Friday, February 21, 2014

လက်ရေးမူတူညီသည့် အကြံပြုချက် တစ်သိန်းကြောင့် ဖွဲ့စည်းပုံပြင်ရေး မထိခိုက်ဟုဆို

ဥာဏ်လှိုင်လင်း

တူညီသောလက်ရေးမူများဖြင့် ပြဋ္ဌာန်းချက်အချို့ မပြင်လိုဟုဆိုကာ ပေးပို့ထားသည့် အကြံပြုချက် တစ် သိန်းကျော်ကြောင့် ဖွဲ့စည်းပုံပြင်ဆင်ရေး ထိခိုက်လိမ့်မည် မဟုတ်ဟု ဖွဲ့စည်ပုံပြင်ဆင်နိုင်ရေး အကောင် အထည်ဖော်မှုကော်မတီ အတွင်းရေးမှူး ဦးအေးမောက်က ဖေဖော်ဝါရီ ၁၉ရက်တွင် မဇ္ဈိမကို ပြောသည်။

ဖွဲ့စည်းပုံ လေ့လာသုံးသပ်ရေးကော်မတီ၏ အစီရင်ခံစာမှတ်ချက်အတွင်း ထည့်သွင်းဖော်ပြခဲ့သည့် အဆို ပါ အကြံပြုချက်များကြောင့် ဖွဲ့စည်းပုံပြင်ဆင်ရေးဆောင်ရွက်ရာတွင် မည်သို့သော အကျိုးသက်ရောက်မှု ရှိနိုင်ပါသနည်းဟု မေးမြန်းရာတွင် “ဒီအပေါ်မှာတော့ မှတ်တမ်းတင်တာပါ၊ တစ်သိန်းကျော် ထိခိုက်မှု မရှိ ပါဘူး၊ ဘာမှ ဖြစ်စရာမရှိဘူး”” ဟု ၎င်းက ဆိုသည်။

လူပေါင်း တစ်သိန်းခြောက်ထောင်ကျော် လက်မှတ်ရေးထိုးထား၍ သမ္မတ အရည်အချင်းသတ်မှတ်ချက်၊ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆိုင်ရာနှင့် တပ်မတော်အခန်း ကဏ္ဍဆိုင်ရာ ပြဋ္ဌာန်းချက်များမပြင်လိုဟု ဆိုထား သည့် အကြံပြုစာသည် တူညီသည့် လက်ရေးမူ များဖြင့် ရေးသားထားသည်ကို မြန်မာသံတော်ဆင့် ဂျာ နယ်၌ တွေ့ရသည်။

ယင်းကိုပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်းမှ တစ်ဆင့်ပေး ပို့ခဲ့ခြင်းဖြစ်သည်။ ဖွဲ့စည်း ပုံပြင်ဆင်ရေးပြည်ထောင်စု လွှတ်တော်၏ ပထမဆုံး ဆောင်ရွက်ချက်ဖြစ်သည့် ပြည်သူတို့၏ အကြံပြု ချက် တောင်းခံရာတွင် ပါဝင်လာခြင်းဖြစ်သည်။ ထိုအကြောင်းကို ယင်းအချိန်က တာဝန်ယူရသည့် ဖွဲ့ စည်းပုံ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီအတွင်း အစီရင်ခံစာတွင်ဖော်ပြရန် သင့် မသင့် သဘော ကွဲကြ၍ လုပ်ငန်းများ အဆုံးသတ်ရန် နှောင့်နှေးခဲ့ရသေးသည်။

ယခုထပ်မံဖွဲ့စည်းထားသည့် ဖွဲ့စည်းပုံပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီသည် တာဝန် ပြီးဆုံးခဲ့ပြီဖြစ်သောပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံလေ့လာ သုံးသပ်ရေးကော်မတီ၏ အစီရင်ခံစာ အပေါ် အခြေခံဆောင်ရွက်ရန် တာဝန်ရှိနေခြင်း လည်း ဖြစ်သည်။

ထို့ပြင် ၂ဝ၁၅ ခုနှစ်၊ ရွေးကောက်ပွဲ မတိုင်မီ ခြောက်လအလို နောက်ဆုံးထား၍ ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုင် ရာ ဥပဒေကြမ်းများကို လွှတ်တော်သို့ တင်သွင်းရန်လည်း တာဝန်ယူထားရသည်။ မလှိုင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးမောက် သည် ဖွဲ့စည်းပုံနှင့်သက်ဆိုင်သည့် လွှတ်တော် ကော်မတီနှစ်ခုစလုံးတွင် အတွင်းရေးမှူးအဖြစ် တာဝန်ယူခွင့်ရသူ ဖြစ်သည်။

No comments: