မင်းမင်း
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် လွှတ်တော်ကိုယ်စားလှယ် အများဆုံးပါဝင်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီကို ဖေဖော်ဝါရီလ ၃ရက်က ပြည်ထောင်စု လွှတ်တော်တွင် ဖွဲ့စည်းလိုက်သည်။
အခြေခံဥပဒေပြင်ဆင်ရေးအတွက် အကောင်အထည်ဖော်ရန် ကော်မတီတစ်ရပ် ဖွဲ့စည်းကာ တာဝန်ပေးအပ်သည်ဟုပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွေမန်းက ပြည်ထောင်စုလွှတ်တော်တွင် ကြေငြာလိုက်ခြင်းဖြစ်သည်။
ယင်းကော်မတီကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက လွှတ်တော်ကိုယ်စားလှယ် ၁၄ ဦး၊ ဒု-ဗိုလ်မှူးကြီးနှင့် အထက်အဆင့် တပ်မတော်သား ကိုယ်စားလှယ် ၇ဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂ဦး အပါအဝင် စုစုပေါင်း ၃၁ဦးဖြင့် ဖွဲ့စည်းထားသည်။
ကော်မတီဥက္ကဋ္ဌအဖြစ် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ဒုတိယ ဥက္ကဋ္ဌအဖြစ် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြငြိမ်း၊ အတွင်းရေးမှူးအဖြစ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအေးမြင့် တို့က ဆောင်ရွက် မည်ဖြစ်သည်။
ကော်မတီ၏ တာဝန်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မည့် ဥပဒေကြမ်း ထွက်သည်အထိ ဖြစ်ပြီး အချိန်ကာလ သတ်မှတ်ထားခြင်းမရှိပေ။
No comments:
Post a Comment