ၁ သောင်း ၅ထောင် ကျပ်ကို လည်းပေး သွင်း စေပြီး ကုမ္ပဏီ တာဝန်ရှိ သူများ မှ ဒေသခံရွာ သားများ အားတရား ၀င် ရွှေတွင်း များတူးဖော် ခွင့် ကို ခွင့်ပြုပေး ခဲ့သည်။

ရွှေတွင်း တူးဖော်ခွင့် ရရှိပြီးနောက် (၇)ဧက နေရာများ ထဲတွင်ဒေသခံများ ၏ တွင်း၎တွင်း အနက် တွင်းတစ် တွင်းကိုဒေ သခံ ရွာသားများ၏ တောင်း ဆိုမှု အရ အဆိုတော် တသသ(ခ) ဒေါ်ခိုင်မှ ရွာသားများ စားဝတ်နေ ရေးပြေ လည်စေရန် အရင်း အနှီးစိုက် ထုတ် ၍ဒေသခံ ရွှေလုပ်သား မိသားစု၅၀ ကျော်ခန့်ဖြင့် တူးဖော် ခဲ့ရာ ငွေကျပ် သိန်း၁၂၀၀ ရာခန့် ရင်းနှီး စိုက် ထုတ် ကုန်ကျခဲ့ပါသည်။

လက်ရှိ တွင်ငွေကြေး ကုန်ကျ ခံ၍ တူးဖော်ခဲ့ ရသော ဒေသခံ ရွာသား များ၏ ရွှေတွင်းများ ကို ကုမ္ပဏီနှင့် နယ်မြေ ခံသတ္တု တွင်း တာဝန်ရှိသူ တို့မှ တရားဝင် ရွှေ လုပ်ကွက် အတွင်း မပါဝင် ဘဲပြင်ပ ပလပ်မြေ အတွင်းဖြစ် သည့် အတွက် ဟုပြောပြီး ရွှေတွင်း တူးဖော်ခြင်း များကို (၁၅-၁-၂၀၁၄)ရက်နေ့ တွင်နောက် ဆုံးထား ရပ်နား ပေးရန်၂၀၁၄ ခုနှစ် ဇန်န၀ါရီ လ ပထမ ပတ် တွင်လာရောက် တားမြစ်ခဲ့သည်။

၂၀၁၂ခုနှစ်မှ စတင်၍ ရွှေတွင်းများ တူးဖော်ခဲ့ သော်လည်း၂၀၁၄ ခုနှစ် တွင် ဒေသခံရွာ သားများ တူးဖော်နေ သော အဆိုပါ ရွှေ တွင်းများ သည် ကုမ္ပဏီ၏ တရားဝင် ရွှေလုပ် ကွက်တွင် မပါရှိ ဘဲပြင်ပ ပလပ်မြေတွင် ကျရောက် နေကြောင်း ကိုဒေသ ခံတွင်း ဦးစီး များမှ သိရှိခဲ့ရ သည်ဆို၏။ ၄င်းတို့ တားမြစ် ခဲ့သော နေ့မှစ၍ ယနေ့အချိန် ထိရွှေတွင်း တူး ဖော်မှုများ ကိုရွှေတွင်း ပိုင်ရှင် များမှ ရပ်နား ထားခဲ့ကြ ရပါသည်။

ရွှေတွင်း တစ်တွင်း တွင် အိမ်ထောင်စု ၆၀ နီးပါး လူဦေးရ ၃၀၀ ရာခန့်မျှ စားဝတ်နေ ရေးအတွက် မှီခိုရပ် တည်နေကြ ရသည့် အတွက် ရွှေတွင်း များ ပိတ်သိမ်း ခံရခြင်း ကြောင့် အိမ်ထောင်စု ၁၀၀၀ ကျော် လူဦးရေ ၅၀၀၀ ကျော် ခန့်ရှိသော ကံတောင် ကျေးရွာတွင် ဒေသခံ ရွှေလုပ် သားများမှာ အလုပ်ကိုင် အခွင့် အလမ်း နည်းပါး လာကာ စားဝတ် နေရေး အခက် ခဲကြုံ တွေ့ နေရသည်ဟု အဆိုတော် တသသ (ခ) မခိုင်ကတင်ပြထားသည်။

ကျွန်မတို့ လက်ရှိ အခြေအနေ မှာတော့ ကံတောင် ရွှေလုပ် သားကုမ္ပဏီ အမည်ဖြစ် တရားဝင် ကုမ္ပဏီ လိုင်စင်တော့ ကျပြီ။ ရွှေလုပ်ကွက် ရရှိရေး ကတင်ထား တုံး ပဲရှိသေး တယ်။ အမြန်ဆုံး ကျဖို့ မျှော်လင့်တယ် ။ဒေသ ခံတွေရဲ့ စားဝတ် နေရေးက တစ် နေ့ထက် တစ်နေ့ကျပ် သည်း လာတယ်။ လုပ်ကွက် ကျ ရင်တော့ ဒေသခံရွှေ လုပ်သားတွေ ရဲ့စားဝတ်နေ ရေးက အခက် အခဲမရှိ အောင် တာဝန်ယူ ပါမယ်လို့ ကတိပေး ပါတယ်။

တစ်နေ့ လုပ်မှတစ်နေ့ စားရမယ့်ဒေ သခံတွေ ကို ဦးစားပေး သွားမှာဟု သူမက ဆိုသည်။ ဒေသခံ ပြည်သူတွေ အတွက်တစ် နိုင် တစ်ပိုင် ရွှေလုပ်ကွက် အနေ နဲ့ လျှောက်တာ မရတဲ့ အတွက် သက်ဆိုင် ရာရဲ့လမ်းညွှန် မှုနဲ့ကံတောင် ရွှေလုပ် သား ကုမ္ပဏီ ကိုလျှောက်ခဲ့ တာပါ။ဒီ ကုမ္ပဏီ ကိုလျှောက် ထားခြင်း ဟာ တိုက်ဆောက် ကားစီး ဖို့ လျှောက် ထားခြင်း မဟုတ်ပါဘူး။

ရွှေလုပ်ငန်း ကိုအဓိက အားထား နေကြေ တဲ့ ကံတောင် ဒေသခံ ရွာသူရွာ သားတွေ စားဝတ်နေရေး အတွက် ရုန်းကန်နေ ကြ တဲ့ လုပ်သားတွေ အတွက် အခွင့် အလမ်း များရ ရှိရန် လျှောက် ထားခြင်းဖြစ် တယ်။ ရခဲ့ရင် ကံတောင် ဒေသခံ ရွှေလုပ်သား တွေ အတွက်ပဲ လုပ်ကိုင်စား သောက် ခွင့် ပေးမှာပါ။ ကုမ္ပဏီမှာ ပါဝင် တဲ့ဒါရိုက်တာ များသော်၎င်း ၊ပိုင်ရှင်သော် ၄င်း၊ အကျိုး အမြတ်ကို လက်ဝါးကြီး အုပ်ယူမှာ မဟုတ်ပါဘူး။

ဒါကိုလည်း ကျွန်တော်တို့ ကတိပေး ထားပြီး ဖြစ်ပါတယ်။ ကံတောင် ရွှေလုပ် သားကုမ္ပဏီ အနေနဲ့ဒီပလပ်မြေ (၇) ဧကကိုရ ခဲ့မယ် ဆိုရင် အရင်းနှီး စိုက် ထုတ်ပေး ထားတဲ့ အဆိုတော် တသသ က တစ်စု၊ ကျေးရွာ အတွက်တစ်စု ၊ဒေသခံ ရွှေလုပ် သားတွေ ကို နေ့စား အနေနဲ့မခိုင်းဘဲ အစုစား အဖြစ်နဲ့ခိုင်းမှာပါ။

ရရှိလာတဲ့ အကျိုး အမြတ်တွေ ကိုလည်း အတိအကျ ခွဲဝေပေး မှာပါဟု ကံတောင် ရွှေလုပ်သား ကုမ္ပဏီ ဒါရိုက် တာအဖွဲ့ ၀င်ဖြစ်သူ ဦးဇော်ဝင်း ကပြော ကြား သည်။ ဒီကံတောင်ကျေး ရွာမှာ ရှိတဲ့ ဒေသခံပြည်သူ တွေဟာ ရွှေတူးဖော်ခြင်း လုပ်ငန်းဖြင့် စားဝတ်နေ ရေးကို အဓိက ဖြေရှင်းနေ ရပါတယ်။

ဒါကြောင့် ကံတောင် ရွာခံ ရွှေလုပ်သား များက ယခင်တူး ဖော်ခဲ့ကြ သည့် (၇)ဧက နေရာတွင် သက်ဆိုင်ရာ မှပ လပ်မြေဟု သတ်မှတ် ကာပိတ် ထားခဲ့ တာကြောင့် သက်ဆိုင် ရာညွှန်ကြား ချက်အတိုင်း ကံတောင်ရွှေ လုပ်သား ကုမ္ပဏီ အမည်ဖြင့် လိုင် စင်လျှောက် တာကျပြီ။ သို့သော် လည်းရွှေလုပ် ကွက်လျှောက် တာနှောင့်နှေး ကြံ့ကြာ နေခြင်းနှင့် ပတ် သက်၍ အမြန်ဆုံး ရရှိ ရန် ဒေသခံ ရွှေလုပ်သား များက ရွှေလုပ် ကွက် ရရှိရန် သတ္တုတွင်း ဥပဒေ ကို အမြန်ဆုံး ရေးဆွဲ ချမှတ်ပေး ပါရန် ဖေဖော် ၀ါရီ (၁၄) ရက်နေ့ က ကံတောင်ကျေး ရွာတွင် ပြုလုပ်ခဲ့သော မီဒီယာ ရှင်း လင်းပွဲတွင် ဒေသခံ များက ဆန္ဒပြု တောင်းဆိုပြော ကြားခဲ့သည်။

မန္တလေး တိုင်းဒေ သကြီးပြင်ဦး လွင်ခရိုင် စဉ့်ကူးမြို့ နယ်ကျေးရွာ အုပ်စု ၃၆ အုပ်စုရှိပြီး ရွှေအများထွက် သည့် ဒေသများမှာ ကံတောင် ကျေးရွာ၊ ကျည်တောက် ပေါက်ကျေး ရွာ၊ နွယ်ရုံကျေး ရွာ၊ ဒိုးနွယ်ကျေး ရွာ ၊၀ါးဘိုး ချက်ကျေး ရွာ၊ ငါးပြားပေး ရွာများ ဖြစ် ပြီးရွှေရှာ သည့် ကုမ္ပဏီပေါင်း ၄၇ခုခန့် ရှိကြောင်း သိရှိရပြီး ကံတောင် ကျေးရွာတွင် အိမ်ထောင် စု ၁၁၀၀ ခန့်လူဦးရေ ၅၂၀၀ ကျော် ကျောင်းသား/ ကျောင်းသူ ၁၀၀ ခန့်ရှိပါသည်။

No comments: