မင်းမင်း
မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ အသုံးစရိတ်လျာထားမှုမှာ နေရာဒေ သအလိုက် သုံးစွဲရန်ငွေပမာဏမှာ အလွန်ကွာခြားနေသည်ဟု ပြည်သူ့လွှတ်တော်၏ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်က ပြည်ထောင်စုလွှတ်တော်သို့ တင်ပြလိုက် သည်။
လာမည့် ဘဏ္ဍာနှစ်အတွက် မွေး/ရေ ၀န်ကြီးဌာနက နိုင်ငံပိုင်လုပ်ငန်းတွင်သုံးစွဲရန် လျာထားငွေမှာ ကျပ် ၃၂၄,၅၇၃ ဒသမ၇၁၅ သန်းဖြစ်ပြီး တိုင်းဒေသ တစ်ခုတည်းတွင်ပင် မြို့နယ်အလိုက် သုံးစွဲရန်ကွာခြားမှု မှာ အလွန်ကွာခြားနေသည်ဟု ထောက်ပြခြင်း ဖြစ်သည်။
“ပြန်လည်လျာထားပေးပါရန် ဆိုတာ အညီအမျှမဟုတ်ပါဘူး။ အခြေအနေအရ ရပိုင်ခွင့်တူညီဖို့ ဖြစ်ပါ တယ်” ဟု ကော်မရှင်ကိုယ်စား သာပေါင်းမြို့နယ်အမတ် ဦးဝင်းသန်းက ဖေဖော်ဝါရီ ၁၀ ရက်က ပြည်ထောင်စုလွှတ်တော်တွင် ရှင်းပြခဲ့သည်။
ဦးဝင်းသန်းက ပြည်ထောင်စုလွှတ်တော်တွင် ရှင်းပြခဲ့ရာ ဧရာဝတီတိုင်းအတွင်းရှိ ကျေးလက်လမ်း၊ တံတားလုပ်ငန်းတွင် ငပုတောမြို့နယ်အတွက် ကျပ် သန်း ၆,၃၅၆ ကျော် လျာထားသော်လည်း ဒေးဒရဲ မြို့နယ်၌ ကျပ် ၁၈ ဒသမ ၇ သန်း သာ လျာထားသည်ဟုဆိုသည်။
ယင်းအပြင် ရေရရှိရေးလုပ်ငန်းအတွက်ပဲခူးတိုင်းအတွင်းရှိ သနပ်ပင်မြို့နယ်အတွက် သန်းပေါင်း ၃၀၈ သန်းသုံးမည် ဖြစ်သော်လည်း နတ်တလင်းတွင် ကျပ်ငွေ ခြောက်သိန်းကျော်သာ ရှိသည်ဟုလည်း ရှင်းပြ ခဲ့သည်။
“ဥပမာ စိုက်ပျိုးရေရရှိရေးမှာ ဆည်တည်လို့ရတဲ့မြို့မှာ ဆည်တည်တဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ တူးမြောင်းပဲသွယ်ရ တဲ့ ရေရရှိရေးကတော့ တော်တော်ကွာမှာ ဖြစ်ပါတယ်။ ဒါမျိုးကကွာလို့ အဓိပ္ပာယ် ရှိပါတယ်။ အခု တင်ပြတဲ့ ရေရရှိရေးက ရေတွင်းလုပ်ငန်း အတူတူ၊ အ၀ီစိတွင်းလုပ်ငန်းအတူတူကွဲလွဲခြင်း ဖြစ်ပါတယ်” ဟု ၎င်း က ဆိုသည်။
မွေး/ရေ၀န်ကြီးဌာန၏ လျာထားမှု အသုံးစရိတ်တွင် ၀န်ကြီးရုံးအတွက် ကျပ်၁၉၂ ဒသမ ၇၈၂ သန်း၊ မွေး မြူရေးနှင့် ရေလုပ်ငန်းညွှန်ကြားမှု ဦးစီးဌာနအတွက် ကျပ် ၁၇၁ ဒသမ ၁၆၈ သန်း၊ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနအတွက် ကျပ် ၆,၂၇၄ ဒသမ၄၀ သန်း၊ ငါးလုပ်ငန်းဦးစီးဌာနအတွက် ကျပ် ၂,၀၆၃ ဒသမ ၈၀၀ သန်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအတွက် ကျပ် ၃၁၅,၇၆ ဒသမ ၄၃၈ သန်းနှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်အတွက် ကျပ် ၁၃၇ ဒသမ ၁၈၇ သန်းတို့ဖြစ်သည်။
No comments:
Post a Comment