ABC
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ဂျာမနီနိုင်ငံ သမ္မတ Joachim Gauck ဟာ ဒီကနေ့မှာ နေပြည်တော်ကို သွားရောက်လည်ပတ်မှာဖြစ်ပြီးတော့ သမ္မတ ဦးသိန်းစိန်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ကို တွေ့ဆုံမယ်လို့ သိရပါတယ်။
ဂျာမနီနိုင်ငံ သမ္မတဟာ သူ့ရဲ့ သုံးရက်တာ အရှေ့တောင်အာရှခရီးစဉ်အတွင်း မြန်မာနိုင်ငံကို တနင်္ဂနွေနေ့တုန်းက ရောက်ရှိနေတာဖြစ်ပါတယ်။
မြန်မာနိုင်ငံကို ရောက်ရှိနေချိန်မှာပဲ ဂျာမန်သမ္မတနဲ့ သူ့ရဲ့ ဇနီးသည် Daniela Schadt တို့ဟာ ရန်ကုန်မြို့က ရွှေတိဂုံဘုရားကိုလည်း သွားရောက်လည်ပတ်ခဲ့ပါတယ်။
ဂျာမန် သမ္မတဟာ မြန်မာနိုင်ငံကနေ ပြန်လည်မထွက်ခွာခင် အင်္ဂါနေ့မှာတော့ ရန်ကုန်တက္ကသိုလ်မှာ မိန့်ခွန်းပြောကြား ဖို့ရှိတယ်လို့လည်း သိရပါတယ်။
ဂျာမန်သမ္မတ အနေနဲ့ မြန်မာနိုင်ငံကို မလာရောက်ခင် အိန္ဒိယနိုင်ငံကိုလည်း ခြောက်ရက်ကြာ လည်ပတ်ခဲ့ ပါတယ်။

No comments:
Post a Comment