Friday, February 21, 2014

သိမ်းဆည်းမြေတွေ ပြန်ရဖို့ အထောက်အထားနဲ့ မြေစာရင်းရုံးကို တင်ပြနိုင်

ABC

စစ်အစိုးရ ​လက်ထက်တုန်းက ​သိမ်းယူခဲ့တဲ့ ​လယ်ယာမြေတွေကို ​လက်ရှိ ​အစိုးရ ​လက်ထက်မှာ ​ပြန်လည်ပေးအပ်ဖို့ ​အတွက် ​မြေသိမ်းဆည်းခံရသူတွေက ​ပိုင်ဆိုင်မှု ​အထောက်အထား ​ပြပြီး ​နေပြည်တော် ​ခရိုင် ​နဲ့ ​မြို့နယ် ​မြေစာရင်းရုံးတွေ ​မှာ ​လာရောက် ​စုံစမ်းနိုင်ပြီလို့ ​သမ္မတ ​ပြောခွင့်ရှိသူ ​ဦးရဲ့ထွဋ်က ​အေဘီစီ ​ကိုပြောပါတယ်။

မြေအသုံးချမှု ​စီမံခန့်ခွဲရေးကော်မတီရုံးတွေကို ​အစိုးရ ​ရုံးစိုက်ရာ ​နေပြည်တော်မှာ ​အရင်ဆုံး ​ဖွင့်လှစ်လိုက်တာဖြစ်ပြီးတော့ ​စစ်တပ်က ​ပြန်လည်စွန့်လွတ်ပေးတဲ့ ​မြေတွေမှာ ​မိမိတို့ရဲ့ ​သိမ်းဆည်းခံ ​လယ်မြေတွေ ​ပါဝင်ခြင်း ​ရှိမရှိကို ​စုံစမ်းနိုင်အောင် ​စီစဉ်ပေးတာ ​ဖြစ်တယ်လို့ ​လည်း ​ဦးရဲထွဋ်က ​ပြောပါတယ်။

“အရင်တုန်းက ​စီမံကိန်းတွေ ​အတွက် ​ကျနော်တို့ ​သိမ်းခဲ့တဲ့ ​မြေတွေရှိတယ်။ ​အဲဒီထဲက ​မှ ​အချို့ဟာတွေကို ​လွှတ်တော် ​ကော်မရှင်ရဲ့ ​စုံစမ်းတွေ့ရှိချက်နဲ့ ​စုံစမ်းတယ်။ ​သက်ဆိုင်ရာ ​မြေတွေကို ​အသုံးပြုထားတဲ့ ​ဌာနတွေ ​အနေနဲ့ ​ပိုနေသလား ​မေးပါတယ်။ ​ပိုနေတယ်ဆိုတဲ့ ​မြေတွေကို ​သူတို့ ​က ​ပြန်အပ်ပေးတယ်။ ​ပိုနေတဲ့ ​မြေတွေကို ​ကျနော်တို့ ​က ​သူတို့ ​ပိုင်တယ်လို့ ​ပြောတဲ့ ​လူတွေကို ​အထောက်အထာ ​ပြန်တောင်းတဲ့ ​သဘောဖြစ်ပါတယ်။”


နေပြည်တော် ​မှာလိုပဲ ​အခြား ​မြို့နယ် ​နဲ့ ​ခရိုင်တွေ ​အလိုက်နောက်ပိုင်းမှာ ​အထွေထွေ ​အုပ်ချုပ်ရေး ​ဦးစီးဌာန ​ရုံးတွေကနေ ​တစ်ဆင့်မြေယာတွေ ​ပြန်လည် ​ရရှိရေး ​အတွက် ​ဆက်သွယ်နိုင်မှာ ​ဖြစ်တယ်လို့ ​သူ ​ကပြောပါတယ်။

လယ်ယာမြေ ​သိမ်းဆည်းခံထားရတဲ့ ​သူတွေကို ​သူတို့ ​သိမ်းဆည်းခံထားရတဲ့ ​မြေတွေ ​ပါမပါ ​ပြန်လည် ​စိစစ်နိုင်ဖို့ ​အတွက် ​မြေစာရင်းရုံးတွေရဲ့ ​တိုက်ရိုက်ဖုန်းနံပတ်တွေ ​ပေးထားပြီး ​ဆက်သွယ်နိုင်အောင် ​အစိုးရ ​ပိုင်သတင်းစာတွေမှာ ​ဖေဖော်ဝါရီလ ​၂၀ ​ရက်နေ့ ​က ​တရားဝင် ​ဖော်ပြလာတာကိုလည်း ​တွေ့ရပါတယ်။

စစ်အစိုးရ ​လက်ထက်က ​မြေသိမ်းဆည်းမှုတွေ ​လုပ်တဲ့ ​နေရာမှာ ​ပုံစံ ​အမျိုးမျိုး ​နဲ့ ​သိမ်းယူ ​ခဲ့ပြီးတော့ ​လက်ရှိ ​အချိန်ကျမှ ​အထောက်အထားနဲ့ ​ပြန်လည်ပြီး ​မိမိမြေ ​ဖြစ်ကြောင်း ​ပြောရမဲ့ ​ဆိုတဲ့ ​အချက်ကိုတော့ ​အများက ​ဝေဖန်နေပါတယ်။

သမ္မတရဲ့ ​ပြေခွင့် ​ရှိသူ ​ဦးရဲထွဋ်ကတော့ ​အဲဒီလို့ ​ပြောဆိုချက်တွေကို ​အခုလို ​ပြန်လည် ​တုန့်ပြန်ပါတယ်။

“သူတို့က ​လုပ်ထုံး ​လုပ်နည်းတွေ ​ကို ​နားမလည်လို့ ​၊ ​တပ်မတော် ​က ​သိမ်းထားရင် ​တပ်မတော်က ​ပြန်ပေးရမယ်၊ ​စက်မှု ​က ​သိမ်းထားရင် ​စက်မှု ​၀န်ကြီးဌာနက ​တိုက်ရိုက် ​ပြန်ပေးရမယ်၊ ​လို့ ​ထင်တယ်။ ​အမှန် ​က ​မြေယာ ​သိမ်းမှု ​က ​အဲဒီလို ​မဟုတ်ဘူးဗျ။ ​နိုင်ငံတော်စီမံကိန်းတို့လို ​မြေတွေကို ​စီမံကိန်း ​အသုံးပြုဖို့ ​မြေယာ ​ခန့်ခွဲမှု ​ကို ​စလုပ်တာက ​အထွေထွေ ​အုပ်ချုပ်ရေး ​ဦးစီဌာနက ​စ ​လုပ်တာ။ ​အဲဒီလိုမျိုး ​ကျနော်တို့ ​က ​သွားတာ”

ပြည်နယ်နဲ့ ​တိုင်း ​၁၄ ​ခု ​အပါအဝင် ​နေပြည်တော် ​ကောင်စီနယ်မြေထဲမှာ ​စစ်တပ်က ​သိမ်းယူခဲ့တဲ့ ​လယ်ယာမြေတွေထဲကနေ ​ဖေဖော်ဝါ၇ီလ ​၆ ​၇က်နေ့ ​အထိ ​ထပ်မံ ​စိစစ်ပြီး ​စွန့်လွှတ်ပေးမှုအပြီးမှာတော့ ​လယ်ယာမြေ ​ဧက ​၁ ​သိန်းခွဲကျော်ကို ​စွန့်လွတ်ပြီးဖြစ်တယ်လို့ ​ကာကွယ်ရေး ​၀န်ကြီးဌာန ​မှ ​ထုတ်ပြန်ကြေညာခဲ့တဲ့အကြောင်း ​ရေဒီယိုသြစတြေးလျ ​သတင်းထောက် ​မဝေစန္ဒာကျော်က ​သတင်းပေးပို့ထားပါတယ်။

No comments: