Friday, February 21, 2014

TNLA တပ်များ ခမရ ၅၀၆ တို့ နှင့် ဆက်တိုက် တိုက်ပွဲဖြစ်ပွားနေ

ရွှေဟင်္သာ

တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA) တပ်ရင်း (၃၆၇) တပ်ဖွဲ နှင့် ခမရ (၅၀၆) တပ်ဖွဲ့ တို့ ရှမ်း ပြည်မြောက်ပိုင်း မန်တုံမြို့နယ်လွယ် ကန် နှင့် ကုန်းယောင်း ကျေးရွာအကြားတွင် ယနေ့ ညနေ(၃) နာရီခွဲ မှ (၄) နာ ရီ (၁၅) မိနစ်ခန့် အထိ ထပ်မံ တိုက်ပွဲဖြစ် ပွားခဲ့သည် ဟု TNLA ပြန်ကြားရေး က ဆိုပါသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်လန်မြို့ အခြေစိုက် ၅၀၆ စစ်ကြောင်းသည် မန်တုံမြို့နယ် လွယ်ကန် ကျေးရွာ မှ စထွက် ကတည်းက စစ်ကွက်အား အရင် ကျည် ရှင်း စနစ် ဖြင့် လက်နက်ကြီး များ အဆက် မပြတ် ပစ်ခတ်ပြီး တောင်ပေါ် တော တန်း သို့ တက်လာခဲ့ ခြင်းဖြစ် ကြောင်း ဆိုပါသည်။

ဤကဲ့သို့ လက်နက် ကြီးများ ပစ်ခတ်ပြီး အသံပေး ချီတက်လာနေ သော ခမရ (၅၀၆) စစ်ကြောင်းအား အသင့်စောင့် နေသော (TNLA) တပ်ရင်း (၃၆၇) တပ်ဖွဲ့တို့က မိနစ်၂၀ ကျော် အပြင်း အထန် တိုက်ခိုက် လိုက်ပါသည်။ဤကဲ့သို့ တိုက်ခိုက် လိုက်သဖြင့် ခမရ (၅၀၆) စစ်ကြောင်းမှ တပ်ဖွဲ့များ ရှေ့မတိုး တော့ဘဲ (၁၅)မိနစ်ခြား တကြိမ် လက်နက် ကြီးဖြင့် ပစ်ခတ်နေ ခဲ့ပါသည်။

ယင်းတိုက် ပွဲ၏ ထိခိုက် သေဆုံးမှု အခြေအနေ များကို မသိရသေး သော်လည်း နေရာကောင်း ယူပြီး ချေမှုန်း လိုက် သည်ဟု TNLA ဖက်က ဆိုပါသည်။ ဤတပ်ဖွဲ့ နှစ်ဖွဲ့သည် ပြီးခဲ့သည့် ဖေဖေါ်ဝါရီ (၁၈) ရက်နေ့ တွင်လည်း မန်တုံမြို့ နယ် နမ့်ပါကျိုင် ကျေးရွာ အနီးတွင် မထင်မှတ်ဘဲ (၁၅)မိနစ်ကြာ ထိပ်တိုက် တိုက်ပွဲဖြစ်ပွား ခဲ့ပါသေးသည်။

No comments: