အောင်ကိုဦး
ဧရာဝတီမြစ်ကိုမှီခို၍ အသက်မွေး ၀မ်းကျောင်းနေကြသူအများစု၏ ကျူးကျော်တဲများကို ရှင်းလင်းဖယ် ရှားပြီး ဧရာဝတီမြစ်အနီးရှိ စည်ပင်ပိုင်မြေပေါ်တွင် တိုက်ခန်းများဆောက်၍ ပေးသွားရန် စီစဉ်နေသည်ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ တွဲဖက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်းက ဖေဖော် ၀ါရီ ၁၉ ရက်တွင် မဇ္ဈိမကို ပြောသည်။
ဧရာဝတီမြစ်ဘေးတစ်လျှောက် တဲထိုးနေကြသူအများစုသည် ကုန်တင်ကုန်ချ၊ သဲတင်၊ ထင်းသယ်၊ ၀ါး ချ လုပ်ကိုင်ကြသူများ ဖြစ်သည်။ ထိုသူများအား နှစ်ကြိမ် ရှင်းလင်းဖယ်ရှားခဲ့ပြီးသော်လည်း ပြန်လည်နေ ထိုင်ကြသောကြောင့် ဧရာဝတီမြစ်နှင့် နီးသောနေရာကို ရွေးချယ်စီစဉ်ရခြင်းဖြစ်သည်ဟု ၎င်းက ပြော သည်။
“ကျွန်တော်တို့က သူတို့ကို ဝေးရာကို ရွှေ့ပြီး နေရာပေးလိုက်လည်း သူတို့က ဒီနေရာပဲ ပြန်လာကြမှာ။ အဓိကပြဿနာက သူတို့အသက်မွေးဝမ်းကျောင်းအလုပ်က ဒီမှာဖြစ်နေတာပဲ။ ကျွန်တော်တို့ ရွှေ့ပေး ထားတဲ့နေရာကနေလာတော့ ခရီးစရိတ်က နေ့စဉ် ကုန်နေတယ်။ ကလေးတွေလည်း ထားခဲ့ရတယ်။ သူတို့ရဲ့ အဲဒီအခက်အခဲကိုတွေ့လို့ ကျွန်တော်တို့က ဧရာဝတီနဲ့နီးတဲ့နေရာကို ရွေးပြီး စီစဉ်တာပါ။ ဒါက လည်း စဉ်းစားထားတဲ့အဆင့်မှာပဲ ရှိပါသေးတယ်”ဟု ဦးသက်နိုင်ထွန်းက ပြောသည်။
တိုက်ခန်းများပေးရန် မြစ်ဘေးတဲထိုးနေထိုင်သူများအား စာရင်းကောက်ယူ စိစစ်သွားမည်ဖြစ်ရာ အပြင်လူများကို ပေးမည်မဟုတ်ဘဲ တိုက်ခန်းများကို အထပ်မည်မျှဆောက်ရမည်ကို မတွက်ချက်ရသေးဟု ဆို သည်။
အဆိုပါနေရာသည် စစ်ကိုင်းပြတ်ရွေ့ကြောပေါ်တွင် ရှိသောကြောင့် သေချာတွက်ချက် တည်ဆောက်ရ မည်ဖြစ်ပြီး တိုက်ခန်းများဆောက်ပြီးပါက ငှားရမ်းနေထိုင်ခွင့်ပေးမည်၊ ရောင်းချပေးမည်ကို စည်ပင်သာ ယာရေးကော်မတီက မဆုံးဖြတ်ရသေးကြောင်း၊ ဧရာဝတီမြစ်ဘေး နေထိုင်လုပ်ကိုင် စားသောက်သူများ ကိုသာ ပေးသွားမည်ဖြစ်ပြီး နေထိုင်ခွင့်ရရှိသူများက တစ်ဆင့်ရောင်းချခွင့်နှင့် ငှားရမ်းခွင့်မရှိကြောင်း၊ စီမံ ကိန်းကိုအသေးစိတ်ဆွေးနွေးပြီးပါက စည်ပင်သာယာရေးကော်မတီက သတင်းထုတ်ပြန်မည်ဟု တွဲဖက် အတွင်းရးမှူး ဦးသက်နိုင်ထွန်းက ပြောသည်။
ဧရာဝတီမြစ်ဘေးတွင် တဲထိုးနေကြသူများ၏ အလုပ်အကိုင်အခွင့်အလမ်း တိုးတက်ရရှိစေရန်နှင့် နေထိုင်မှုအဆင့်အတန်း မြင့်မားလာစေရန် ရည်ရွယ်ပြီး ဧရာဝတီ မြစ်ကမ်းတစ်လျှောက် လှပသာယာရန် အတွက်လည်း ရည်မှန်းထားသည်ဟု ၎င်းက ဆိုသည်။
တိုက်ခန်းများ ဆောက်လုပ်မည့်နေရာသည် အောင်မြေသာစံမြို့နယ်၊ မင်းတဲအီကင်းရပ်ကွက်၊ ဧရာဝတီ မြစ်အရှေ့ဘက်ရှိ စည်ပင်ပိုင်မြေနေရာဖြစ်သည်။
No comments:
Post a Comment