ဒဗလော့ဗင်းတယ်လီကွန်း
မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်မည့် နော်ဝေတယ်လီနောကုမ္ပဏီ သည် မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းများဆောင်ရွက်ရာတွင် သုံးနှစ်တာကာလ အတွင်း ၀င်ငွေနှင့်ထွက်ငွေ ညီမျှလာနိုင်ဖွယ်ရှိသည်ဟု တယ်လီနောကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် ဂျွန်ဖရက်ဒရစ် ဘက်ဆား(စ်)ကပြောသည်ဟု Developing Telecoms က ဖေဖော်ဝါရီ ၁၉ ရက်တွင် ရေးသားဖော်ပြသည်။
တယ်လီနောကုမ္ပဏီသည် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မလေးရှား၊ ပါကစ္စတန်နှင့် ထိုင်းနိုင်ငံတို့ကဲ့သို့သော ပြည်တွင်းအသားတင်ထုတ်ကုန်တန်ဖိုး (GDP) နည်းပါးသည့် နိုင်ငံများတွင် ဈေးကွက်အတွေ့အကြုံများ ရရှိထားပြီးဖြစ်သည်ဟုလည်း မြန်မာတယ်လီနောအမှုဆောင်အရာရှိချုပ် ပီတာဖားဘတ်က ပြောသည်။
တယ်လီနောကုမ္ပဏီနှင့် အူရီးဒူးကုမ္ပဏီတို့သည် မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း များဆောင်ရွက်ခွင့်ရရှိထားသည့် ကုမ္ပဏီနှစ်ခုဖြစ်ပြီး တယ်လီနောအနေဖြင့် လာမည့်ရှစ်လအတွင်း ဆက် သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်နိုင်ရန် ရည်မှန်းထားသည်ဟု သိရသည်။
တယ်လီနောအမှုဆောင်အရာရှိချုပ်က ဘက်ဆား(စ်)က မြန်မာနိုင်ငံတွင် အဖွဲ့အစည်းများ၏စွမ်းဆောင် နိုင်စွမ်းမှာ အားနည်းမှုများရှိနေသေးကြောင်း၊ နည်းဥပဒေနှင့် စည်းကမ်းများမှာလည်း နုနယ်သေး ကြောင်း၊ ဈေးကွက်၌ စွန့်စားဆောင်ရွက်ရာတွင် အန္တရာယ်များရှိနေသေးကြောင်း၊ မြေယာပိုင်ဆိုင်မှု မှတ်ပုံ တင်များ ပြည့်ပြည့်စုံစုံမရှိသေးသောကြောင့် ပိုင်ဆိုင်မှုအငြင်းပွားခြင်းများဖြစ်လာနိုင်ပြီး အခြေခံအဆောက် အအုံတည်ဆောက်ရေးလုပ်ငန်းများကို ထိခိုက်လာနိုင်ကြောင်း ပြောဆိုခဲ့သည်။
မြန်မာတယ်လီနော၏ အမှုဆောင်အရာရှိချုပ် ဖားဘတ်ကလည်း မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား မလုံ လောက်မှု အခြေအနေ၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲနှင့် အခြားအခက်အခဲများအကြောင်းကို လည်း ပြောဆိုခဲ့သည်ဟု အထက်ပါသတင်းက ဆိုသည်။
သို့သော်လည်း မည်ကဲ့သို့သောအခြေအနေများရှိနေသည်ဖြစ်စေ မြန်မာနိုင်ငံအနှံ့တွင် ဆက်သွယ်ရေး ကွန်ရက်များ တည်ထောင်၍ အကျိုးအမြတ်ရရှိအောင် ဆောင်ရွက်သွားမည်ဖြစ်သည်ဟု တယ်လီနော အမှုဆောင်အရာရှိချုပ် ဘက်ဆားနှင့် မြန်မာတယ်လီနောအမှုဆောင်အရာရှိချုပ် ဖားဘတ်တို့ကပြောဆိုခဲ့ သည်ဟုလည်း အထက်ပါသတင်းတွင် ရေးသားဖော်ပြသည်။
တယ်လီနောကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်ရန် ဒေါ် လာသန်း ၁,၀၀၀ ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး ဒေါ်လာ ၅၀၀ ကို လိုင်စင်ရရှိရေးအတွက် အသုံးပြုမည်ဖြစ်သည်။
တယ်လီနောသည် မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများကို ၁၅ နှစ်တာ ဆောင်ရွက် ခွင့်ရရှိမည်ဖြစ်ပြီး၊ နောက်ထပ် ၁၅ နှစ် သက်တမ်းတိုးခွင့်ရှိသည်ဟုလည်းDeveloping telecoms တွင် ရေးသားဖော်ပြထားသည်။
No comments:
Post a Comment