Monday, February 3, 2014

နယ်စပ်က မြန်မာစစ်စခန်းတွေ ပြန်ရုတ်သွားပြီဟု ဘင်္ဂလာကဆို

နိရဉ္စရာ

ဘင်္ဂလာဒေခ်ျ့ နယ်စပ် အနီး မြန်မာဘက်က တည်ဆောက်ထားတဲ့ စစ်စခန်း (၄) ခုကို ဘင်္ဂလာဒေခ်ျ့က ကန့်ကွက်ပြီးတဲ့နောက်ပိုင်းမှာ ပြန်ရုတ်သိမ်းသွားပြီ ဖြစ်တယ်လို့ ဘင်္ဂလာအာဏာပိုင်တွေက ပြောပါတယ်။

အမှတ် ၃၁ ဘီဂျီဘီ တပ်ရင်းမှူး Lt Col Md Shafiqur Rahman က မြန်မာဘက်က စစ်စခန်းတွေ ရုတ်သိမ်းသွားတာကို Dhaka Tribune သတင်းစာကို မနေ့က အတည်ပြု ပြောကြားခဲ့ပါတယ်။

“ အခု မြန်မာဘက်က စစ်စခန်းတွေကို ကျွန်တော်တို့ကန့်ကွက်ပြီးတဲ့နောက်ပိုင်းမှာ ရုတ်သိမ်းသွားခဲ့တယ်။ ခုလို ရုတ်သိမ်းသွားတဲ့ အတွက် နယ်စပ်အခြေအနေက ပုံမှန်အတိုင်းနဲ့ တည်တည်ငြိမ်ငြိမ် ရှိပါတယ်” ဟုသူက အတည်ပြု ပြောကြားပါတယ်။

မြန်မာ စစ်တပ်ဟာ နိုင်ငံတကာ နယ်စပ်မျဉ်းကြောင်း (စီရို)လိုင်းကနေ ကိုက် ၃၀၀ အကွာမှာ စစ်စခန်း (၄) ခုကို တည်ဆောက်ခဲ့တယ်လို့ ဘင်္ဂလာဒေခ်ျ့က စွပ်စွဲခဲ့ပြီး ဒါတွေကို ရုတ်သိမ်းပေးဖို့ မြန်မာ အာဏာပိုင်တွေကို တောင်းဆိုခဲ့ပါတယ်။

No comments: