Saturday, February 22, 2014

ကယားပြည်နယ် ငြိမ်းချမ်းရေးဖြစ်စဉ်များကို မြို့ပေါ်ရှိပြည်သူတချို့များထံ စစ်တမ်းကောက်ယူ

ဆန်းဖြိုးထွန်း၊ စူးမယ်

ကယား(ကရင်နီ)ပြည်နယ် ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်ပတ်သက်၍ Myanmar egress အဖွဲ့မှ မြို့ပေါ်ရှိပြည်သူများထံ သဘောထားဆန္ဒများကို လိုက်လံစစ်တမ်းကောက်ယူလျှက်ရှိသည်ဟု Myanmar egress မှဒေါ်နွယ်နွယ်စန်းက ပြောသည်။

Myanmar egress မှဒေါ်နွယ်နွယ်စန်းက ̏ မြို့နယ်တိုင်းမှာလုပ်တာမဟုတ်ဘူး အကယ်၍ တစ်ပြည် နယ်မှာလူဦးရေ တစ်ရာဆိုရင် တစ်ရာပြည့်ရင် ရပြီ။ အလွှာပေါင်းစုံဖြစ်ဖို့က အရေးကြီးတယ်။ သုတေသနကရရှိလာတဲ့ အဖြေတွေ နိုင်ငံအတွက်အဖြေတွေပေါ့ ပြည်သူတွေကလည်း အစစ်မှန်ဆုံးကို ပေးနိုင်ပြီးတော့မှ မှုဝါဒကောင်းကို ထွက်ဆိုတဲ့ ရည်ရွယ်ချက်နဲ့တော့ လုပ်တာပေါ့နော် ״ဟု ကန္တာရဝတီတိုင်း(မ်)သို့ ရှင်းပြသည်။

ဒီးမော့ဆိုမြို့ရှိ ဒေသခံပြည်သူတချို့ကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် မော့ဒူကလားမေး ကေ့ထျိုးဘိုး ခန်းမဟော်တွေ့ဆုံမေးမြန်းခဲ့သည်။

̏ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ပါတ်သက်တဲ့ ပြည်သူတွေရဲ့သဘောထားကို စစ်တမ်းကောက်တယ် ငြိမ်းချမ်းရေး ဖြစ်စဉ် မှာပြည်သူတွေက ဘယ်လိုဘာဘောထားလဲဆိုတာကို သိချင်လို့ ״ ဟု ဒေါ်နွယ်နွယ်စန်းက ဆက်ပြောသည်။

မြန်မာနိုင်ငံရှိ ငြိမ်းချမ်းရေး ဖြစ်စဉ်များအပေါ် လုပ်ငန်းလုပ်ဆောင်ချက်များ အားရကျေနပ်မှုရှိမရှိကို ပြည်သူတွေ လွတ်လပ်စွာဖြေကြားနိုင်ရန် မေးခွန်းများပြု လုပ်ပေးထားပြီး မိမိတို့ရဲ့သဘေားထားအစစ်အမှန်များ ကိုဖြေကြားပေးရုံသာဖြစ်သည်ဟု ဆိုသည်။

ဒီးမော့ဆိုမြို့မှ ဦးရှေးဖဲက ̏ ဒီလိုအဖွဲ့အစည်းမျိုးက ကျနော်ကြားတော့ ကြားနေရတာကြာပြီပေါ့နော်။ ဒါပေမယ့် ကျနော်ကိုယ်တိုင်တစ်ခါမှမတွေ့ဖူးဘူးပေါ့။ အခုသူတို့လာတော့ ကိုယ်ပြောချင်တဲ့ အကြောင်းအရာကို ပွင့်ပွင့်လင်းလင်းပြောတယ်။ သူတို့သိချင်တဲ့အချက်အလက်အဲထဲမှာ ပါတဲ့အခါကျတော့ ကျေနပ်ပါတယ်။ ကျနော်လည်းတော်တော်နဲ့ ဖြေခဲ့ ပါတယ်״လို့ပြောသည်။

မြန်မာတနိုင်ငံလုံးရှိ ငြိမ်းချမ်းရေးလုပ်ဆောင်ချက်များတွင် အဓိကပါဝင်စေလိုသူများ၊ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းများအပေါ်အားရကျေနပ်မှု ရှိမရှိ ၊ရှေ့ဆက်ပြီး ငြိမ်းချမ်းရေးလုပ်ဆောင် ချက်များအပေါ် ခန့်မှန်းခြင်း၊ ငြိမ်းချမ်းရေး ပြုလုပ်ရာတွင် လည်းဒေသခံတွေအပေါ် လိုအပ်ချက်တွေဖြည့်ဆည်း ပေးနိုင်မှု စတဲ့ မေးခွန်းများကို ဖြေဆိုစေခဲ့တာဖြစ်သည်။

အခုလိုပြည်သူများရဲ့ သဘေားထားဆန္ဒများကို စစ်တမ်းကောက်ယူ ရာမှရရှိလာတဲ့ ရလဒ်များကိုစာအုပ်ထုတ် ကာသက်ဆိုင်ရာများ ကို ပြန်လည်ပေးအပ်ကာ ပြည်သူများကိုလည်း ပေအပ်မှာဖြစ်ပြီး ယခုကဲ့သို့ ပြည်သူများရဲ့ ဆန္ဒသဘေားထားများကို ပွင့်ပွင့်လင်းလင်းထုတ်ဝေလိုက်ခြင်းဖြင့်လည်း မူဝါဒရေးဆွဲသူများ အတွက်လည်း တစ်စိတ်တစ်ပိုင်းအကျိုးပြုနိုင်မည်ဟုသိရသည်။

No comments: