Wednesday, February 19, 2014

ဘုရားပေါ်တွင် အမျိုးသမီးတစ်ဦး ဘာမီတွန်သောက် သေကြောင်းကြံ

ဇော်ဇော်ထွေး

တွံတေးမြို့နယ်ရှိ ဘုရားကြီးစေတီ၊ ရင်ပြင်ပေါ်တွင် အမျိုးသမီးငယ်တစ်ဦး ဘာမီတွန်ဆေးပြား ၄ဝ သောက်ပြီး မိမိကိုယ်ကို သေကြောင်းကြံစည်မှုတစ်ခု ဖေဖော်ဝါရီ ၁၆ ရက်က ဖြစ်ပွားခဲ့သည်။

ယင်းနေ့ ည ၉နာရီက တွံတေးရဲစခန်းက တွံတေးမြို့နယ်၊ ဘုရားကြီးကျေးရွာ၊ ဘုရားကြီးရင်ပြင်တော်ပေါ်တွင် အမျိုးသမီးတစ်ဦး ဘာမီတွန်ဆေးပြားများသောက်၍ ကော့မှူး ဆေးရုံသို့ ရောက်ရှိနေစဉ် သွားရောက်စစ်ဆေးခဲ့သည်ဟု တိုင်းရဲတပ်ဖွဲ့က ဆိုထားသည်။

ထို့ကြောင့် သေကြောင်းကြံစည်သူမှာ ကော့မှူးမြို့နယ် နတ်စင်ကုန်းကျေးရွာအုပ်စု၊ ဘောလုံကွင်းကျေးရွာနေသည့် မဇင်နွယ်ဝင်း (၂ဝ)နှစ်ဖြစ်သည်ဟု အတည်ပြုခဲ့သည်။

သူမသည် ဘာမီတွန်းဆေးပြား (၄ဝ)ပြားကျော်ကို သောက်သုံးပြီး မိမိကိုယ်ကို သေကြောင်းကြံစည်ခြင်း ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ သည်။

ထို့ကြောင့် သူမကို တွံတေးရဲစခန်းက (ပ)၅၇/၂ဝ၁၄ဖြင့် အမှုဖွင့်ပြီး ပြစ်မှုပုဒ်မ ၃ဝ၉ ဖြင့် အရေးယူသွားမည်ဟု ဆိုသည်။

ဖေဖော်ဝါရီ ၅ ရက်နေ့ကလည်း ရွှေတိဂုံစေတီတော် ရင်ပြင်ပေါ်တွင် အသက် (၂၅)နှစ်ရှိ အမျိုးသမီးတစ်ဦး ပိုလိုပိုးသတ်ဆေးများသောက်၍ သေကြောင်းကြံစည်ခဲ့သဖြင့် ဒဂုံရဲစခန်းက (ပ)၂၆/၂ဝ၁၄ဖြင့် အမှုဖွင့်ပြီး ပြစ်မှုပုဒ်မ ၃ဝ၉ဖြင့် အရေးယူခဲ့သည်။

No comments: