Tuesday, February 18, 2014

တပ်မတော်သားကိုယ်စားလှယ် လျှော့ချရန် တောင်းဆို

ရွှေရည်ဝင်းထက်

၂၀၁၅ ရွေးကောက်ပွဲဖြင့် ပေါ်ပေါက်လာမည့် လွှတ်တော်အသီးသီးတွင် တပ်မတော်သား ကိုယ်စားလှယ် များ ပါဝင်နေမှုကို လျှော့ချသွားရန် ပါတီ ၁၁ ခုပါဝင်သည့် ဖက်ဒရယ်ဒီမိုကရေစီ မဟာမိတ်အဖွဲ့က ဖေ ဖော်ဝါရီ ၁၆ ရက်တွင် ကြေညာချက်ထုတ် တောင်းဆိုလိုက်သည်။

တာမွေမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအင်အားစုပါတီရုံးချုပ်တွင် ပြုလုပ်သော ဆွေးနွေးပွဲအပြီး တောင်း ဆိုချက် ငါးချက်ပါဝင်သည့် ကြေညာချက်ကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ဖက်ဒရယ်ဒီမိုကရေစီ မဟာမိတ်အဖွဲ့ဝင် ဒီမိုကရက်တစ်ပါတီ(မြန်မာ) ဥက္ကဋ္ဌဦးသုဝေက ၂၀၀၈ ဖွဲ့စည်း ပုံအခြေခံဥပဒေသည် တပ်မတော်ယန္တရား လည်ပတ်စေရန် ထည့်သွင်းခဲ့ခြင်းကြောင့် လွှတ်တော်တွင် တပ်မတော်သားအမတ်များ ပါဝင်နေကြရာ ယင်းတို့ကို လျှော့ချသင့်သည်ဟု ဆိုသည်။

“တိုင်းပြည်မှာ ဆန္ဒပြတာတွေ သပိတ်မှောက်တယ်။ ရုန်းရင်းဆန်ခတ်တွေရှိနိုင်တဲ့ အခြေအနေမျိုးတွေ ရှိ လာတဲ့အခါကျတော့ အဲဒီအပေါ်မှာအခြေခံပြီး တပ်မတော်ကထိန်းသင့်တယ်။ တပ်မတော်ပါဝင်ပြီး လွှတ် တော်ထဲမှာရှိသင့်တယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ထည့်တာ”ဟု ဆိုသည်။

ထုတ်ပြန်ချက်တွင် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ပေါ်ထွန်းလာရေးအတွက် ပုံသဏ္ဌာန်နှင့် အနှစ်သာရအရ ပီပြင်သော ပြည်ထောင်စု ဖြစ်ထွန်းပေါ်ပေါက်ရေး၊ ဒီမိုကရေစီလက္ခဏာအရ အမျိုးသားတန်းတူညီမျှရေး တို့ကို ရရှိနိုင်စေရန် အခြေခံဥပဒေကို ဒီမိုကရေစီစံနှုန်းနှင့်အညီ ပြင်ဆင်ပေးရန်လည်း ပါဝင်သည်။

ယင်းအပြင် အချုပ်အခြာအာဏာသုံးရပ်ကို ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသား ပြည်သူလူထုများအား လုံး အပြည့်အ၀ လွတ်လပ်စွာ ကျင့်သုံးပိုင်ခွင့်ရရှိလာစေရန်၊ မြေသိမ်းခံရခြင်း၊ ကျူးကျော်များ ဖယ်ရှား ခြင်းတို့ကို အမြန်ဆုံး ဖြေရှင်းပေးရန်နှင့် အစိုးရနှင့် ကေအိုင်အေ ပစ်ခတ်မှုများ ရပ်စဲပေးရန်တို့လည်း ကြေညာချက်တွင် တောင်းဆိုထားသည်။

No comments: